Monday 29 April 2013

ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေကျင်းတူးရာမှ ငွေဒင်္ဂါးပြားများတွေ့ရှိ

၂၆-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ၊ ကျောက် ရဲ ကျေးရွာ အောင်ဇေတ၀န်ထန်းတောကျောင်းတိုက်၌ ကျောင်းဆောင်သစ်ဆောက် လုပ်ရန် ကျောင်း ထိုင် ဆရာတော်ဦးစီး၍ ရွာသား(၉)ဦးဖြင့် ကျောင်းဆောင်ဟောင်း၏(၂၅)ပေခန့်အကွာတွင် မြေကျင်း တူးရာ (၉)လက်မခန့်အရောက်တွင် ၁၈၆၂ ခုနှစ်မှ ၁၉၀၁ ခုနှစ်အတွင်းရှိ ငွေဒင်္ဂါးပြား ၂၀၆ ပြား ကို မြေ အိုးဖြင့်ထည့်လျက် တူးဖော်တွေ့ရှိခဲ့သည်။

အဆိုပါကျောင်းတိုက်သို့ ၂၇-၄-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ချောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး ခဲ့ပြီး ရှေးဟောင်းသုတေသနသို့ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း၊ သက္ကရာဇ် ၁၂၁၄ ခုနှစ် ဒေါင်း ဒင်္ဂါးပြား(၁)ပြားကို ကျောင်းထိုင်ဆရာတော်မှ ရှေးဟောင်းသုတေသနဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျန်ငွေဒင်္ဂါးပြား(၂၀၅)ပြားအား ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment