Friday 26 October 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ရပ်နားထားသော တူရကီ စစ်ဘက်သုံးလေယဉ်နှစ်စင်းနှင့် ပက်သက်ပြီး သမ္မတရုံးမှ မှူးဇော်၏ ရှင်းလင်းချက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ရပ်နားထားသော တူရကီ စစ်ဘက်သုံးလေယဉ်နှစ်စင်းအနက် တစ်စင်းကို ယနေ့နေ့လည် ၁၂ နာရီ ခန့် ကMessengerသတင်းထောက်ကအများပြည်သူသိရှိနိုင် ရန်မှတ်တမ်းတင်ခဲ့ပါသည်။ယင်းလေယာဉ် နှစ်စင်းသည်မည်သည့်အကြောင်းကြောင့် ဆင်းသက်ရပ်နားနေ သည်ကို ဖော်ပြနိုင်ရန်အတွက်အခက်အခဲတချို့ရှိခဲ့ပါသည်။ယင်းစစ်လေယာဉ်နှင့်ပတ်သက် ၍နိုင်ငံတော် သမ္မတရုံးတာဝန်ရှိသူဦးဇော်ဌေး(မှူးဇော်)ကအောက်ပါအတိုင်းရှင်းလင်းထားပါသည်။

တူရကီနိုင်ငံမှ ရောက်ရှိလာသော စစ်လေယာဉ်(၂)စီး ကိစ္စမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) ဤလေယာဉ်(၂)စီးမှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ထောက်ပံ့ပေးမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ပစ္စည်းများသာ သယ်ဆောင်လာသော C-130 လေယာဉ် များ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးပေါ်တွင် ပါရှိသော ပစ္စည်းများ အားလုံးမှာ စားသောက်ကုန်များ သာ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးမှာ ၂၅-၁၀-၂၀၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ် သို့ ရောက်ရှိလာ ပါသည်။
(၂) ယနေ့(၂၆-၁၀-၂၀၁၂ရက်နေ့)တွင် ယင်းစားသောက်ကုန်များကို စစ်တွေသို့ မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက် ရှိပါသည်။ မြန်မာ့လေကြောင်း လေယာဉ်ဖြင့် (၃)ခေါက် အနည်းဆုံး သယ်ယူပို့ဆောင်ပေးရမည်ဟု ခန့်မှန်းထားပါသည်။
(၃) ယင်းစားသောက်ကုန်များကိုရခိုင်ပြည်နယ်အစိုးရလက်ဝယ်သို့သာလွှဲပြောင်းပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။
(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- Candy 2280 Boxes

- Food 960 Parcels

- Biscuit 11000 Bags

- Slipper 500 Boxes

- Clothing 1000 Packages

- Toy 500 Boxes

(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။
 
ref:messenger

No comments:

Post a Comment