Crab Louse လို့ခေါ်တဲ့ သန်းဂဏန်းက သန်းတစ်မျိုးပါပဲ။ အများ အားဖြင့် ဆံပင်မှာအနေများ၊ အပေါက်များပါတယ်။ အရွယ်အစားက ၁.၃ ကနေ ၂ မီလီမီတာဆိုတော့ တကယ့် သေးသေးလေး မှ သေးသေးလေးပါပဲ။သို့ပေမယ့် မှန်ဘီလူးနဲ့သေချာ ချိန် ကြည့်တော့ တော်တော်လေး ကြောက်စရာကောင်းတဲ့ပုံစံကို ယခုလို ပိုင်ဆိုင်ထားပါတယ်။ ဆံပင်မှာ အနေများပေမယ့် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ လည်းနေ ထိုင်တတ်ပါတယ်။ ဥပမာ - မျက်ခုံးမွေးတွေပေါ်မှာလည်း ရှိတတ်၊ နေထိုင်တတ်ပါတယ်။ အတွင်းခံထဲမှာ လည်းနေထိုင်တတ်တဲ့ အင်း ဆက်ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ အသက်က ရက် ၃၀ ထက်မပိုပါဘူး။ သို့ပေမယ့် နေထိုင်တဲ့ တစ်လျှောက်ကတော့ လူကို တော်တော်လေး ဒုက္ခပေးပါတယ်။ ခေါင်းကိုလည်းယားယံစေသလို၊ သူနေထိုင်တဲ့ နေရာတွေ မှန် သမျှမှာ ယားယံပါတယ်။ ဒါကြောင့် အနီရောင်အဖု၊ ဓာတ်မတည့်တဲ့ အဖုတွေလည်း ထစေပါတယ်။ ကုပ်ပါ များရင် အရည်ခွံလှံပြီး သွေးရည်ကြည်၊ သွေးရည်နီ ထွက်တဲ့ အထိတောင် ဒုက္ခပေးတတ်ပါတယ်။
ဒါကြောင့် ဆံပင်၊ချိုင်းတို့လို့ အမွေးအမျှပေါက်တဲ့နေရာနဲ့ အခြားသော ခန္ဓာ ကိုယ်အစိတ်ပိုင်းများကိုလည်း သန်ရှင်းအောင်ထားမှ Crab louse မှ မကပ်နိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ကတည်းက သက်ရှိသတ္တဝါတော်တော်များများမှာ ဆွဲကပ်နေထိုင်လာတဲ့ အင်းဆက် တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။
ရိုးရာလေး ဗဟုသုတ
No comments:
Post a Comment