Sunday 10 June 2012

မောင်းတောသို့ တပ်မတော်မှ အင်အားဖြည့်တင်းလျက်ရှိပြီး အခြေအနေများအားဆက်လက်ထိန်းသိမ်း

 မောင်းတောမြို့အတွင်းသို့ တပ်မတော်မှ အင်းအာဖြည့်တင်းမှုများ ရောက်ရှိနေပြီး ဆက်လက်၍ မောင်းတောဘက်က ကျေးရွာတွေဆီကို နောက်ထပ်စစ်ကြောင်းတွေ ထပ်မံချီတတ်ကာရောက်ရှိ ရွားသားများ ကူညီချင်း လုံခြုံတဲ့နေရာ ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။တပ်မတော်နဲ့ အတူနယ်ခံမျိုးချစ်ရခိုင်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။

 စစ်တွေတွင်မှု တပ်မတော်သား အင်းအားနည်းပါးမှုရှိနေပြီး မင်းဂံရပ်ကွက် အကွက် (၁) ကို ဘင်္ဂါလီလူမျိုးများ ယမန်နေ့ ၁၂နာရီခန့်တွင် ၀င်ရောက် မီး ရှို့ ဖျက်ဆီးမှုကြောင့် ဗလီတစ်ခု အပါအ၀င် အိမ်ခြေ ၄၀ကျော် ပျက်စီးသွားပြီး အဆိုပါ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများသည် ယနေ့မနက် ငါးနာရီခန့်တွင် ဝေသာလီ အားကစားကွင်း အနီးရှိ ရထားဘူတာမှ မြို့ ပတ်ရထားကို မီးရှို့ဖျက်စီးနေစဉ် ရဲတပ်ဖွဲ့ဝင်များ အချိန်မီတားဆီးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။စစ်တွေမြို့ လုံခြုံရေးအင်အားမှာ အားနည်းနေကြောင်း၊ တပ်မတော်သားနှစ်ဆယ် ၀န်းကျင်၊ ရဲတပ်ဖွဲ့ဝင် ၃၀၀ ၀န်း ကျင်သာရှိကြောင်း၊ ယင်းအင်အားနှင့် လက်ရှိဆူပူနေမှုကို ထိန်းသိမ်းတားဆီးရန် ခက်ခဲနေကြောင်း ရခိုင် တိုင်း ရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင် တစ်ဦးက ဆိုသည်။

 စစ်အင်ဂျင်နီယာတပ်များကလည်း ရခိုင်ပြည်သို့ တက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ ရခိုင်မျိုးချစ်များအားလည်း ပြည်သူစစ် အဖွဲ့များ ဖွဲ့ပေးလိုက်ပြီဖြစ်ပြီး အကုန်ပူပေါင်း ကာကွယ်နေကြကြောင်းသိရပါသည်။

 ယခုအခါ တပ်မတော်မှ ကြည်း ရေ လေ အင်ဂျင်နီယာ ဆေးတပ်ဖွဲ့ဝင်များ စုံလင်စွာ ရောက်ရှိလာနေပြီဖြစ်ကြောင်း တပ်မတော်ကြည်း မှလည်း တပ်ကုများ ဖြည့်တင်းနေပြီဖြစ်ကြောင်း သိရှိရပါတယ်။စစ်တပ်နဲ့ ရဲများ အင်အား တော်တော်များများ ရောက်လာပေမယ့် နယ်စပ်ကအကြမ်းဖက်သမားတွေ ထပ်ဝင်မလာအောင် နယ်စပ်တစ်ယောက် ချထားရခြင်း ၊ရွာတစ်ရွာချင်းဆီကို အင်အားခွဲလွတ်ရခြင်းကြောင့် အခုထိအင်အားကောင်းကောင်းမလုံလောက်သေးဟုသိရပါတယ်။ထပ်မံရ်ျ ဖြည့်တင်းရန် တပ်မတော်မှ လည်း အင်းတိုက်အားတိုက် ဆောင်ရွက်နေပြီး လက်ရှိစစ်ကြောင်းများ အင်းအားစုများ ဖြင့် နယ်မြေစိုးမိုးရေး တွက် ဖြန့်ခွဲနေရာယူလျက်ရှိကြောင်း သိရှိရပါသည်။တပ်မတော်ဘာလုပ်နေလဲဟု သတင်းများထွက်ပေါ်နေပြီ အစိုးရနဲ့ပြည်သူကြား ရန်တိုက်ပေးခြင်းများကို တွေ့ရှိနေရပါသည်။ သို့သော် ပြည်သူများမှ သက်ဆိုင်ရာအသိုင်းဝိုင်းလိုက် လုံးဝအယုံကြည်မရှိ တပ်မတော်အပေါ်သဘောထားကာ အွန်းလိုင်းမှလည်းကောင်း သက်ဆိုင်ရာမီဒီယာ စာမျက်နှာ များမှလည်း ကောင်း ရခိုင်အရေးတွေးပူလျက်တပ်မတော် ၏ အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက်စကားကို လက်ခံကာ ကိုယ်စီအသိစိတ်များဖြင့် ကာကွယ်ပြောဆိုနေ
ပြီး တပ်မတော်နှင့် ရခိုင်လူမျိုးများဘက်မှ မှန်ကန်စွာရပ်တည်နေကြပါသည်။လုံးဝလေးစားရပါ၏ ရခိုင်တိုင်းရင်သားများကိုယ်စား။

 တပ်မတော် စစ်ကြောင်းများသည်လည်း မိုးရေးများကြားအနားမနေ နယ်စပ်စည်းမျှဉ်းများ ထိ တဖြည်းဖြည်း အင်းအားတိုးချဲ့ ဖြန့် ခွဲ ယူလာပြီးဖြစ်သည်။မောင်တော ဘက်အခြေနေ တိုးတတ်ကောင်းမွန်သော် လည်း စစ်တွေဘက်တွင်မှု အခြေနေ အနည်းငယ်တင်းမာလျက်ရှိပါသည်။ ရခိုင်အမျိုးသမီးများကိုယ်တိုင်ဝါးချွန်ဖြင့်စောင့် နေပြီး ရခိုင်အမျိုးသားများကတော့ ဓါးများဖြင့်လည်းကောင် လုံခြုံရေးအဖွဲ့ များအား ကူညီခြင်း တပ်မတော်စစ်ကြောင်းများနှင့် အတူလိုက်ပါ ကယ်ဆယ်ခြင်း နယ်မြေစိုးမိုးခြင်းများပြုလုပ်လျက်ရှိပါသည်။သို့သော် မြို့ဘက်အုပ်ချုပ်ရေးတွင်တပ်မတော်မှ သိပ်ဝင်ရောက်ခြင်းမရှိဘဲ ကျေးရွာဘက်တွေ တွင်းလှုပ်ရှားနေခြင်းကိုပြည်သူများ ကိုယ့်အသိနဲ့ ကိုယ်နားလည်ပေးကြပါ။ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ရခိုင်တိုင်းရင်းသားများ ပူးပေါင်းပြီးကာကွယ်နေသည်ကို နောက်စည်းအတွက် စစ်သားတွေရှိနေသည်ကို သိရှိပါ။သွေးကွဲစေလိုသူများ မှ တပ်မတော်အာဏာသိမ်းချင် သယောင်ယောင် တပ်မတော်က အလုပ်မလုပ်ဘဲနေ သယောင်ယောင် သွေးခွဲမှုများ လုပ်ဆောင်နေပါသည်။သို့သော်စဉ်စားပြီယုံပါ ဒီလိုမိုးရေထဲ အပျင်ပြေမည်သူမှမသွားပါ။
 

ထို့ ပြင် ဦးကိုကိုကြီးကလည်း လုံးဝ ရိုးဟင်ဂျာကိုမထောက်ခံကြောင်း လိုအပ်ပါက တပ်မတော်နှင့် ပူပေါင်းမှာဖြစ်ကြောင်းရခိုင်အမျိုးသား အရေးမှာ ရဲရဲဝံဝံ လေးစားစွာ ၈၈ထဲမှာသူတစ်ယောက် ထွက်လာပါတယ်။ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း မျိုးချစ်မြန်မာ များမှရခိုင်ရေးတွက်ရိုးဟင်ဂျာကို မထောက်ခံကြောင်း ဆန္ဒပြချင်း များလုပ်ဆောင်ခဲ့ပြီးအမေရိကန်ပြည်ထောင်စုမှ သတင်းမီဒီယာများ ပြည်သူများမှလည်း ရိုးဟင်ဂျာအရေးလုံးဝ လက်မခံကြောင်း (ကျွန်တော်လည်း ကိုကိုကြီးလိုဘဲ ဗျ သူ့ကိုလေးစားတယ် ကျွန်တော်လည်းလုံးဝ လုံးဝမထောက်ခံပါဖူး နောက်ပြီး ဒီအတွက်လည်း တပ်မတော်ကို လုံးအပြည့်ဝယုံကြည်တယ်) အစရှိသည်ဖြင့် ပြောကြားခဲ့ပါတယ်။ထို့အပြင် မြန်မာနိုင်ငံမှာမဟုတ်ဘဲပြည်ပရောက် အွန်လိုင်းသုံးမြန်မာအများစု သည်ကိုယ်တတ်နိုင်တဲ့ ဘက်က ကူညီပေးနိုင်ရန်ပြင်ဆင်ပြီး သတင်းအမှားလွင့်သော် ဆိုဒ်များသို့ လက်တွဲညီညီ တိုက်ခိုက်ခဲ့ပြီး မြန်မာနိုင်ငံတော်အလံနှင့် သီးချင်တင်ပေးခဲ့သည်များကို တွေ့ရှိရပါသည်။ထို့ပြင် မြန်မာစီးပွားရေး မီဒီယာ ဂ၇ုများနှင့် ငွေကြေးတတ်နိုင်သူများ ပရဟိတအဖွဲ့များမှလည်း ရခိုင် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးများစုဆောင်း ကူညီမှုတွေလုပ်ဆောင်နေပါသည်။ခုလို ဘေးပြောတာကိုမယုံဘဲသွေးပြောတာကို ယုံတဲ့ မြန်မာများဘယ်တော့မှ တိုင်းတပါးလာလွမ်းမိုးလို့ မရဖူးအားလုံးကိုလေးစာပါတယ်ဗျာ။

 ယနေ့နံနက် ၁၁နာရီရရှိသည့် သတင်းများအရ စစ်တွေမြို့မင်းဂံရပ်ကွက်တွင် နေအိမ်များ မီးရှို့ရန်ကြိုးစားသည့် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေရကြောင်းနှင့် နှစ်ဘက်စလုံး အကျအဆုံးရှိကြောင်း စစ်တွေမြို့ခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ ယမန်နေ့ညက အခြေအနေမှာ ငြိမ်သက်ခြင်းမရှိခဲ့ပဲ ယခုနေ့ခင်းပိုင်းအထိ အခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်သေးကြောင်းလည်း မြို့ခံတဦးက ပြောသည်။  ၎င်းအနေဖြင့် လုံထိန်းအင်အားနည်းပါးနေသည်ကို တွေ့မြင်ရကြောင်း၊ ယနေ့နေ့ခင်းအခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်ပါက ယနေ့ညပိုင်းတွင် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျှက်ရှိသည်ဟုလည်း ၎င်းကပြောသည်။
 

မကြာသေးမီ မိနစ်ပိုင်းက စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ဆက်သွယ်မေးမြန်းရာတွင်မူ မင်းဂံရပ်ကွက်တွင် ငြိမ်သက်လျှက်ရှိကြောင်းသာ ဖြေကြားခဲ့သည်။ အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ လုံခြုံရေးတပ်ဖွဲ့ ဝင်များမှရဟတ်ယဉ်များဖြင့်သွားရောက်နေကြောင်းသိရှိရပီး ထိုစခန်းအတွင်းပုန်းအောင်းနေသော် ဗမာများ ရခိုင်များ ရှိကြောင်းသိရှိရကာ စိုးရိမ်
ခဲ့ကြကြောင်းသိရှိရပါသည်။ ဆူပူ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ရှိ မြို့တော် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက် မှု အခြေအနေများကို ထိန်းသိမ်းရန် သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ က ပြောကြားသည်။
 

“သေနတ် စပစ်နေပြီ“ ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် ဆူပူ အကြမ်းဖက်မှုတွင် ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် သတ်ဖြတ်မှုများကြောင့် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရှိသွားကြောင်း၊ ရိုးဟင်ဂျာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိ ကြောင်း ဒေသခံများက ပြောကြားသည်။
                                                                                                                                     From : ဖိုးသားလေး

No comments:

Post a Comment