Friday 12 October 2012

၂၀၁၂ နိုဗယ်ငြိမ်းချမ်းရေးဆုကို ဥရောပသမဂ္ဂအဖွဲ့ အကြီးအကဲအားအံ့အားသင့်ဖွယ်ရာ ပေးအပ်

 
စတော့ဟုမ်း၊ အောက်တိုဘာ - ၁၂

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တစ်ကြိုစာရင်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ပါ ၀င်ခဲ့ သည့်အတွက် စိတ်ဝင်စားမှု ပိုမိုမြင့်တက်ခဲ့သော နိုဗယ်ငြိမ်း ချမ်းရေးဆုကြေညာခြင်းအစီအ စဉ်တွင် ဥရောပသမဂ္ဂ(အီးယူ) အား နိုဗယ်ဆုကော်မတီက ဆု ရွေးချယ်ပေးအပ်ခဲ့ကြောင်းသိရ သည်။
နော်ဝေး၏ NRK ရေဒီယိုက လည်း အီးယူသည် ဥရောပတိုက် အား စုစည်းရန် အားထုတ်ရာတွင် သမိုင်းဝင်အခန်းကဏ္ဍမှ ကြိုးပမ်း ခဲ့မှုကြောင့် ငြိမ်းချမ်းရေးဆုပေး အပ်ခံရလိမ့်မည်ဟု ဆုမကြေညာ မီ နေ့လယ် ပိုင်းကပင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ အီးယူအား ဆုပေးမည့် ဆုံးဖြတ်ချက်ကို ဥရောပကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် Thorbjoern Jagland ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးပါ ဆုရွေး ချယ် ရေးေ က်ာမတီက တညီတညွတ် တည်း ဆုံးဖြတ်ခဲ့သည်ဟု NRK ကဖော်ပြခဲ့သည်။

ဥရောပနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ရောမသဘော တူစာချုပ်အရ ၁၉၅၇ တွင် နိုင်ငံ ခြောက်နိုင်ငံဖြင့် တည်ထောင်ခဲ့ သော ဥရောပသမဂ္ဂ(အီးယူ)သည် ယခုအခါ ယခင် အရှေ့ဥရောပမှ ကွန်မြူနစ်နိုင်ငံဟောင်းများအပါ အ၀င် အဖွဲ့ဝင် ၂၇ နိုင်ငံအထိ ရှိလာခဲ့ပြီဖြစ်သည်။ သို့သော် အီးယူသည် ယခုအခါ ယင်း ၂၇ နိုင်ငံတွင် အသုံးပြုနေသော ဘုံ ငွေကြေး ယူရိုငွေနှင့်ပတ်သက်၍ ဘဏ္ဍာရေးအကျပ်အတည်း ရင် ဆိုင်နေရဆဲဖြစ်သည်။

နော်ဝေးနိုင်ငံသည် ဥရောပ နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အီးယူသို့ ၀င်ရောက်ရေးကို လူထု ဆန္ဒဖြင့် ၁၉၇၂ နှင့် ၁၉၉၄ နှစ် များတွင် နှစ်ကြိမ်လုံး ပယ်ချခဲ့ သည်။ နော်ဝေးပါလီမန်က ရွေး ချယ်ခန့်အပ်သည့် နိုဗယ်ဆုရွေး ချယ်ရေးကော်မတီအဖွဲ့ဝင်ငါးဦး သည် အီးယူအဖွဲ့ဝင် နော်ဝေး ပါဝင်ရေးနှင့်ပတ်သက်၍ အမြင် ကွဲပြားမှုကိုယ်စီရှိခဲ့ကြပြီး ကော်မတီခေါင်းဆောင် Jagland မှာမူ အီးယူ အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံ သူဟုသိရသည်။။
 
 
ref:Reuters/

No comments:

Post a Comment