Thursday 25 October 2012

မင်းပြားဆူပူမှုအကြမ်းဖက်မှု မြို့နယ် ၆ ခုသို့ကူးစက်လျက်ရှိ

ရခိုင်ပြည်နယ်၊မင်းပြားမြို့ဖြစ်စဉ်မှအစပြုခဲ့သည့်ပဋိပက္ခဖြစ်စဉ်ကြောင့်မင်းပြား၊မြောက်ဦး၊ကျာက်ဖြူ၊   မြေပုံ၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ် စသည့် မြို့နယ် ၆ ခုတို့တွင် ဆူပူအုံကြွမှု မျာြး ဖစ်ပေါ် လျက်ရှိကြောင်း သိရသည်။

မင်းပြားမြို့၊ ကားဂိတ်အနီးရှိ ပိုက်သည်ရပ်ကွက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့၊ ည ၁ဝ နာရီခွဲ အချိန်က ရခိုင်နှင့်ဘင်္ဂါလီတို့နှစ်ဘက် ဆူပူမှုတစ်ခုဖြစ်ပွား ခဲ့ရာ တဲအိမ် ၁၇ လုံးမီးလောင်ကျွမ်း သွားခဲ့ပြီး တဖန် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီး ဘင်္ဂလီများနေထိုင်သည့် သရက်အုပ် ကျေးရွာ တွင် အောက် တိုဘာလ ၂၂ ရက်နေ့၊ နံနက် ၇ နာရီခန့်က ရခိုင်နှင့် ဘင်္ဂလီများ အပြန်အလှန် မီးရှို့ခဲ့ကြရာ တဲအိမ်အလုံး ၅ဝ ခန့်မီးလောင်ကျွမ်းသွားခဲ့ပြီး အလားတူ ယင်းနေ့တွင်ပင် မြောက်ဦးမြို့နယ် ပုရိန် ကုန်းကျေးရွာ တွင် နှစ်ဘက်အပြန်အလှန်မီးရှို့မှုကြောင့် တဲအိမ်စုစုပေါင်း ၁ဝဝ ခန့် နှင့် ဘုန်းေ တ်ာကြီးကျောင်း ၁ ကျောင်းမီးလောင်ကျွမ်းသွားခဲ့ သည့်အပြင် မြောက်ဦးမြို့နယ် ယိုင် သည် ကျေးရွာ တွင်လည်း မီးရှို့မှုကြောင့် တဲအိမ် အလုံး ၅ဝ ခန့်နှင့် ဗလီ ၁ လုံးမီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။ မင်းပြားမြို့နယ် အောင်ဒိုင်ကျေးရွာတွင်လည်း အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် တဲအိမ် ၂ဝဝ လုံးခန့်နှင့် စမ်းပလေကျေးရွာတွင် တဲအိမ် အလုံး ၁ဝဝ၊ ဗလီ ၁ လုံး၊ အာရဗီစာသင်ကျောင်း ၁ ကျောင်း တို့မီးလောင်ကျွမ်းပျက်စီးသွားခဲ့ရာ နေအိမ်စုစုပေါင်း ၁ဝဝဝ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ ရကြောင်း သိရ သည်။ မင်းပြားနှင့်မြောက်ဦး တို့တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ် များကြောင့် သေဆုံးသူ ရခိုင်အမျိုးသား ၃ ဦးနှင့် ဘင်္ဂလီအမျိုး သမီး ၂ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ဘက်ပေါင်း ၁၁ ဦးရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောက်ဖြူနှင့်မြေပုံမြို့တို့တွင်လည်း အောက်တိုဘာလ ၂၃ ရက်နေ့က ရခိုင်နှင့် ဘင်္ဂလီ များအကြား ပဋိပက္ခ များဖြစ်ပွားခဲ့ရာ ကျောက်ဖြူမြို့ တွင် ရခိုင် ၁ ဦးသေဆုံးပြီး တဲအိမ် ၅ဝ ခန့် မီးလောင် ကျွမ်းခဲ့ကြောင်းနှင့် မြေပုံမြို့တွင်လည်း တဲအိမ်တစ်ချို့ မီးလောင်ကျွမ်းသွားခဲ့ကာ သေဆုံးသူ မရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း ကျောက်တော်နှင့် ရသေ့တောင်မြို့နယ် တို့တွင် နှစ် ဘက် အပြန်အလှန်ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်တော်မြို့နယ်၊ ပြည်တော်သာ ရပ်ကွက်မှ ရခိုင်အမျိုး သား ၂ ဦးနှင့် သဝင်ကိုင်းကျေးရွာမှ ရခိုင်အမျိုးသား ၁ ဦးသေဆုံးကာ ကျောက်တော်မြို့ရှိ ဘင်္ဂလီ များနေထိုင် သည့် ပိုက်သည်ရပ်ကွက်မှ တဲအိမ် ၇ လုံး မီးလောင်ကျွမ်းသွား ခဲ့ကြောင်းသိရပြီး အခြေအနေ အားလုံးအား တည်ငြိမ်အေးချမ်း အောင်ထိန်းထားနိုင် လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရသေ့ေ တာင်မြို့ နယ်၊ ညောင်ပင်ကြီး ကျေးရွာ မှ ဒေသခံရခိုင် အမျိုးသား ၂ ဦးသေဆုံး ခဲ့ကြောင်း အောက် တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီအထိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရရှိသောသတင်းများအရ သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်အချိန် ပြည်နယ်အစိုးရ အဖွဲ့ရုံး မှရရှိသည့် သတင်း အရ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် ဘင်္ဂလီ ၂ ဦးနှင့် ရခိုင် ၂ ဦးသေ ဆုံးခဲ့ပြီး ပိုက်သည်ရပ်ကွက်မှ တဲအိမ် ၈ လုံးနှင့် သွပ်မိုးအိမ် ၁ဝ လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
 
ref:YMG

No comments:

Post a Comment