Tuesday 15 January 2013

KIA အဖွဲ့က မိုင်းထောင်၊ ဖမ်းဆီး၊ ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိ

ဇန်နဝါရီ ၁ဝ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆွမ်ပရာဘွမ် မြို့နယ်ရှိ ဇနန်တံတား အနီး မိုင်းနင်း မိ ပေါက် ကွဲ ခဲ့ရာ ဆိုင်ကယ် မောင်းနှင်သူ ပူတာအို မြို့နယ် ဖန်ခိုင်(၁) ကျေးရွာနေ ဦးခင်မောင်ဆန်းမှာ ယင်းနေရာ ၌ ပင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်လိုက်ပါလာသူ မြစ်ကြီးနားမြို့နယ် နမ်ရှယ်ကော့ ကျေးရွာနေ ဦးမီးကော်ခင်မှာ ဘယ်ဘက်ပေါင်တွင် မိုင်းစထိမှန် ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့သဖြင့် ဆွမ်ပရာဘွမ် ပြည် သူ့ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က KIA အဖွဲ့မှ အင်အား ၃ဝ ဦးခန့်သည် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာသို့ လက်နက်ကိုယ်စီဖြင့် ဝင်ရောက်လာကြပြီး ရွာသူ၊ရွာသား ၃ဝ ဦးခန့်အား ၎င်းရွာ၏ အရှေ့ မြောက်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၃ ရက် နံနက် ၅ နာရီခန့်မှစ၍ ဖားကန့်မြို့နယ် ကထယန် ကျေးရွာအနီး တောင် ကုန်းတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား KIA အဖွဲ့ကပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကထယန် ကျေးရွာနေ မောင်ကရိန် နောနော်မှာ ဝဲဘက်ပေါင်နှင့် ယာလက်မောင်းတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဖားကန့်မြို့နယ် ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်က မိုးမောက်မြို့နယ် မြို့သစ် ကျေးရွာနေ ဦးပရန်တန် (ခ)လရှိန်သည် ၎င်းရွာနှင့် ငါးမိုင်ခန့်အကွာရှိစပါးလင်ခြံ၌ အလုပ်လုပ် နေစဉ် KIA အဖွဲ့၏ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ကြောင်းနှင့် ၎င်း၏ သားဖြစ်သူနှင့် ကျန်တောင်သူ တစ်ဦးတို့မှာမူ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရထံမှ သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment