Wednesday 27 June 2012

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံအကျိုးကို ပိုမိုဆောင်ရွက်သင့်ကြောင်းနှင့် ဒီမိုကရေစီကူးပြောင်းရေးတွင် သတိထားရမည့် အချက်များ

အော်စလိုမြို့တွင် သူ၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို နောက်ကျလက်ခံမိန့်ခွန်းပြောကြားမှုတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလအစောပိုင်းက သူပြောဆိုခဲ့သည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် သတိထားလုပ်ဆောင်ရန် တိုက်တွန်းခဲ့မှုကို သွယ်ဝိုက်လှီးလွှဲပြောဆိုသွားခဲ့ပါတယ်။ “သတိပြု အကောင်းမြင်ကြရန် ကျွန်မပြောဆိုနေရခြင်းမှာ အနာဂတ်ကို ကျွန်မ မယုံကြည်လို့မဟုတ်ပါဘူး၊ မျက်ကန်း ယုံကြည်မှုမျိုးကို အားမပေးလိုသောကြောင့်” ဟု စနေနေ့တွင် သူကပြောကြားခဲ့ပါသည်။ ၄င်းသည် စိတ်ဝင် စားစရာ အခိုက်အတန့်ဖြစ်ခဲ့ပြီး ဒီမိုကရေးစီခေါင်းဆောင်တွင် မပြုသဘောဆောင်သည့် အတိုက်အခံခေါင်း ဆောင်ဖြစ်လာရန် ရှေ့တွင် ခက်ခဲသည့်လမ်းတစ်ခုရှိနေကြောင်း အရိပ်အမြွှတ်ပြဆိုနေပါသည်။

မြန်မာနိုင်ငံ၏ ရုတ်တရက် အိမ်မက်ဆန်ဆန်တံခါးဖွင့်မှုနှင့် လွှတ်တော်တွင် ဒေါ်စုကြည်၏ အခန်း ကဏ္ဍသစ်တို့ကြောင့် ကမ္ဘာကိုအံ့အားသင့်မှင်တက်မိစေခဲ့ပါသည်။ သူသည်လွန်ခဲ့သည့် နှစ်၂၀ တွင်နေအိမ် အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကျခံနေရစဉ်အတွင်းမှာပင် နိုင်ငံတကာအလယ်တွင် ရဲရင့်သူတစ်ဦးအဖြစ်လည်း ကောင်း၊ စစ်အစိုးရကို အကြမ်းမဖက်သူတစ်ဦးအဖြစ်လည်းကောင်း၊ လူ့အခွင့်အရေးနှင့်နိုင်ငံရေးလွတ်လပ် ခွင့်အတွက် သတ္တိရှိရှိတိုက်ပွဲဝင်ခဲ့သူတစ်ဦးအဖြစ်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေး အသွင်ကူးပြောင်းမှုများ အောင်မြင်ရန်အတွက် ဒေါ်စုကြည် အနေဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရလိမ့်မည်ဖြစ်ပါသည်။ နိုင်ငံအနေဖြင့် အာဏာရှင် စနစ်နှင့် နိုင်ငံတကာနှင့်ကင်းကွာနေမှုကို ကျော်လွှားရန်အတွက် ဒေါ်စုကြည်သည် လွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင်အဖြစ် ပြည်သူ့သဘောထားကို ကိုယ်စားပြု ဖော်ထုတ်ပေးရမည် ဖြစ်သကဲ့သို့ ပြည်ပရှိ မြန်မာနိုင်ငံ၏အကျိုးစီးပွားနှင့်ပတ်သက်၍လည်း ထောက်ခံအားပေးရလိမ်မည်ဖြစ်ပါသည်။ ၄င်းမှာ နိုင်ငံ၏ စီးပွားရေးမူဝါဒများနှင့် အင်စတီကျူးရှင်းများအနေဖြင့် အားနည်းနေပြီး အလုံစုံ ပြုပြင်ရန်လိုအပ်နေ သည့်တိုင်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းအားပေးရန် ဆိုလိုခြင်းဖြစ်ပါသည်။
အတွင်းလူများအတွက် အတိုက်အခံခေါင်းဆောင်၏လုပ်ရပ်သည် အစဉ်အမြဲစိန်ခေါ်မှုရှိနေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်အတွက် ဘန်ကောက်သို့ သွားရောက်ခဲ့သည့် ဒေါ်စုကြည်၏ မကြားသေးမီက ခရီးစဉ်(၁၉၈၈ ခုနှစ်မှစ၍ သူ၏ပထမဆုံးခရီးစဉ်)က ပြဆိုနေပါသည်။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးဗိသုကာဖြစ်သူ သမ္မတဦးသိန်းစိန်သည် အဆိုပါဖိုရမ်တွင် မိန့်ခွန်းပြောရန် ရည်ရွယ်ထားခဲ့ သော်လည်း ဒေါ်စုကြည်သည် သူ၏ခရီးစဉ်ကို အသိပေးခဲ့ခြင်းမရှိပါ။ သမ္မတကြီးသည် ၄င်း၏သဘောဆန္ဒ အလျောက် ထိုခရီးစဉ်ကို အလောတကြီးဖျက်သိမ်းခဲ့ပါသည်။

ဖိုရမ်တွင် ဒေါ်စုကြည်သည် စိတ်ပျက်ဖွယ်ရာ အချို့ကိုပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏တရားရုံး များသည် အားနည်းလွန်းသဖြင့် ဥပဒေများကို ဖော်ဆောင်နိုင်ခြင်း မရှိကြောင်းနှင့် အစိုးရသည်ပွင့်လင်း ထင်သာ မြင်သာ မရှိကြောင်း သူကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို သတိပေးခဲ့ပါသည်။ သူ၏ပြောကြားမှု သည် တရားဥပဒေစိုးမိုးမှုမရှိမီ စီးပွားရေးလုပ်ဆောင်မှုကို ဦးစားမပေးရန် ဆိုလိုသည့်ပုံပေါက်နေပါသည်။ သို့သော်ယင်းကို နိုင်ငံ၏ဆင်းရဲသော အလုပ်သမား၊ လယ်သမားများက သဘောတူမည့်ဟန်မရှိချေ။
ဒေါ်စုကြည်သည် သူ၏နိုဘယ်လ်ငြိမ်းချမ်းရေးဆုလက်ခံမိန့်ခွန်းကို အော်စလိုမြို့၌ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါသည်။
သူသည်ယင်းတွင် ယခင်ကပြောဆိုခဲ့မှုအစား မသိမသာကွဲပြားသောအမှာစကားအချို့ကိုပြောကြား ခဲ့ပါသည်။ အရင်းအမြစ်စက်မှုလုပ်ငန်း (ရေနံ၊ သဘာဝ၊ ဓာတ်ငွေ့၊ ကျောက်မျက်၊ ဓာတ်သတ္တု) ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝါဒများကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်သုံးသပ်သင့်ပြီး ကုန်ထုတ်လုပ်ငန်းများ၊ အထူးသဖြင့် လုပ်သားအခြေပြု ပို့ကုန်လုပ်ငန်းများနှင့် နိုင်ငံခြားငွေရရှိရေးနှင့် အလုပ်အကိုင်ဖြည့်ဆည်းပေး နိုင်မည့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နွေးထွေးစွာကြိုဆိုသွားသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ပို၍အရေးကြီးသည်မှာ သူ၏ NLD ပါတီသည် အစိုးရအား ခုံပျံကျော်လွှားစီးပွားရေးအတွက် များစွာ
ပြုပြင်ပြောင်းလဲရန် လိုအပ်နေမှုကို ဖိအားပေးရန် မိန့်ခွန်းတွင် ထောက်ပြထားခြင်းဖြစ်ပါသည်။ ၄င်းတို့ အနက် အစိုးရအနေဖြင့် ချက်ချင်းပြုပြင်ပြောင်းလဲရန် လိုအပ်မှုများစွာရှိပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးမှ သည်ပို့ဆောင်ရေးနှင့်ကုန်ထုတ်လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုရပ်ဝန်းများပိုမိုတိုးတက်ကောင်းမွန်စေရေးတို့ အထိပါဝင်ပါသည်။
ယခုနှစ်အစောပိုင်တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စဉ် လွှတ်တော်အမှတ်နေရာ ၄၅ နေရာအနက် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီးနောက် ယခုအခါဒေါ်စုကြည်နှင့် NLD သည်ယင်းကိုအမိအရ ဆုပ်ကိုင်ထားရမည်ဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် နိုင်ငံ၏ အဓိကဦးစားပေးကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရန်လိုအပ်သလို ယင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရနှင့် ထိတွေ့ပူးပေါင်းဆက်ဆံရန် လိုအပ်ပါသည်။ NLD အနေဖြင့်ပြည်တွင်း အသိုက်အ၀န်းများနှင့် လက်တွဲလုပ် ဆောင်နေရမည်ဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့အပြင်နိုင်ငံ၏  များပြားလှသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ် သတ်မှတ်နိုင်ရန် ကျွမ်းကျင်သူပညာရှင်များကို အသုံးပြုသွားရမည်ဖြစ်ပါသည်။
လူ့အဖွဲ့အစည်း မျှတစည်ပင်ကြီးပွားရေးကို တည်ဆောက်ရန်အတွက် တရားဥပဒေ စိုးမိုးမှု ရှိရမည် ဟု ဒေါ်စုကြည်က ပြောကြားမှုမှာ သံသယရှိစရာမလိုသော်လည်း သူဦးဆောင်သည့် NLD အနေဖြင့် ယင်းကို မည်ကဲ့သို့ ဖော်ဆောင်မည်ကို ပြောကြားခဲ့ခြင်းမရှိပေ။ ဆင်းရဲမွဲတေမှုမှာ လက်တွေ့ရင်ဆိုင် နေရ သည့်ပြဿနာဖြစ်ပြီး ၄င်းကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါသည်။ NLD အနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရန် နှင့်ခုန်ပျံကျော်လွှာဖွံ့ဖြိုးတိုးတက်စေမည့် မဟာဗျူဟာများနှင့် စွမ်းဆောင်ရည်များ ၄င်းတို့တွင်ရှိကြောင်း ထုတ်ဖော်ပြသရန် လိုအပ်ပါသည်။
ကြားဖြတ်ရွေးကောက်ပွဲအကျိုးရလဒ်မှာကြီးမားစွာပေးစွမ်းခဲ့ပြီး၂၀၁၅ခုနှစ်၊ရွေးကောက်ပွဲတွင်လည်း လွတ်လပ်မျှတမှုဖြစ်စေရန် ညွှန်ပြနေပါသည်။ ကျန်ရှိသည့်နှစ်များတွင် လက်ရှိအစိုးရ၏စွမ်းဆောင်ရည်ကို NLD အနေဖြင့် ထောက်ပြရလိမ့်မည်ဖြစ်ပါသည်။ ရှေ့လာမည့်ခုနှစ်သည် နိုင်ငံတွင်လုပ်ဆောင်ရမည့် လုပ်ငန်းများပြင်ဆင်ရန် NLD အတွက် အရေးကြီးသော ကာလတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ပါသည်။
လူ့အခွင့်အရေး၊ တိုင်းရင်းသားဒေသတွင်း တင်းမာမှုများ၊ တပ်မတော်နှင့်ဆက်ဆံရေး၊ သင့်လျော် သည့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၄င်းတို့၏ သဘောထား ရပ်တည်ချက်ကို ပါတီအနေဖြင့် ချပြစမ်းသပ်ခံရန် လိုအပ်ပါသည်။ ဥပမာအနေဖြင့် မကြာသေးမီကဖြစ်ပျက် ခဲ့သောမြန်မာနိုင်ငံအနောက်မြောက်ဒေသသည် ရခိုင်ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်ရိုဟင်ဂျာများအကြားလူမျိုး ရေးအကြမ်းဖက်မှုတွင်  ဒေါ်စုကြည်က တိုင်းပြည်၏နိုင်ငံသားဥပဒေကို သတ်မှတ်ပြဌာန်းသင့်သည်ဟု ယခုသီတင်းပတ်တွင်ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့သောစိန်ခေါ်မှုအမျိုးအစားများကို အခိုင်အမာတုန့်ပြန်ရန် လိုအပ်လိမ့်မည် ဖြစ်ပါသည်။
လက်ရှိအာဏာရပါတီသည် ဥပဒေစိုးမိုးရေးနှင့် ပတ်သတ်ပြီး အားနည်းပျက်ကွက်သည်ဟု ရှုမြင် ပါကအစိုးရနှင့် ပူးပေါင်းပြီး ယုံကြည်မှုတည်ဆောက်ရာတွင် NLD အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင် ရမည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ သမ္မတဦးသိန်းစိန်နှင့် အခြားသောပြုပြင်ပြောင်းလဲလိုသူများနှင့် အပြု သဘောဆောင် မိတ်ဖက်ဆောင်ရွက်ပါက NLD အနေဖြင့် ၄င်းတို့၏ ယုံကြည်မှုပြန်လည် ရရှိလာလိမ့်မည် ဖြစ်ပြီး ၄င်းသည် ငြိမ်းချမ်းစွာ အာဏာရယူခွင့်ရရှိနိုင်လိမ့်မည် ဖြစ်ပါသည်။
ဒေါ်စုကြည်သည် အမှန်တရားကို မြတ်နိုးသူအဖြစ် သူ့ကိုထောက်ခံသူများနှင့် ကမ္ဘာက မှတ်ယူ ထားပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်တွင် လူ့အခွင့်အရေးနှင့် လွပ်လပ်ခွင့်အတွက် သူ၏ရဲရင့်စွာ ရပ်တည်မှုထက် သူ၏ နိုင်ငံအတွက် စစ်မှန်ပြီး အပြီးသတ်ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးနိုင်မည့် စိတ်ရင်း စေတနာသည်သာ အရေးကြီးပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနောက်အုပ်စုများ၏ ပံ့ပိုးမှု၊ အားပေးမြှောက်စားမှုအပေါ်မူတည်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လလှမ်း မ ယ်ဆိုရင် တစ်ချိန်မှာ ပြန်လည်ပေးဆပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပေးဆပ်တဲ့အချိန်မှာ မြန်မာလူမျိုးတွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ပျောက်ပျက်ပြီး ဘာသာ၊ သာသနာညှိုးနွှမ်းသွားမဲ့အကျိုးကို မြန်မာပြည်သူတွေခံစားရမှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံများ၏ ဓလေ့ထုံးစံ၊ ဘာသာယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံ၏ ဓလေ့ထုံးစံ၊ ဘာသာယဉ်ကျေးမှုတို့ နတူကွဲပြားကြောင်း ဒေါ်စုကြည် ကြိုးစားဖို့ လိုပါမယ် . . . . . .

No comments:

Post a Comment