Thursday 25 October 2012

ကျောက်ဖြူမြို့နယ်တွင်ဆူပူအကြမ်းဖက်မီးရှို့မှုများဖြစ်ပွားသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရ

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်၍ ဆူပူအကြမ်း ဖက်မီးရှို့မှု များဖြစ်ပွားခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပဋိပက္ခများထပ်မံမဖြစ်ပွားစေရေးတို့အတွက် အရေးယူဆောင်ရွက် လျက်ရှိ ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင်ကြေညာချက်အရ သိရသည်။

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်နှစ်ခုအတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီအချိန်မှစတင်ပြီး လူစုလူဝေး များမှ လူနေအိမ်များအားမီးရှို့ဖျက်စီးမှုများကြောင့် ပဋိပက္ခဖြစ်ပွားမှုများ စတင်ခဲ့ရာ ၀ိုင်းဝန်းထိန်းသိမ်းနိုင်ခဲ့သဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့နံနက်တစ်နာရီခန့်တွင် လူစုကွဲသွားခဲ့ကြောင်း၊ အဆိုပါမီးရှို့မှုဖြစ်စဉ်ကြောင့် အိမ်ခြေ ၆၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၂၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းကြေညာချက်အရသိရသည်။
ဆက်လက်၍အောက်တိုဘာ လ ၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် အဆိုပါရပ်ကွက်နှစ်ခု၌ ပင်ထပ်မံ၍ဆူပူအကြမ်းဖက်မီးရှို့မှု ဖြစ်စဉ်များဖြစ်ပွားခဲ့ရာညနေ ၃ နာရီအချိန်အထိ အိမ်ခြေ ၇၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရကြောင်း၊ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းကြေညာချက်အရ သိရသည်။
ယင်းဖြစ်ပွားရာနေရာများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဒေသတွင်းတာဝန်ရှိသူများမှ သွားရောက်ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများ တရားဥပဒေစိုးမိုးရေးပြန်လည်တည်ငြိမ်ရေးနှင့် ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရေးတို့အတွက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းကြေညာချက် အရ သိရသည်။
 
ref:EMG

No comments:

Post a Comment