Friday 5 April 2013

ယုံကြည်မြတ်နိုး ၉၆၉ ဂယက်


ရန်ကုန်မြို့  အလုံလမ်းမရှိ နိုက်ကလပ်တစ်ခုအရှေ့ ၌ ၉၆၉ အမှတ် တံဆိပ်ပါ တက္ကစီကားတစ်စီး ရပ်တန့်လာပြီး   ဒေါက်ဖိနပ် စီးထားသော စကပ်တိုတိုနှင့် မိန်းမပျိုတစ်ဦးမှာ ထိုကားထဲမှ ဆင်းလာ သည်။
 သူမမှာ ၄င်းကလပ်တွင် ကိုယ်ခန္ဓာရင်း၍ စီးပွားရှာနေသော ဝေေ၀ ဟုခေါ် သည့် ညဥ့်ငှက်မလေး တစ်ဦးဖြစ်ပြီး မိသားစုတာဝန်အား တစ်ဦး တည်းထမ်းဆောင်နေရသူလည်း ဖြစ်သည်။ 
 
ယောက်ျားနဲ့ကွဲသွားပြီး ကတည်းက ဒီလောကထဲကိုရောက်တာ (၃)နှစ်ရှိပြီ။ ကလေးသုံးယောက်နဲ့ အိမ်စရိတ် အတွက် တစ်ညအလုပ်မဖြစ်ရင် အဆင်မပြေဘူး ” ဟု အသက်(၃၀)၀န်းကျင်အရွယ်ရှိ မဝေေ၀ က ပြောသည်။
 
လွန်ခဲ့သော နှစ်ပတ်ခန့်က စ၍ ယုံကြည်ချက်ဖြင့်  ၉၆၉ အမှတ် တံဆိပ်ပါ တက္ကစီယာဉ်များကိုသာ စီးကြောင်း မဝေေ၀က ဆိုသည်။ 
 
ဘာလို့အဲ့ဒီတံဆိပ်ပါတဲ့ကားကို စီးရတာလည်းဆိုတော့ ကိုယ့်လူမျိုးဆိုတော့ ပိုလုံခြုံမယ် ထင်လို့ပါ။ ဗုဒ္ဓ ဘာသာဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ပါတာပေါ့ ” ဟု မဝေေ၀က ဆိုသည်။   
 
အဆိုပါ ၉၆၉ အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ ဂုဏ်တော် (၉)ပါးတို့ စုပေါင်းထားသည့်အတွက် ထိုအမှတ်တံဆိပ်ကို ဆောင်ထားပါက ဘေး အန္တရာယ်ကင်းခြင်း၊ လာဘ် လာဘပေါများခြင်း အစရှိသည့် ကောင်းကျိုးတရားများ ဖြစ်ပေါ်စေနိုင် သည်ဟု ၄င်းအမှတ်တံဆိပ်ဆောင်ထား သူ မဝေေ၀၏ မိတ်ဆွေတက္ကစီသမားက ဆိုသည်။  
 
ကျွှန်တော် ကားမှာ ၉၆၉ အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ သိပြီး လူတွေများများ တင် ရအောင်လို့ပါ။ ဒါပေမဲ့  မွတ်စလင်တွေ ငှားတာ၊ မွတ်စလင်တွေ စုပြီးနေတဲ့  နေရာတွေတော့  မသွားရဲ ဘူးပာု ပြောသည်။
 
၉၆၉ အမှတ်တံဆိပ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အခြေခံလူတန်းစားအများစုမှာ မိမိတို့၏နေအိမ်များ၊ ကားများ၊ ဆိုင်ကယ်များနှင့်ဈေးဆိုင်များ၌လည်း ၄င်းအမှတ်တံဆိပ်ကို ကပ်ထားခြင်း ၊ ဆောင်ထားခြင်းများ ပြုလုပ်မှုများ ရှိလာကြောင်းကိုလည်း သိရသည်။   
 
လမ်းထဲကလူတွေ အိမ်ရှေ့တံခါးတွေမှာ ကပ်ထားတာတွေ့လို့ မေးကြည့်လိုက်တယ်။ အဲ့ဒီ တံဆိပ်ကပ်ထားရင်   ဘေးအန္တရာယ် ကင်းတယ်၊ ဈေးရောင်း ကောင်းတယ်။ လာဘ်ရွှင်တယ်။ ဗုဒ္ဓဘာသာ အိမ်မှန်းသိသာတယ်ဆိုလို့ ကပ်ထားတာ။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ကပ်ထားတာပါ။ မြောက် ဥက္ကလာပ မြို့ နယ်နေ ပန်းရောင်းသူ မခင်မေက ပြောသည်။
 
ထို့အပြင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော အုတ်ဖို၊ မင်းလှ၊ မိတ္တီလာ စသည့်မြို့များအပြင် အခြားမြို့အသီးသီး၌ လည်း  ဗုဒ္ဓဘာသာအိမ်အဖြစ် သိသာစေရန်အတွက် ၉၆၉ အမှတ်တံဆိပ်အား ဗုဒ္ဓဘာသာဝင် အများအပြား ကိုင်ဆောင်ထားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။ 
 
မိထ္ထီလာအပါအ၀င် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ဒေသများတွင် ပဋိပက္ခ မဖြစ်ပွားမီ အချိန်နှင့်ဖြစ်ပွား ချိန်များ ၌ ၉၆၉ တံဆိပ်များ ၊တရားခွေများကို လိုက်လံဖြန့်ချီမှုများရှိခဲ့သည်ပာု အဆိုပါမြို့များမှ ဒေသခံတို့ က ဆိုသည်။
 
အဓိကရုဏ်းတွေ စဖြစ်တဲ့နေ့မှာပဲ ၉၆၉ တံဆိပ်တွေ တရားခွေတွေ လူစည်ကားတဲ့နေရာမှာ လိုက်ဖြန့်တာတွေ ရှိပါတယ်။ မြို့လည်ခေါင်က ဆိုင်ကြီးတွေမှာ အဲ့ဒီတံဆိပ်တွေ ကပ်ထားတယ် ဟု အုတ်ဖိုမြို့နယ်မှ ကိုကျော်ဇေယျက ပြောသည်။
 
၎င်းအမှတ်တံဆိပ်မှာ ၁၉၉၈ ခုနှစ်က သာဿနာပြန့်ပွားရေးဌာနမှ ညွှန်ကြားရေးမှုးချုပ်အဖြစ် တာဝန်ထမ်း   ဆောင်ခဲ့သူ နှစ်ဖက်လှ ဦးကျော်လွှင်က  ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သာသနာ့အသိုင်းအ၀ိုင်းနှင့် အင်တာနက် စာမျက်နှာများ၌ ဖော်ပြထားသည်။  
 
၉၆၉ ကို မြန်မာနိုင်ငံ၌ အခြေတည်ခြင်းမှာ ဆယ်စုနှစ်နှစ်ခုနီးပါးရှိပြီ ဖြစ်ကြောင်း ပြောစကားများအရ သိရ သော်လည်း   တွေရှိထားသော သတင်းအချက်အလက်များအရ ယခုနောက်ပိုင်းတွင် အတိအလင်း ထွက်ပေါ် လာချိန်မှာ  ၂၀၁၂  ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် ဂဏ၀ါစကသံဃကွန်ရက်မှ  စတင် ထုတ်လုပ်ခဲ့ ခြင်းဖြစ်သည်ဟု ၉၆၉ ကွန်ရက်က ဆိုသည်။
 
မြန်မာနိုင်ငံတွင် ဆင်းရဲမှုပြဿနာသည် ထိပ်သီးအခြေခံ ပြဿနာတစ်ခုအဖြစ် နှစ်စဉ် နှစ်တိုင်း ပြည်သူများ ကြုံတွေ့ လျက်ရှိပြီး  ပြည်သူများအကြား၌ ဗုဒ္ဓဘာသာဦးရေမှာ အများဆုံးဖြစ်ကာ လူတန်းစားအလွှာ အစုံ၌ တည်ရှိနေခြင်းဖြစ်သည်။
 
၉၆၉ သည် ယခုရက်သတ္တပတ်များအတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဒေသများနှင့် ပတ်သက် ဆက်နွယ်နိုင် ကြောင်း သတင်းမီဒီယာအချို့ ၌လည်း ဖော်ပြခဲ့ကြပြီး အစ္စလာမ်ဘာသာဝင် အချို့ကလည်း ထင်မြင်ပြောဆို နေကြသည်။
 
၉၆၉လှုပ်ရှားမှုများကြောင့် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်အကျိုး သက်ရောက်မှုမရှိသော်လည်း နယ်မြို့များ၌ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု အစ္စလာမ် ဘာဘာသာဝင်အချို့က ဆိုသည်။     
 
အဆိုပါအမှတ်တံဆိပ်များကို စီးပွာရေးအရ အသုံးပြုမှုများရှိခြင်းကြောင့်  အခြားဘာသာဝင်တို့၏ စီပွားရေးမှာ ထိခိုက်မှုများ ရှိလာကြောင်း မော်လမြိုင်မြို့မှ အစ္စလာမ်ဘာသာဝင် ဦးကျော်စိုးက ပြောသည်။
 
ဗမာစိုက်တဲ့ဆန် ကုလား စားတယ် ကုလားထုတ်တဲ့ရေ ဗမာ သောက်တယ်။ ဒီလိုမှ မစားသောက်ရင် သတ္တ၀ါတွေ   သေကြေပျက်စီးကုန်ကြမှာပေါ့ ဟု အစ္စလာမ်ဘာသာဝင်စီးပွားရေးလုပ်ငန်းရှင် ဦးရွှေကြည် က ဆိုသည်။   
 
ဒုတိယကမ္ဘာစစ် မတိုင်မီ အချိန်က မြန်မာနိုင်ငံ၌  မော်လ၀ီဆရာတစ်ဦး ၏ စာအုပ်တစ်အုပ်ကြောင့်  ဘာသာရေး အဓိကရုဏ်း တစ်ခုအပါအ၀င် ကိုလိုနီခေတ်တွင် ဘာသာရေး အဓိကရုဏ်း(၃)ခု ဖြစ်ပွားမှုရှိခဲ့ ကြောင်း   မြန်မာ့သမိုင်းသုတေသီ  ဆရာတစ်ဦးက ဆိုသည်။  
 
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉-၅၀ ၀န်းကျင်တွင် ဘူးသီးတောင်-မောင်တော၌လည်းကောင်း၊ ၁၉၈၂ခုနှစ်တွင် မော်လမြိုင်-ကျူံဒိုး ၌လည်းကောင်း၊ ၁၉၈၈ ခုနှစ်မတိုင်ခင် တောင်ကြီးနှင့် ပြည်မြို့တို့၌ လည်းကောင်း ဘာသာရေးနှင့်ဆက်နွယ်သော ဒေသတွင်းအဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။
 
၉၆၉သည် အခြားဘာသာ အမှတ်တံဆိပ်များကို တုပသည့်အနေဖြင့်  ထုတ်ဝေခြင်းဖြစ်ပြီး ၇၈၆ လမ်းစဉ် အတိုင်းသာ သွားနေခြင်းဖြစ်ကြောင်း နေ့ စဉ်ထုတ်သတင်းစာတစ်စောင်သို့ ဆရာတော် ဦးဝီရသူက မိန့်ကြား ထားသည်။
 
ယခုဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် ၉၆၉ကြောင့် မဟုတ်ကြောင်း ၊၉၆၉ကြောင့် အဓိကရုဏ်းဖြစ်ပွား သည် ဟု အထောက်အထားပြနိုင်ပါက ၉၆၉ လှုပ်ရှားမှုအားရပ်တန့်ပေးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက နေ့စဉ် ထုတ် အဆိုပါပုဂ္ဂလိကသတင်းစာ၌ မိန့်ကြားခဲ့သည်။
 
ဂဏ၀ါစကသံဃကွန်ရက်မှ ၉၆၉ အမှတ်တံဆိပ် ထုတ်ဝေခဲ့ ခြင်းမှာ အခြားဘာသာများအား တိုက်ခိုက်ချင် သော ရည်ရွယ်ချက် မရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်များ စည်းကမ်းရှိစွာ ဘာသာရေးထွန်းကားလာစေရန် ဖြစ်ကြောင်း အရှင်ဝိမလာဘိဝံသ (ဟိစာဓရဆရာတော်၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်မြို့) က မိန့်ကြားသည်။
 
ဒီ ၉၆၉ ကိုထုတ်ရတာက အခြား ရည်ရွယ်ချက် မရှိပါဘူး။ အခုက မျှော်မှန်းထားတာထက်ကို ပိုပြီး အောင်မြင် လာတယ်။ ဒီတော့ အသုံးချချင်တဲ့သူတွေ ပေါ်လာတယ်။ ၉၆၉ ရဲ့နာမည်ကို အသုံးချပြီး စီးပွားရေး လုပ်နေ တဲ့ သူတွေလည်း တွေ့နေရတယ် အရှင်ဝိမလာဘိဝံသက မိန့်သည်။
 
အဆိုပါ ကွန်ရက်အနေဖြင့်  ထိုသို့  ၉၆၉ တံဆိပ်တော်အား နည်းလမ်းအမျိုးမျိုးဖြင့်  အသုံးချနေခြင်းအား လက်မခံကြောင်းနှင့် ၉၆၉ နာမည်သုံး၍ ကိုယ်ကျိုးစီးပွားရှာနေသူများအား အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း  အဆိုပါကွန်ရက်က ဆိုသည်။
 
နိုင်ငံတော်သမ္မတ၏ မတ်လ (၂၉) ရက်နေ့က ပြောကြားခဲ့သော မိန့် ခွန်းအပြီးတွင် ရန်ကုန်တိုင်းဝန်ကြီး ချုပ်အနေဖြင့်  ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရန် ကြိုးပမ်းမှုအား အရေးယူသွားမည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်ထံက သိရသည်။
 
ဒီ အဓိကရုဏ်းကြောင့် အလုပ်ရှင်တွေက အစ အလုပ်သမားတွေအဆုံး စီးပွားရေးကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။ပာု ဦးသိန်းကျော်အောင်က ပြောသည်။
 
အထက်ပါလှုပ်ရှားမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိ ရှိလာမည်ကို စောင့် ကြည့်ရမည်ဖြစ်ကြောင်း လသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က သုံးသပ်သည်။
 
အဓိကရုဏ်းများနှင့် ၉၆၉ လှုပ်ရှားမှုသည် အားကောင်းလာသည့် အတွက် ညဥ့်ငှက်တစ်ဦးအနေဖြင့်   အန္တရာယ်ကို ကြောက်ရွှံသော်လည်း လုပ်ငန်းခွင်၌ ဘာသာစုံလူမျိုးစုံကို ကြည်နှုး ပာန်ဆောင်ကာ ဆက်ဆံနေရကြောင်း မဝေေ၀က ဆိုသည်။
 
 “ဘယ်လောက်ဘဲ ယုံကြည်မှုတွေ ရှိနေပေမဲ့  ည အလုပ်လုပ်ရင်တော့  လူမည်းကိုလည်း အဖော်ပြုရတယ်။ လူဖြူကိုလဲ အဖော်ပြု ရတယ်။ဒါမှမပာုတ်ရင် မနက်ဖြန် အိမ်စရိတ်အတွက် အခက်အခဲရှိတယ်ပာု ၎င်း၏ ဘ၀ အခက်အခဲကို ဝေေ၀က ပြောကြားသည်။   
ပဋိပက္ခသင်တန်းသား အဖွဲ့အမှတ်(၁)
by Myit Makha Mediagroup on 5 Apr, 2013

3 comments:

  1. အမှန်တော့ ၉၆၉ ဆိုတာ ကိုယ့်ကိုဗုဒ္ဓဘာသာမှန်းသိအောင် ဖော်ပြတဲ့အဓိပါယ်ပါပဲ အခြားဘာသဘောတရားမှမပါပါဘူး ... အခြားဘာသာခြားတွေ သူတို့ဘာသာကို ဂဏန်းသင်္ကေတနဲ့ဖော်ပြသလို ကိုယ်တွေကလဲ ကိုယ်အမြတ်တနိုးထားရာ ဂဏန်းသင်္ကေတတွေနဲ့ဖော်ပြခြင်းပါ .. ရိုးရိုးလေးပါပဲ... ဘာလှုပ်ရှားမှုမှမဟုတ်သလို ဘာတိုက်ခိုက်မှုမှလဲ မဟုတ်ပါဘူး..

    ReplyDelete
  2. This is Buddhist country 969 or whatever we want to use, we can use. You all don't like it , you all go back to Bangla. Fuck out... 786

    ReplyDelete
  3. ( ၉ ၆ ၉ ) အား လုံး ၀ ထောက် ခံ ပါ သည်

    ReplyDelete