Friday 8 June 2012

ကချင်ပြည်နယ်မှ ရှမ်းလူမျိုးတွေရဲ့ KIA ခေါင်းဆောင်ကြီးများအပေါ် ပန်ကြားတောင်းပန်စာ


ဇွန် ၇ရက်
              ကချင်ပြည်နယ်အတွင်းမှာ ကချင်တိုင်းရင်းသားတွေ သီးသန့်နေထိုင်တာမဟုတ်ဘဲ။ကချင်/ရှမ်း/ဗမာ/ရှမ်းတရုတ်စတဲ့လူမျိုးတွေနှစ်ပေါင်းကြာရှည်စွာအတူတကွ အေးအတူပူအမျှ နေထိုင်လာခဲ့ကြပါတယ်။ တိုင်းရင်းသားလူမျိုးတွေကရေကြည်ရာမြက်နုရာကို ရှာဖွေစားသောက် လုပ်ကိုင်နေကြပြီး စိတ်ချမ်းမြေ့စွာနဲ့ ရိုးသားစွာနေထိုင်နေကြပါတယ်။ ကချင်ပြည်နယ်မှာ ၂၀၀၉ လောက် အထိတော့အေးချမ်းပျော်ရွင်စွာနေထိုင်ခဲ့ကြရပေမယ့် အခုနောက်ပိုင်းမှာ လက်နက်နဲ့ခြိမ်းခြောက်မှု အနိုင်ကျင့်တာတွေ အလူးအလဲခံစားနေပါတယ်။ ကချင်ပြည်နယ်မှ ကချင်လူမျိုးစု အများစုနေထိုင်ကြပြီး
ဒုတိယအများစုက ရှမ်းတိုင်းရင်းသားတွေဖြစ်ကြပါတယ်။

               အခုဆိုရင်ကချင်ပြည်နယ်တစ်ခုလုံးဟာ KIA ခေါင်းဆောင်ကြီးများ၏ ပြင်းထန်ရက်စက်လှတဲ့ အမိန့်အောက်မှာ KIAတပ်ဖွဲ့ဝင်များရဲ့ ထင်ရာဆိုင်းသောင်းကျန်နေတာကြောင့် ရုပ်ဆိုးအကျည်းတန်မှုတွေနဲ့ ပြည့်နှက်နေရပါတယ်။ ကချင်ပြည်နယ်ကောင်းစားရေးဆိုပြီးတော့ အသံကောင်းဟစ်နေပေမယ့် တကယ်တမ်းလုပ်ဆောင်နေတာ ကချင်ပြည်နယ်နဲ့ကချင်ပြည်နယ် အတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကိုဖျက်ဆီးနေကြပါတယ်။ တံတားတေကိုမိုင်းထောင်
ဖောက်ခွဲ၊ တာဝါတိုင်တွေကို မိုင်းခွဲ၊ ဆက်သွယ်ရေးအဆောက်အအုံတွေမိုင်းခွဲ၊ လူသတ်၊ မိုင်းထောင်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာ ၁နှစ်ကျော်လာပြီးဖြစ်ပါတယ်။ အစိုးရတပ်ကို တော်လှန်တယ်ဆိုပြီး စစ်နဲ့လုံးဝမပတ်သတ်တဲ့ လုပ်ရပ်တွေဘဲလုပ်ဆောင်နေပါတယ်။

      ကချင်လူမျိုးတွေအပြင် ရှမ်းတိုင်းရင်းသားတွေကိုလဲ အတင်းအဓမ္မ လူသစ်စုဆောင်းမှု ညှင်းပန်းနှိပ်စက်မှုတွေနဲ့တစ်စထက်တစ်စများပြားနေကြရပါတယ်။ KIA အဖွဲ့ရဲ့ ရက်စက်မှုတွေကို ကျွန်တော်သိသလောက်ပြောရရင်တာလောကြီးက ဥက္ကဌဟောင်းကို ၁၁.၉.၂၀၁၁ မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ် နောက်တစ်နေ့ ဥက္ကဌ ကိုလဲကြိုးနဲ့တုတ်ပြီးခေါ်ဆောင် သွားပါတယ်။ တောင်ယာလုပ်ကိုင် စားသောက်တဲ့သူတွေ၊ ရွှေမှော်မှာ လုပ်ကိုင်တဲ့သူတွေ၊မီးသွေးဖုတ်တဲ့သူတွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး လူသတ်လက်နက်တွေကိုကိုင်ဆောင်ပြီး ပြည်သူတွေဒုက္ခရောက်အောင် ခိုင်းစေမှုတွေပြုလုပ်ပါတယ်။ လူသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ်ကိုဖြစ်သူကို လွှတ်ဖို့တောင်းပန်ပြောဆိုသော မရွှေစင်ထိုက်ကိုပါ ဓားစာခံဖမ်းပြီး သူ့ယောကျာင်္းကိုလူစားလာလဲခိုင်းပါတယ်။
        ရှမ်းတိုင်းရင်းသားအမျိုးသမီးများကိုလဲ အတင်းအဓမ္မဖမ်းဆီးပြီး သူတို့ရဲ့သားမယားအဖြစ် အဓမ္မပေါင်းသင်းနေထိုင်တယ်လို့သိရပါတယ်။ အဲဒါကိုလဲ KIA က သူတို့ဟုတ်ပါတယ်လို့ဝန်ခံထား ပါတယ်။ ၀န်ခံထားတာ ၂ယောက်တည်းပါ ဖြစ်နေတာကတော့ တော်တော်လေးများနေပါတယ်။ မိန်းကလေးတွေကို KIA က လုပ်ဆောင်နေတာကတော့လိင်ကျွန်အဖြစ်အသုံးပြုနေတဲ့ပုံစံမျိုးဖြစ်နေပြီး သူတို့တွေရဲ့ ဖြေဖျော်မှုအတွက် အသုံးချနေတာလို့ ဖမ်းဆီးမုဒိမ်းကျင့်ခံရပြီးထွက်ပြေးလွတ်မြောက်လာတဲ့ ရှမ်းအမျိုးသမီးတစ်ဦးကပြောဆိုခဲ့ပါတယ်။
       KIA က လုပ်ဆောင်နေတာဟာ KIA လူကြီးပိုင်းကောင်းစားရေးအတွက်သာ လုပ်ဆောင်နေတာဖြစ်ပြီး ဘာမှမသိနားမလည်တဲ့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးများကို လက်နက်ပြခြိမ်းခြောက် အတင်းစစ်သင်တန်းတက်ခိုင်း၊ လူသတ်လက်နက်တွေကို အတင်းကိုင်ခိုင်း၊ ထွက်ပြေးလို့ ဖမ်းမိရင်နှိပ်စက်၊ ရက်ရက်စက်စက်သတ်ဖြတ်တာတွေလုပ်နေပေမယ့် KIA ခေါင်းဆောင်းတွေက တော့ တရုတ်၊ ထိုင်း၊ စင်္ကာပူနိုင်ငံတွေမှာ မိန်းကလေးတွေနဲ့ဇိမ်ခံနေကြပါတယ်။
KIA ခေါင်းဆောင်းတွေလုပ်ခိုင်းလို့ လုပ်နေကြရတဲ့ KIA တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေက အကြမ်းဖက်
သမားတွေလုပ်နေတဲ့လုပ်ရပ်အတိုင်းကိုဖြစ်နေပါတယ်။

         အခုနောက်ပိုင်းဆိုရင် ယောကျာင်္းလေးတွေကိုဖမ်းနေတာမဟုတ်တော့ဘဲ မိန်းကလေးကိုပါဖမ်းပြီး သားမယားအဖြစ် အတင်းအဓမ္မပေါင်းသင်းမှုတွေ၊ တရုတ်ပြည်ကို ရောင်းစား
တာတွေ၊ ခေါင်းဆောင်တွေရဲ့ ကိုယ်ရံတော်(ကိုယ်လုပ်တော်)အဖြစ် ပြုလုပ်နေကြပါတယ်။ ဒီလိုလုပ်ဆောင်တာဟာကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ကောင်းစားရေးကို လုပ်ဆောင်နေတာမဟုတ်ဘဲ၊ ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားအတွက် သူတို့အာဏာတည်မြဲရေးအတွက်သာ ထင်ရှားနေပါတယ်။
  ဒီလိုအကြမ်းဖက်လုပ်ရပ်တွေဟာ ဘယ်သူ့ကိုမှကောင်းကျိုးမပေးသလို ဘုရားသခင်ကလည်းမကြိုက်ပါဘူး။ဆက်လက်လုပ်ဆောင်နေတယ်ဆိုရင်တော့ဘုရားသခင်ရဲ့ဒဏ်ခတ်တာကို ခံရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားအားလုံးက ငြိမ်းချမ်းစွာနေထိုင်စားသောက်လုပ်ကိုင်နေကြပါပြီး။ တိုင်းရင်းသားအားလုံးက မြန်မာပြည်မှာနေထိုင်တဲ့ သူတွေအားလုံးအတူတူပါဘဲ။ ကချင်လူမျိုးကြီးဝါဒကိုလက်စွဲကိုင်ထားဖို့မသင့်ပါဘူး။
တိုင်းရင်းသားတွေကို လက်နက်အားကိုးပြီးဖမ်းဆီး၊ နှိပ်စက်၊ ညှဉ်းပမ်း၊ သတ်ဖြတ်နေတာတွေကို KIA ခေါင်းဆောင်ကြီးများ ရပ်ဆိုင်းပေးပါလို့ ကချင်ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားအားလုံးကိုယ်စား တာလောကြီးမှာနေတဲ့ ရှမ်းတိုင်းရင်းသားများက တောင်ဆိုပါတယ်။ တိုင်းရင်းသားအားလုံးက အေးအေးချမ်းချမ်း ကောင်းကောင်းမွန်မွန်နဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်စေချင်ပါတယ်။ အစိုးရနဲ့အမြန်ဆုံး အပြစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးကြပြီး
ကချင်ပြည်နယ်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပါလို့ အနူးအညွှတ်တောင်းပန်လိုက်ပါတယ်။
                                                                                                တာလောကြီးရွာမှ ရှမ်းတိုင်းရင်းသားတစ်ဦး

No comments:

Post a Comment