Friday 8 June 2012

KIA မှဆကားပါနဲ့ နော့လန်ရွာ တို့တွင်လူသစ်စုဆောင်း

ဇွန် ၇ ရက်
           KIA ဗဟိုမှဗိုလ်လဆိုင်းနဲ့ လူတွေက မနေ့ည ၁နာရီခွဲလောက်တုန်းက နော့လန်ရွာသို့ ရောက်လာပြီး ရွာမှရွာသား၎ဦးကို တပ်သားသစ်အဖြစ် အတင်းအဓမ္မလူသစ် စုဆောင်း သွားခဲ့ ပါတယ်။ နော့လန်ရွာမှ မနက် ၂နာရီမှာဆကားပါရွာသို့ ထွက်ခွါသွားပြီး ဆကားပါရွာမှ ရွာသား ၅ ဦး ကိုလဲတပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့တယ်လို့ ဆကားပါရွာသားများကပြော ပါတယ်။

   KIA အခုလိုမျိုး  ညအချိန်မတော် လူတွေအိပ်ချိန်မှာ အတင်းအဓမ္မဖမ်းဆီးပြီးလူသစ် စုဆောင်းနေတာတွေက တော်တော်လေးများနေပါပြီး ရွာတွေမှာရှိတဲ့ ယောကျာင်္းလေးတေကွ အိမ်မှတောင် မအိပ်ရတော့ဘဲ တောထဲမှာ မြွေတွေကင်းတွေမကြောက်ဘဲသွားရောက်ပြီး ပုန်းခိုအိပ်နေကြရပါတယ်။ ကချင်ရွာသားတွေက အိပ်ကောင်းချင်း မအိပ်ရစားကောင်းချင်းမစားရဘဲ မိသားစုစားဝတ်နေရေးကို လုပ်ဆောင်ခြင်းမရှိနိုင်ဘဲ KIAရဲ့အတင်းအဓမ္မ စုဆောင်းခြင်းကို မခံရအောင် စိတ်ဆင်းရဲကြီးစွာနေထိုင်နေရတယ်လို့ ဆကားပါရွာက သားတစ်ယောက်ရဲ့ မိခင်တစ်ဦးမှ KDN သတင်းကို လိုက်လံယူဆောင်ပေးနေတဲ့သူ တစ်ဦးအား ပြောပြခဲ့ပါတယ်။

No comments:

Post a Comment