Saturday 8 September 2012

အမေရိကန် သမ္မတ မဲ ဆွယ်ပွဲမှာ Facebook အရေးပါလာ



အမေရိကန် သမ္မတ ဘာရက် အိုးဘာမားဟာ ဖေ့စ်ဘုတ် အသုံးပြု တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်ပါတယ်။ သူ ဘယ်လို အသုံးပြုသလဲ၊ ဘာကြောင့် သုံးသလဲ။

သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို ဒီနှစ် ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲ ကမ်ပိန်းအတွက် ဖွင့်လှစ်ထားရှိပြီး သူကိုယ်တိုင်လည်း တခါ တရံ ဓာတ်ပုံတွေကိုလည်း တင်ပါတယ်တဲ့။

သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ကို အိမ်ဖြူတော်က Team က အများဆုံး ပို့စ်တွေတွေ တင်လေ့ရှိပါတယ်တဲ့။ အိုဘားမားရဲ့ လှုပ်ရှားမှုတွေ ကို သူရဲ့ ဤနေရာက ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့နိုင်ပါတယ်။

သဘောက တော့ သမ္မတ မဲဆွယ်ပွဲမှာ ဖေ့စ်ဘုတ် အသုံးပြုမှုဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ် ဆိုတာ ပြသလိုက်တာလည်းဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက ဖေ့စ်ဘုတ်သုံးတယ်ဆိုတော့ မြန်မာပြည်မှာရော သမ္မတ ဦးသိန်းစိန် ဖေ့စ်ဘုတ် သုံးသလား ဆိုတာ မေးစရာ ဖြစ်လာတယ်။

မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ရဲ့ ဓာတ်ပုံတခုမှာလည်း ဖေ့စ်ဘုတ်သုံးတယ်လို့ ယူဆရတဲ့ တွေ့ဖူးပါတယ်။ ဒါပေမယ့် အတိအကျတော့ မသိပါဘူး။ သမ္မတ ရုံးက ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ကလောင်အမည် မှူးဇော် ခေါ် ဦးဇော်ဌေးကတော့ ဖေ့စ်ဘုတ် သုံးသူ တဦးပါ။

သမ္မတ ရုံးနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ အစိုးရအဖွဲ့အသံကို သူ့ဖေ့စ်ဘုတ်ကနေ သိနိုင်တာများပါတယ်။

စကားမစပ် တချို့လူတွေ ပြောစကားအရ ဗိုလ်ချုပ်မှူးကြီးလည်း ဖေ့စ်ဘုတ် သုံးတယ်ဆိုဘဲ။

ref:ဧရာဝတီ

No comments:

Post a Comment