Monday 20 August 2012

မြန်မာ့စီးပွားရေး ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း


မြန်မာ့စီးပွားရေးသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှုတိုးတက်အောင် အစိုးရက ပြုလုပ်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်အောင် ထိန်းထားခြင်းအားဖြင့် လာမည့်ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်းဖြင့် စီးပွားရေးတိုးတက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းလိုက်သည်။

ယနေ့ထုတ်ပြန်သေ ADB ၏ အစီရင်ခံစာ၌ ''စီးပွားရေးအတွက် အနီးကပ်ကာလ ခန့်မှန်းချက်မှာ ထိုင်းစီးပွားရေး၏ ဆယ်ပုံတစ်ပုံပမာဏရှိပြီး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ကုန်စည်ရောင်းချရမှု မြင့်တက်ခြင်းကြောင့် မျှော်လင့်ချက်အပြည့်ရှိနေသည်'' ဟု ဖော်ပြထားကာ နှစ်စဉ်စီးပွားရေးတိုးတက်နှုန်း ရှစ်ရာခိုင်နှုန်းသည် ၂၀၃၀ ခုနှစ်အရောက်တွင် တစ်ဦးချင်း ဂျီဒီပီသုံးဆတိုးစေကာ ဒေါ်လာ ၃၀၀၀ ခန့်ရှိလာစေမည်ဟု ခန့်မှန်းထားသည်။

ADB ၏ လက်ထောက်စီးပွားရေးအကြီးအကဲ စင်ယောင်ပက်ကလည်း ''မြန်မာဟာ သဘာဝရင်းမြစ်တွေ ကြွယ်ဝပြီး ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ တည်နေရာမှာရှိသလို လူငယ်ဦးရေလည်း အများအပြား ရှိပါတယ်။ ဒီအချက်တွေအားလုံးက ကာလတိုအ တွင်းမှာပဲ မြန်မာကို အလွန်အားကောင်းတဲ့ တိုးတက်ဖွံ့ဖြိုးမှုရအောင် ကူညီပေးနိုင်မှာပါ'' ဟုပြောသည်။ ADB က အစိုးရသည် နိုင်ငံ၏ လုပ်သားအင်အား သုံးပုံနှစ်ပုံနီးပါးရှိနေသော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးအောင် လက်ငင်းလုပ်သင့်ကြောင်း နိုင်ငံတော်လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ရင်းမြစ်များကို ကုန်ထုတ်လုပ်မှု တိုးတက်အောင် အသုံးချနိုင်စွမ်း အလားအလာမှာလည်း အလွန်ကြီးမားကြောင်း ဆိုခဲ့သည်။

မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် အန္တရာယ်များမှာ မက်ကရိုစီးပွားရေးစီမံခန့်ခွဲမှုပိုင်း၊ အခြေခံအဆောက်အအုံချို့ငဲ့မှုနှင့် အခွန်ရငွေ နိမ့်ကျမှုတို့ဖြစ်ပြီး လူဦးရေ၏ လေးပုံတစ်ပုံခန့်သာ လျှပ်စစ်မီးနှင့် ဘရော့ဒ်ဘန်းအင်တာနက်ချိတ်ဆက်မှု ရရှိသေးကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

Ref: Businessweek

No comments:

Post a Comment