Monday 20 August 2012

ADSLအင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေး

ယခု ၁ ရက်နေ့မှစတင်၍ ADSL အင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေးခဲ့သည်ဟု ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ပြောသည်။ 


လက်ရှိကောက်ခံနေ သည့် နှုန်းထားများကို ပြောင်းလဲခြင်းမရှိဘဲ ADSL အင်တာနက်လိုင်းအမြန်နှုန်း တိုးမြှင့်ပေးခြင်းကို ရန်ကုန်၊ နေပြည် တော်နှင့် မန္တလေးမြို့များ၌ အစမ်းသဘောဖြင့် တိုးမြှင့်ပေးခဲ့ခြင်းဖြစ် သည်ဟု ဒုတိယ၀န်ကြီးကဆိုသည်။ Up Link Transmisson များအဆင် ပြေသည့်နေရာများ၌ အင်တာနက် အမြန်နှုန်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ယခင်အသုံးပြုနေသော 256Kbps များကို 512kbps သို့လည်း ကောင်း၊ 512Kbps သုံးစွဲသူများကို 1Mbps သို့လည်းကောင်း၊ 1Mbps သုံစွဲသူများကို 1.5Mbps အဖြစ်သို့လည်းကောင်း အသီးသီးတိုးမြှင့်ပေးခဲ့သည်ဟုသိရသည်။ ပြည်သူ့လွှတ်တော်၌ပြောကြားသော ဒုဝန်ကြီး၏အဆိုအရ အင်တာနက် ပိုမိုအသုံးပြုနိုင်စေရေးအတွက် ADSL အင်တာနက်သုံးစွဲခ များကိုလျော့ချပေးနိုင်ရန် အသေး စိတ် တွက်ချက်၍ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။ 

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏မေးမြန်းချက်နှင့်ပတ်သက်၍ဒုတိယ၀န်ကြီးကအထက်ပါ အတိုင်းဖြေ ကြား ခဲ့ခြင်းဖြစ်ပြီး အင်တာနက်အမြန်နှုန်းတိုးမြှင့်ပေးခြင်းကိုလည်း Transmission Band Width တိုးချဲ့ပြီးစီး သည့်အဆင့်လိုက် ကျန်ရှိသောမြို့ များကိုတိုးချဲ့ပေးသွားမည်ဟုသိရသည်။ 

 ““တစ်ချို့ကအမြန်နှုန်းတိုးပေးလိုက်တာကိုမသိသေးတာဖြစ်မယ်။ တိုးပေးလိုက်တဲ့အမြန်းနှုန်းအပြည့် အ၀ရ တယ် မရဘူးဆိုတာကလည်း အသုံးပြုတဲ့အရေအတွက်နဲ့လည်းဆိုင်တယ်””ဟု အင်တာနက် အမြန်နှုန်း များနှေးကွေးနေဆဲဖြစ်သည်ဟု အသုံးပြုသူများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရတနာပုံတယ်လီပို့ ကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ADSL အင်တာနက်လိုင်းများကို မြန်မာနိုင်ငံ၏ ISP နှစ်ခုဖြစ်သည့် မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ရောင်းချပေးေ နခြင်းဖြစ် သည်။

မန်မာနိုင်ငံ၌ ADSL အင်တာနက်လိုင်းအရေအတွက် လိုင်းပေါင်း ၁ သောင်းကျော် အသုံးပြုနေသည်ဟု သိရပြီး ရတနာပုံတယ်လီပို့အနေဖြင့် ADSL အင်တာနက်လိုင်းပေါင်း ၇ ထောင်ကျော် ကိုရောင်းချပေးခဲ့ သည်ဟုသိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband အင်တာနက်စနစ်ကို လိုင်းအရေအတွက် ၆ သောင်းကျော်တပ်ဆင် အသုံးပြုနေပြီး အသုံးပြုသူအရေ အတွက် ၆ သိန်းကျော်ရှိမည်ဟုလည်း ခန့်မှန်းထားရှိကြသည်။

ref:IJ

No comments:

Post a Comment