Friday 31 August 2012

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့် သြစတြေးလျနိုင်ငံ အောက်လွှတ်တော် အမတ်တို့ တွေ့ဆုံ ဆွေးနွေး

ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့် သြစတြေးလျနိုင် ငံ အောက် လွှတ်တော် အမတ် Ms. Janelle Saffin ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့မွန်းတည့် ၁၂ နာရီ တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၌ တွေ့ ဆုံဆွေးနွေး ရာတွင် ပြည်ထောင် စု ရှေ့နေချုပ်က ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေပြုပြင် ပြောင်းလဲ မှုများကို ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး Ms. Janelle Saffin က သြစတြေးလျ နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ဥပဒေရေးရာ ပူးပေါင်း ဆောင် ရွက်ရန် ကမ်းလှမ်းပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည်ဟုလည်း မျှော်လင့်ပါကြောင်း၊ ၎င်းအနေဖြင့် ဆစ်ဒနီ-မြန်မာ စီမံကိန်းကို နာယက အဖြစ် ဆောင်ရွက်နေပါ၍ သြစတြေးလျ နိုင်ငံအစိုးရ၏ ပညာသင်ဆုနှင့် မိမိတို့အဖွဲ့က ပညာသင်ဆု များပေးသွားရန် ဥပဒေရေးရာ နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက် နိုင်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်းဖြင့် ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment