Sunday 29 July 2012

မြန်မာနိုင်ငံအထက်ပိုင်းမြို့များတွင် အင်အားအသင့်အတင့်ရှိငလျင်တစ်ခုလှုပ်ခတ်


မြန်မာနိုင်ငံအထက်ပိုင်းမြို့များဖြစ်သည့် ဟားခါး၊ ဟုမ္မလင်း၊ ကလေး၊ မုံရွာ၊ မန္တလေးစသည့်မြို့များမှ ခံစားသိရှိလိုက်ရသည့် ငလျင်တစ်ခု ယနေ့နံနက် ၈း၅၀ ခန့်က လှုပ်သွားကြောင်း ဒေသခံများက
 ပြောကြားပြီးအင်အား ၅ဒသမ၈ ရစ်ချက်တာစကေး ရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒမှတာဝန်ရှိသူ
တစ်ဦးထံမှ သိရှိရ ပြီးငလျင်ဗဟိုချက်ကို တိုင်းထွာနေဆဲဖြစ်သည်။  

 ယနေ့မနက် မြန်မာစံတော်ချိန် ၈နာရီ၊၅၂မိနစ်တွင် မန္တလေးမြို့၌ ငလျင်လှုပ်ခတ်သွားပြီးငလျင်ဒါဏ်ကြောင့် ပျက်စီးထိခိုက်မှုမရှိကြောင်းဒေသခံများမှပြောပြခဲ့သည်။ မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွှေ့ကျောနှင့်
နီးကပ်စွာရှိနေ၍ ငလျင်ဒါဏ်ကြောင့်အန္တရာယ်ရှိနိုင်ကြောင်းကို ပညာရှင်တို့တွက်ဆထားကြသည်။ မန္တလေးမြို့တွင်လှုပ်ခတ်ခဲ့သောငလျင်အင်အားကို သက်ဆိုင်ရာတာဝန်ရှိသူတို့သတင်းထုတ်ပြန်ခြင်း
မရှိသေးပေ။
အလားတူ မနက်၈နာရီ မိနစ်၅၀အချိန်ခန့်တွင် မုံရွာမြို့တွင်လည်းငလျင်လှုပ်ခတ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ယနေ့မနက် Papua New Guinea ကျွန်းရဲ့ ဒေသစံတော်ချိန် မနက် ၆နာရီအချိန်ခန့်တွင် ငလျင်အင်အား ၆.၆ မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခတ်သွားကြောင်းကိုအမေရိကန် USGS စောင့်ကြည့်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ယမန်နေ့များကလည်း မိုးညှင်းမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာကို ဗဟိုပြု၍ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ အင်အားအပြင်းဆုံးမှာ ၅သမ၅ ရစ်ချက်တာစကေးရှိခဲ့သည်။

No comments:

Post a Comment