Saturday 22 December 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်
Saturday, 22 December 2012

တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဇနီး ဒေါ်ထွေးထွေးညွန့်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်နီနီ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော် ဆေးတက္ကသိုလ်
ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများ၏ မိဘ ဆွေမျိုး များ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိများ၊ မိဘ ဆွေမျိုးများနှင့် အတူ ညစာ သုံးဆောင် ကြသည်။

သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌
ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် မြဝတီ တေးဂီတ အဖွဲ့နှင့် အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီတပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဇနီး ဒေါ်ထွေးထွေးညွန့်၊ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနှင့်ဇနီး ဒေါ်နီနီ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများ၏ မိဘ ဆွေမျိုး များ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်း အရာရှိများ၊ မိဘ ဆွေမျိုး များနှင့်အတူ ညစာသုံးဆောင်ကြသည်။

သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် မြဝတီ တေးဂီတအဖွဲ့နှင့် အငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment