Saturday 13 April 2013

နေပြည်တော် ဟိုတယ်ဇုန် ရေကစား မဏ္ဍပ်များ အကြိုနေ့ မြင်ကွင်းများ

Photo
သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ရေကစားမဏ္ဍပ်များအား နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်လှစ်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် နေပြည်တော် ကောင်စီဝင် ဦးကံချွန်တို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲတွင် ရေပက်ခံထွက်သည့် သူအများစုမှာ ရွှေသံလွင်မဏ္ဍပ်တွင်ရှေ့တွင်သာ အများဆုံး လာရောက်ကြည့်ရှု ကစားခဲ့ကြောင်း သိရသည်။ နေပြည်တော် ဟိုတယ်ဇုန်တွင် ရေကစားမဏ္ဍပ်များမှာ ရွှေသံလွင်၊ ရိုင်ရယ်ကုမုဒြာ၊ ဒက္ခိဏသီရိဟိုတယ်၊ ဇုန်စုပေါင်းရေကစားမဏ္ဍပ် (၁,၂)၊ တီဇက်တီအမ်မဏ္ဍပ်များတွင် ဖွင့်ပွဲများ ကျင်းပခဲ့ပြီး နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်မှာ သင်္ကြန်အကြိုနေ့ ညနေပိုင်း
၅ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုတော်များ၏ ဖျော်ဖြေခြင်း၊ ယိမ်းအကများဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment