Wednesday 10 October 2012

တရုတ် တယ်လီကွန် နှစ်ခုဖြစ်တဲ့ Huawei နဲ့ ZTE ဟာအမေရိကန်နိုင်ငံမှာ နည်းပညာပိုင်း သူလျှိုအလုပ် လုပ်နေ ဟု အမေရိကန် စွပ်စွဲ


တရုတ် တယ်လီကွန် နှစ်ခုဖြစ်တဲ့ Huawei နဲ့ ZTE ဟာအမေရိကန်နိုင်ငံမှာ နည်းပညာပိုင်း သူလျှို အလုပ်ကို တရုတ်အစိုးရအတွက် လုပ်ပေးနေတယ်လို့ ပြောလာခဲ့ကြတာ အမှန်တော့ တော်ေ တာ်ေ လးကြာနေ ပါပြီ။
ဒီကုမ္ပဏီနှစ်ခုရဲ့ သမိုင်းကိုပြန်ကြည့်ရင်တော့လဲ တရုတ်အစိုးရနဲ့ ပတ်သက်မှုရှိနေတာ ငြင်းလို့တော့မ ရပါ ဘူး (အမှန်ကတော့ တရုတ်ပြည်မှာ လုပ်ငန်းကြီးတော်တော်များများဟာ အစိုးရပါဝင်ပတ်သက်မှု ရှိနေတာ ပါပဲ)။ ZTE ဟာ လေကြောင်းနဲ့ အာကာသ စက်မှုလုပ်ငန်း ၀န်ကြီးဌာန အထောက်အပံခံ နိုင်ငံပိုင် လုပ်ငန်း တစ်ခု အနေနဲ့ အစပြုခဲ့တာပါ။ Huawei ကိုစတင်တည်ထောင်သူကလဲ တရုတ် စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ် ပါတယ်။

ဒီကုမ္ပဏီနှစ်ခုလုံးကလဲ အငြင်းပွားစရာ ကိစ္စတွေနဲ့ သိပ်စိမ်းခဲ့တာ မဟုတ်ပါဘူး။ ဥပမာ Huawei ဆိုရင် ၂၀၀၃ ခုနှစ်တုံးက Cisco ကသူ့ရဲ့ network equipment တွေက hardware design တွေ software တွေကို ကူးချပါတယ်ဆိုပြီး တရားစွဲခဲ့ပါတယ်။ ZTE ကလည်း ကုလသမ္မဂ ဆန်ရှင်ကို ဆန့် ကျင်ပြီး Iran နိုင်ငံကို ကွန်ပြူတာ ပစ္စည်းတွေရောင်းခဲ့ပါတယ်။

သိပ်မကြာသေးခင် ကိစ္စတစ်ခုအနေနဲ့ ZTE ကထုတ်တဲ့ ZTE Score ဖုန်းတွေမှာ ကွန်ပြူတာလောကမှာ backdoor လို့သိကြတဲ့ ကိုယ်သုံးနေတဲ့ device ကို ကိုယ်မသိပဲ တစ်ယောက်ယောက်က လျှို့ဝှက် ၀င်ရောက်လို့ရတဲ့ နောက်ဖေးမလွယ်ပေါက်စနစ်ကို ထည့်ထားတာ ၀န်ခံခဲ့ရပါတယ်။ အစမှာတော့ ဒါကို software update အတွက်လုပ်ထားတာပါလို့ ပြောခဲ့ပြီး နောက်ပိုင်းမှာ လုံခြုံရေးဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုပါလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံမှာ ဒီကုမ္ပဏီနှစ်ခုကို မယုံကြဖို့ နောက်ဆုံး တားမြစ်ပိတ်ဆို့မှုတွေ လုပ်ဖို့ အကြိမ်ကြိမ်ပြောခဲ့ကြပေမဲ့လည်း ဘာမှသိပ်ထူးထူးခြားခြားဖြစ်မလာခဲ့ပါဘူး။ အခုတော့ အမေရိကန်နိုင်ငံ က ပထမဦးဆုံးအနေနဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတွေ စလာတာကို တွေ့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံ နဲ့ အမေရိကန်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လာနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ ဘယ်လို ပဲဖြစ်ဖြစ် သူတို့ အမေရိကန်မှာ ခြေကုပ်ယူဖို့ ခက်သွားသည့်တိုင်အောင် အခြားကမ္ဘာတစ်ဝှန်း က နိုင်ငံအများမှာတော့ အခိုင်အမာ တပ်ချပြီး ဖြစ်နေတာ ငြင်းလို့မရပါ။

သိပ်ဝေးဝေးကြည့်စရာ မလိုပါ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ယက်ကြီး တစ်ခုလုံးမှာ Huawei နဲ့ ZTE ကလွဲရင် အခြားပစ္စည်းမရှိသလောက် ဖြစ်နေပါပြီ။ အရာရာ လုံခြုံရေးအမြင်နဲ့ ကြည့်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများ ဆက်သွယ်ရေးလို နိုင်ငံအတွက် အရမ်းအရေးကြီတဲ့ ကိစ္စမှာတော့ ဘယ်လိုသတိ လက်လွတ်ဖြစ်သွားကြလဲတော့ စဉ်းစားမရပါကြောင်း။

No comments:

Post a Comment