မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်
တပ်ဆင်မယ့် ရည်ရွယ်ချက်တွေကို တားမြစ် ဖျောင်းဖျ ရအောင် မြောက်ကိုရီးယားရဲ့
မဟာမိတ် တရုတ်ကို အကူအညီတောင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်
ကယ်ရီက ပြင်ဆင်နေပါတယ်။
ဒီနေ့ စနေနေ့မှာ
ဘေဂျင်းကို ရောက်ရှိတော့မယ့် မစ္စတာ ကယ်ရီ က မနေ့က တောင်ကိုရီး ယားမှာ
ပြောကြားရာမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ရပ်တန့်သွားအောင်
ထိရောက်တဲ့ မူဝါဒတွေကို ချမှတ် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယား ဟာ နျူကလီးယား အင်အားကြီး နိုင်ငံ
ဖြစ်သွားမှာကို လက်မခံနိုင်ပါဘူး ၊ လူအများ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြတဲ့
ဒုံးကျည် ပစ်လွှတ်မယ့် ကိစ0×081စကလည်း အန္တရာယ် အတိ ဒုက္ခရောက်စေလိမ့်မယ်လို့
သူက ပြောပါတယ်။ရုရှားကလည်း ဒီကိစ္စမှာ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အတွင်းမှာ တင်းမာမှု တိုးလာစေမယ့် အခြေအနေ မှန်သမျှကို မြောက်ကိုရီးယား အနေနဲ့ ရှောင်ရှားဖို့ အပြင်းအထန် တိုက်တွန်းနေပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
No comments:
Post a Comment