Sunday 10 June 2012

နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးရဲ့ ပြည်သူများသို့ ပန်ကြားချက်

ညီအစ်ကို မောင်နှမများ ခင်ဗျား-

နိုင်ငံတော်အစိုးရသည် အုပ်ချုပ်ရေးနည်းလမ်းများဖြင့် နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။

အရေးကြီးသည်မှာ နိုင်ငံတော်သည် အစ္စလာမ်ဘာသာဝင်များကို ပစ်ခတ်တိုက်ခိုက်နေခြင်း မဟုတ်ပါ။ (နိုင်ငံတကာ သတင်းမီဒီယာများမှ လုပ်ကြံဖန်တီးဖော်ပြနေကြပါသည်။) ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များကို အသုံးချ၍လည်းကောင်း၊ အစ္စလာမ်ဘာသာကို အသုံးချ၍လည်းကောင်း မိမိတိုင်းရင်းသား ရခိုင်လူမျိုးများအပေါ် ဆူပူအကြမ်းဘက်မှုများ ပြုလုပ်လာသော ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စောင့်ထိန်းလိုက်နာဆောင်ရွက် နေပြီး ဘာသာရေးအကြောင်းပြုလျက် ခွဲခြားခြင်းသော်လည်းကောင်း၊ လူမျိုးရေးအကြောင်း ပြုလျက် ခွဲခြားခြင်းသော်လည်းကောင်း လုံးဝ မရှိပါကြောင်း၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ် အသုံးချ၍ မင်းမဲ့စရိုက်များ ကျူးလွန်လာသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
                                                                                                                                    From : Hmuu.zaw

No comments:

Post a Comment