Thursday 25 October 2012

လက်ဘနွန်ထောက်လှမ်းရေးအကြီးအကဲ လုပ်ကြံခံရမှုဂယက်

 
 
ဆီးရီးယားအစိုးရ၏ လက်ချက်ဟု စွပ်စွဲထားသည့် လက်ဘနွန်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ၀စ်ဆန်အယ်လ် ဟာဆန်အပါအ၀င် လူရှစ်ဦးသေဆုံးခဲ့ရသော     ကားဗုံး ပေါက်ကွဲမှုနှင့်ပတ်သက်၍
အတိုက်အခံများက ၀န်ကြီးချုပ်ကို ရာထူးမှ ဆင်းပေးရန်တောင်းဆိုလျက် ရှိသည့် လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေးအခြေ အနေကို အမေရိကန်နှင့် ဥရောပသမဂ္ဂ(အီးယူ) က စိုးရိမ်မ ကင်းဖြစ် ရကြောင်း ပြောဆိုကြသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ဘေရွတ်မြို့ရှိ ကားဗုံးပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် အယ်လ်ဟာဆန်  သည် ဆီးရီးယားသမ္မတ အာဆတ်အစိုးရနှင့် လက်ဘနွန်ရှိ နိုင်ငံရေးလုပ်ကြံမှုများ၏ ဆက်နွှယ်မှုများ   စွာကို စုံစမ်းထောက် လှမ်းမှုများ၌ ဦးဆောင်ခဲ့သူဖြစ်သည်။

"ဒီ တိုက်ခိုက်လုပ်ကြံမှုက ဆိုးလွန်းပါတယ်။ လက်ဘနွန်ရဲ့ တည်ငြိမ်မှုနဲ့ ပတ်သက်ပြီး ကျွန်မတို့ စိုးရိမ်မိ ပါတယ်" ဟု အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ပြောသည်။

နိုင်ငံတကာက ရှုတ်ချဝေဖန်လျက်ရှိ သည့် ယင်းတိုက်ခိုက်မှုအတွက် လက်ဘနွန်နိုင်ငံရေးခေါင်းဆောင်နှစ်ဦး ကလည်း ဆီးရီးယားသမ္မတ အာဆတ်ကို ပင် ပြစ်တင်ခဲ့သည်။

တစ်ချိန်တည်းမှာ ပင် အဓိကအတိုက်အခံ အုပ်စုများကလည်း အရေးပေါ် အစည်းအဝေးခေါ်ယူကျင်းပကာ ဆီးရီးယားအစိုးရ၏ဩဇာခံ အစိုးရအဖွဲ့ ခေါင်းဆောင်ဝန်ကြီးချုပ် နာဂျစ်မီကတီကို ရာထူးမှ ဆင်းပေး   ရန် တောင်းဆိုလိုက်ကြသည်။

"အယ်ဟာဆန်ရဲ့ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ဘတ်ရှာအာဆတ်ကိုပဲ ကျွန်တော်တို့ စွပ်စွဲပါမယ်"ဟု လက်ဘ နွန် ၀န်ကြီးချုပ်ဟောင်း ရာဖစ်ဟာရီရီ၏ သားဖြစ်သူ အတိုက်အခံခေါင်းဆောင် ဆာ့ဒ်ဟာရီရီ   ကပြောသည်။

ယခုကဲ့သို့ လက်ဘနွန်လုံခြုံရေး အကြီးအကဲတစ်ဦးကို သတ်ဖြတ် လုပ်ကြံ ခြင်းသည် ၂၀၀၅ခုနှစ်က     ၀န်ကြီးချုပ် ဟောင်း ရာဖစ်ဟာရီရီ လုပ်ကြံခံရပြီး ချိန်မှစ၍ အကြီးအကဲများကိုလုပ်ကြံမှု များ၌ အဆိုး  ဆုံးဖြစ်ကြောင်း အရာရှိ တစ်ဦးကဆိုသည်။

ဆာ့ဒ်ဟာရီရီ၏ အာဆတ် ဆန့်ကျင်ရေးလှုပ်ရှားမှု အတိုက်အခံအဖွဲ့ဝင် တစ်ဦးဖြစ်သူ အမ်မာဟောင်ရီက အဆိုပါ လုပ်ကြံတိုက်ခိုက်မှု မပြုမီက ဆီးရီးယား ဖုန်းနံပါတ်တစ်ခုဖြင့် "ခွေးမသားတွေ၊မင်းတို့ကို
တစ်ယောက် ချင်းစီသတ်ပစ်မယ်" ဟူသော ခြိမ်းခြောက် သည့် မက်ဆေ့ဂ်ျတစ်ခုရရှိခဲ့ပြီး ဟာဆန် လုပ်ကြံမခံရမီအထိ အလေးမထားဘဲ နေခဲ့သည်တွင် "ကွန်ဂရက်ကျူလေးရှင်း၊ သုတ်သင်ရမယ့် ၁၀     ဦးထဲက တစ်ဦးတော့ ရပြီ" ဟု ဒုတိယမက်ဆေ့ဂ်ျရခဲ့သည်ဟုပြောသည်

ထိုကဲ့သို့ လက်ဘနွန် ထောက်လှမ်း ရေးအကြီးအကဲ လုပ်ကြံခံရမှုသည် ဆီးရီးယားအစိုးရ၏တည်မြဲရေး အတွက် ယင်း၏ပြည်တွင်းစစ်ကို နိုင်ငံ တကာသို့ကူးစက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြင့် ကြိုးစားနေခြင်း
ပေလောဟူသော စိုးရိမ်မှုများလည်း ရှိလာကြသည်။

ဆွန်နီမွတ်စလင်များနှင့် ခရစ်ယာန် အုပ်စုများသည် ဆီးရီးယား၏ အယ်လာဝိုက်ဘာသာဝင်အစိုးရနှင့် ဆီးရီးယား အစိုးရကို ထောက်ခံနေသည့် လက်ဘနွန် အစိုးရကို ဆန့်ကျင်ကြရန်လမ်းမပေါ် ထွက် လာခဲ့ကြ သည်။

အလားတူပင် လက်ဘနွန်၏ စစ်အင်အား အကြီးဆုံး ဖြစ်သော အီရန်အစိုးရ၏ ကျောထောက်နောက်ခံ ရှီးယား မွတ်စလင်အုပ်စု ဖြစ်သည့် ဟစ်ဇ်ဘိုလာအဖွဲ့ကိုလည်း ဟာဆန်၏ သေဆုံး မှုနှင့်ပတ်သက်၍     ပြစ်တင် ထားကြသည်။

(အေအက်ဖ်ပီ)
ဇော်ဝင်း
Myanmar Times

No comments:

Post a Comment