Thursday 25 October 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများရပ်ဆိုင်းရေးအတွက် ရဟန်းရှင်လူမိဘပြည်သူများသို့ ၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံပန်ကြားချက်


(၁) ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး၏ အရေး ကိစ္စဖြစ်သည်ဟု ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများမှခံယူသည်။

(၂) ပဋိပက္ခများ ဖြေရှင်းရာတွင် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှုထောင့်များကိုအခြေခံလျှက်အများပြည်သူသဘောတူလက်ခံနိုင်သည့်ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း နည်းလမ်း သာ လျှင် အသင့်လျှော်ဆုံးဖြစ်သည်။
(၃) ပဋိပက္ခများကို အကြမ်းဖက်ဖြေရှင်းခြင်းအားဖြင့် ရလဒ်ကောင်းများထွက်ပေါ်လာလိမ့်မည်ဟု ကျွန်ုပ်တို့ မယုံကြည်ပေ။

(၄)သို့ဖြစ်ပါ၍ရခိုင်ပြည်နယ်တွင်ယခုလတ်တလောဖြစ်ပွားနေသည့်အကြမ်းဖက်မှုများလုံးဝရပ်ဆိုင်းသွားရေးအတွက် ရဟန်းရှင်လူ မိဘပြည်သူ ကျောင်းသားကျောင်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ဝိုင်းဝန်းကူညီထိန်းသိမ်း ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

No comments:

Post a Comment