Monday 25 June 2012

ဘားမားစုကြည်၏ သဘောထားအမှန် ပြည်သူသိစေရန်



          အမေစုရဲ့နိုင်ငံတကာမှာပြောတဲ့ မိန့်ခွန်းလေးတွေကို လိုက်ပြီးတော့ နားထောင်ကြည့်မိရင်း အမေစု ရဲ့ သဘောထားတွေကို သဘောပေါက်လာသလိုပါပဲ။ ကိုလိုနီ သူများလက်အောက်ဘ၀က ခေါ်ခဲ့တဲ့ Burma ဆိုတာကြီးကို Myanmar လို့ အဓိပါယ်ရှိရှိ ပြောင်းလဲခေါ်ဆောင်ခဲ့တာ လွတ်လပ်ရေးရပြီး ကတည်းကပါပဲ။ ဒါပေမဲ့ဗျာ ဒေါ်အောင်ဆန်းစုကြည်က သူ့ယောက်ကျား မိုက်ကယ်အဲရစ်ကို သတိရ လို့လား ဒါမှမဟုတ် ကုလားဖြူတွေကိုပဲ ပိုချစ်တာလားတော့မသိဘူး။ Burma ဆိုတဲ့ ကျွန်ခေတ်က အသုံးအနှုန်းချည်းကိုပဲပြန်ပြောနေတာကိုကြားရတော့မျက်စိထဲမှာကိုလိုနီဘ၀ကြီးကို ပြန်မြင်ယောင်  နေမိပါတယ်။ ယခုအချိန်ထိ ကိုလိုနီခေတ်ရဲ့ အမွေဆိုးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြဿနာ ကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။နယ်စပ်ဒေသတွေမတည်ငြိမ်တာလည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့်အမေစုကို အင်္ဂလန်က   နိုင်ငံ့ခေါင်းဆောင် တွေသာ   ပြောခွင့်ရတဲ့ လွှတ်တော် ( ၂ ) ရပ်လုံးမှာ မိန့်ခွန်းပြောခွင့်ပေးပြီး မြှောက်စားတာက နောက် တစ်ကြိမ် ကိုလိုနီဘ၀ကို ပြန်လည်သွတ်သွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထင်ရှားပေါ်လွင်စေတယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။
          အမေစုရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် စီးပွားရေး ဖိုရမ်မှာ ပြောခဲ့တဲ့ ဘားမားမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိပါဘူး။ အလုပ်သမား အရေးတောင်းဆိုမှုတွေလည်း ဖြစ်နေတော့ အချိန်ကိုက် ပေါက်ကွဲ တော့မဲ့ ဗုံးတစ်လုံး လိုပါပဲ။ အစိုးရ အနေနဲ့လည်း အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တယ် ပြောပြီး အာဆီယံနိုင်ငံတွေ အကြား ရင်းနှီးမြှုတ်နှံမှုတွေ ၀င်ရောက်မလာအောင် ဟန့်တားခဲ့ပါတယ်။

          အခု အနောက်နိုင်ငံခရီးစဉ်မှာ အမျိုးတွေနဲ့လည်းတွေ့ရော မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြပါ။ ဦးသိန်းစိန်ကလည်း အရမ်းကောင်းပါတယ် ဖြစ်သွားပြန်ရော။ စကားတွေက ရှေ့နောက် မညီ၊ ပြောချင်သလို ပြောနေတော့တာပါပဲ။ အမေစုပြောတဲ့စကားတွေကို ပြန်ပြီးကြည့်လိုက်တော့ ရင်နှီး မြှပ်နှံမှု လုပ်တာချင်းအတူတူ အမေစုကို အမွှန်းတင် မပြောကြတဲ့ ASEAN နိုင်ငံတွေကိုကျတော့ ရင်းနှီး မြှပ်နှံလို့ မရအောင်ပြောတယ်။ ခေတ်သစ်ကိုလိုနီ ဇာတ်သွင်းဖို့ကြိုးစားနေတဲ့ နိုင်ငံတွေကိုကျတော့ ၀မ်းပန်းတသာ “ပုဝါနှစ်စ အသာချ လာသမျှလက်ခံ” ဇာတ်ခင်းနေတာတော့ လွန်လွန်းပါတယ်။

          ASEAN နိုင်ငံတွေက အစိုးရခြင်း ပေါင်းစည်းလုပ်ကိုင်ဖို့ကျတော့ အမေစုလိုချင်သလို ဖူးဖူး မှုတ်မထားဘူးလေ။ ဒါပေမဲ့ အနောက်အုပ်စုကတော့ သူတို့လိုချင်တဲ့ရုပ်သေးအစိုးရကို ရဖို့အတွက် အမေစု ကို မြှောက်ထိုးပင့်ကော်တွေလုပ်၊ တကယ့်ကို ဘုန်းကြီးရူးနဲ့ လှေလူး လိုက်နေတော့တာပါပဲ။ အမေစုရဲ့ စိတ်ဓာတ်ကတော့ အံ့သြဖို့ကောင်းပါတယ်။ ကိုယ့်နိုင်ငံကို ကျွန်ပြုတဲ့ ကုလားဖြူကိုယူခဲ့တယ်။ ဒါကတော့ ကိုယ်ရေးကိုယ်တာမို့လို့ ထားပါတော့။ ဒါပေမဲ့အာဏာရဖို့အတွက် တိုင်းပြည်ကို နောက်တစ်ခါ ကျွန်ဘ၀ ရောက်ပြီး သူများကြိုးဆွဲရာကရတဲ့ ရုပ်သေးအစိုးရဘ၀မျိုးကို နောက်တစ်ကြိမ်ရောက်ရတော့မှာ ဖြစ်လို့ ပြည်သူအားလုံးကို အမေစုရဲ့ စိတ်ဓာတ်လေး တင်ပြပေးရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေ အနေနဲ့ အင်္ဂလိပ်ရဲ့ ကိုလိုနီဘ၀ကို နောက်ကြိမ်ပြန်ရောက်ချင်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ …………….
အမေစု . . အမြင်မှန်ရပါစေ . . . . .

No comments:

Post a Comment