Monday 25 March 2013

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူဆိုသည်ကို ဖော်ထုတ်လိုက်ပြီ


Photo: မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။(ဓါတ်ပုံအချို့ကိုချန်လှပ်ထားပါသည်။)

အိုင်တီပညာရှင်များ ပါဝင်သောအထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများလှုံ့ဆော်ဆောင် ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်း ရှာဖွေလျက်ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....
ဂိတ်ဝေးတွင်စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော်လျက်ရှိသည့်အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

၎င်းအပြင် Myanmar World Distribution မှ ခင်အေးဝင်း၊ ခင်စန်းဝင်း ညီအစ်မ(၂)ယောက် သည်လည်း မေဇင်အေးနှင့်အတူချိတ်ဆက်ကာ လူပေါင်းများစွာ အသုံးပြုနေသယောင်လှုံ့ဆော်နေကြောင်း ၊ ၄င်းနှင့်အတူ အပါတ်စဉ်(၄၈)မှ အရာရှိငယ်တစ်ဦးအား ဖျားယောင်းသွေးဆောင် ကာ ဒီမိုကရေစီ အမည်ခံ ထားသော ခင်ကလျာစိုးသည်လည်း အွန်လိုင်းတွင်တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်လာစေရန် အကောင့်အမည်အမျိုးမျိုးဖြင့် သွေးထိုးပေးလျက်ရှိကြောင်း သိရှိရသည်..

မေဇင်အေးသည် အစိုးရနှင့် NLD အကြား၊ တပ်မတော်နှင့် တိုင်းရင်းသားများအကြား၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်များအကြား၊ ပြည်တွင်းနေနှင့် ပြည်ပရောက်များအကြား ပြဿနာများမဖြစ် ဖြစ်လာအောင် အမျိုးမျိုးလှုံ့ဆော်လျက်ရှိကြောင်း၊ ထိုသို့ လှုံ့ဆော်ရာတွင် NLD ၏ အွန်လိုင်းပြန်ကြားရေးတာဝန်ခံ    တစ်ဦးသဖွယ် ပြုမူ ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွက်လွန်စွာကြီးမားလှသော ပဋိပက္ခများကို ဖန်တီးနေခြင်း ဖြစ်သည်...

"ဒီမိုဖက်တီးတို့ ခွန်ဒီးယမ်တို့ဆိုတာဘယ်သူဖြစ်တယ်ဆိုတာကို အွန်လိုင်းသုံးနေတဲ့သူတွေ အကုန်သိ တယ်....ဒီလိုမျိုးတိုင်းပြည်မတည်ငြိမ်အောင် လုပ်ဆောင်နေတဲ့ အွန်လိုင်းအဖျက်သမားတွေကို နိုင်ငံတော် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာတွေ လုပ်ဖို့ကောင်းပြီလို့ ကျွန်တော်တို့ကတော့ မြင်တယ်"ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ အမှုဆောင် တစ်ဦးက ပြောသည်..

ကျနော်တို့ဆီမှာ လော့အလိုက် စကင်ဖတ်ထားတာတွေရှိတယ်....ဒီဟာတွေအရ မေဇင်အေးဆိုတဲ့ အမျိုးသမီး ခလောက်ဆန်နေတာတွေကို ဖော်ထုတ်လို့ ရတယ်...ဘယ်လိုဥပဒေနဲ့ အရေးယူမလဲ ဆိုတာ ကိုပဲ မေးခွန်းထုတ်ရတော့မယ် ဟူ၍လည်း ၄င်းက ဆိုသည်...

ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ Freedom News Group စသည်တို့မှာ ပြောင်ပြောင်တင်းတင်းပင် တိုင်းပြည် ပျက်စီးအောင် ဖန်တီးဆောင်ရွက်နေကြသူများ ဖြစ်ပြီး ယင်းတို့၏ ဆောင်ရွက်ချက်များကို မကျေနပ်နိုင် သည့် လူငယ်များက ယင်းတို့အား ပြန်လည်တုံ့ပြန်သော facebook များ ထူထောင် လာကြခြင်း ဖြစ်ကြောင်း သိရှိရသည်....

သတင်းထောက်တစ်ဦးကလည်း "အခု ဖြစ်နေတာက ဘာဖြစ်လို့ ဘာဖြစ်မှန်းကို မသိတော့ဘူး ...ကောလ ဟာလတွေကလဲ အမျိုးမျိုး ထွက်နေတာ...မြန်မာနိုင်ငံမှာ facebook အသုံးမပြုနိုင်အောင် ပိတ်ပစ်တာက အကောင်းဆုံး ဖြစ်မယ်လို့တောင် ကျနော်တို့ ထင်မိတယ်" ဟု ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြော ကြားသည်...

မေဇင်အေးဆိုတာ လေဒီးဂျာနယ်လုပ်နေတာ...သူ့ဟာသူ မှန်လား မမှန်လား မသိ..ထည့်ချင်ရာ ထည့်နေ တာ...ကျင့်ဝတ်ဆိုတာလဲနကန်းမှ နားလည်တဲ့သူမဟုတ်ဘူး....ငွေကြေးအထောက်အပံ့တွေ ရလို့ ဂျာနယ်ထုတ်တာက ကိစ္စမရှိဘူး...ကြားထဲကကျင့်ဝတ်နဲ့ညီတဲ့ သတင်းဂျာနယ်တွေပါ ရောပြီး နာမည် ပျက်ရတယ်...အခုဟာက စာပေစိစစ်ရေး ထားတာကတောင် ကောင်းမယ် ဆိုတဲ့ သဘော မျိုးတွေ ပြော လာပြီ။ ဒါက မေဇင်အေးတို့လို ကျင့်ဝတ်နားမလည်. ..အလကားရတဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ မဟုတ် မမှန်သတင်းတွေ ဖြန့်ဖို့လုပ်နေတဲ့သူတွေကြောင့် စာနယ်ဇင်းလောက တစ်ခုလုံးသိက္ခာကျ ရတယ်.... ဒါ့ကြောင့် စာနယ်ဇင်း ကောင်စီအနေနဲ့ ဒီလို ကျင့်ဝတ်နဲ့ မညီတာတွေကို အရေးယူတာမျိုးတွေ ...ပြန်ကြားရေးဝန်ကြီးဌာနက ဦးရဲထွဋ်တို့အနေနဲ့ ဒီလိုမျိုး စော်ကားနေတာတွေကို ထိထိရောက်ရောက် ဒဏ်ခတ်ဖို့အချိန်တန်ပြီ လို့ပဲ ပြောချင်တယ်...ဟု အပတ်စဉ်ထုတ် သတင်း ဂျာနယ် တစ်ခုမှ တာဝန်ခံ အယ်ဒီတာတစ်ဦးက ပြောသည်။

From...ပလေတိုဒီမို

1 comment:

  1. I don't think so.Not becouse of them. That is very simple Muslim beaten to Myanmar peopleat at thair Gold shop. That is very simple.
    Myanmar people beaten to Saudi people in Saudi. do you know what can happen? They will cut your head. You can try in Saudi.
    Fucking you all no brain anyhow talk. Fuck...

    ReplyDelete