Thursday 3 November 2011

ဖြေရှင်းကြပါစို့ကို ဖြေရှင်းရခြင်း

မနေ့က ကျွန်တော် ဖြေရှင်းကြပါစို့ကို ရေးလိုက်ပါတယ်။ ခါတော်မီလို့ ထင်ကြသလို ကိုယ်ဖြင့် ဘာမှမလုပ်နိုင်ဘဲ ကွန်ပြူတာရှေ့ထိုင်အော်တယ်လို့လည်း ပြောကြပါတယ်။ ဒါ့ကြောင့် ဒီစာကို ထပ်ရေးပါတယ်။

ရွာထိပ်က ငမူး မူးနေတုန်းက မရေးခဲ့တာဟာ ငမူး မူးတာ မဆန်းလို့ပါပဲ။ ရွာလည်က ငသူတော် ပုပ်မှ သိမှာစိုးလို့ ဆက်ရေးပါမယ်။ စေတနာမှန်မှန်နဲ့ ကိုယ်ကျိုးစွန့်ပြီး တကယ်ကြိုးပမ်းနေသူတွေကို မရည်ရွယ်ပါဘူး။ စိတ်ထားမမှန်ရင်တော့ ကျွန်တော့်စာက နာကျဉ်ထိခိုက်စေပါလိမ့်မယ်။ တမင်နာအောင်ရေးတယ်ပဲ ဆိုကြပါစို့။

ခုချိန်မှာ မြန်မာနိုင်ငံအတွက် ရောင်နီလေး သမ်းစပြုလာချိန်ပါပဲ။ အန်တီစုနဲ့ အစိုးရနဲ့ ပြေလည်သွားမယ်ဆိုရင် ဘယ်သူတွေ အကျိုးရှိမှာလဲ။ သေချာပေါက် အကျိုးဖြစ်ထွန်းလာမှာက ပြည်သူသန်း ၆၀ ပါပဲ။ ဒါဆို ဘယ်သူတွေ ထိခိုက်မှာလဲ။ ထစ်ခနဲရှိ စီစီစီစီ ထလုပ်တတ်တဲ့ လွတ်လပ်သော မီဒီယာသမားများ အကျိုးပျက်ကိန်းပါပဲ။ သူတို့အတွက် ဇာတ်လမ်းအသစ်ရှာရတော့မယ်။ တသက်လုံး ဆုပ်ကိုင်လာတဲ့ သဘောတရားတွေ ခွေးကျွေးပစ်ရတော့မယ်။ သူတို့ လူဘယ်လောက်များမှာပါလိမ့်။ လွန်ရော ကျွံရော ၆ သန်းပေါ့။ ၁၀ % ပဲဆိုကြပါစို့။ ဒီ ၁၀% နဲ့ ကျန် ၉၀ % ကို လဲပစ်မလားဆိုရင်တော့ ကျွန်တော်သာဆို မလဲပါဘူး။

ကျွန်တော်တို့ နိုင်ငံတိုးတက်သွားဖို့အတွက် ကိုယ့်ထမင်းအိုး ကိုယ်ပြန်ရိုက်ခွဲသင့်ရင် ရိုက်ခွဲရပါလိမ့်မယ် မီဒီယာချစ် ကိုကိုမမများ ခင်ဗျား။ တိုးတက်သွားတဲ့ အချိန်မှာ ကိုကိုမမများအတွက် ဒိထက်ပိုပြီး သိက္ခာရှိတဲ့ မီဒီယာတခုက စောင့်ကြိုနေပါလိမ့်မယ်။ ခုချိန်မှာ မီဒီယာသမားတွေရဲ့ လမ်းခွဲပဲဖြစ်ပါတယ်။ ကိုယ် ဘယ်ဘက်ရပ်မှာလဲဆိုတဲ့ မေးခွန်းကို ကိုယ်ကိုယ်တိုင်ပဲ ဖြေရမှာပါ။


ယခု ရိုဟင်ဂျာအရေးဟာ ဘာသာရေးလည်း မဟုတ်ပါဘူး။ လူမျိုးရေးလည်း မဟုတ်ပါဘူး။ ကုလားတစုကို ခေါင်းတည်ပေးပြီး မြန်မာနိုင်ငံမှာ မငြိမ်သက်မှုကို ဖန်တီးချင်သူတွေရဲ့ ထိုးဇာတ်တခုပဲဖြစ်ပါတယ်။ ဘီဘီစီ ပုပ်နံ့ထွက်လာတာကို ၀ိုင်းဖုံးဖိပေးပြီး မသိချင်ယောင် ဆောင်နေကြမယ်ဆိုရင်လည်း ရပါတယ်။ ပြည်သူဆိုတာ သန်း ၆၀ ဖြစ်တယ်။ ဒီလူတွေကို ဒါတွေသိလာအောင် ကျွန်တော်တို့ ကိုယ်တတ်နိုင်တဲ့ဘက်က ဆက်ပြောပြသွားမှာပါ။ ဖုံးထားလေလေ သိချင်လေလေဆိုတာ လူ့သဘာဝပါပဲ။ ဆက်ဖုံးချင်သပဆိုလည်း လုံအောင်သာ ဖုံးကြပါလို့ ပြောပါရစေ။

ကျွန်တော် ထပ်ပြောပါမယ်။ ဒါဟာ လူမျိုးရေးမဟုတ်သလို ဘာသာရေးနဲ့လည်း မဆိုင်ပါဘူး။ မီဒီယာနာမည်ခံတဲ့ လူရှုပ်တစုက ဒီမိုကရေစီစနစ်ဖြစ်မလာအောင် ချောက်တွန်းတာဖြစ်ပါတယ်။ သူတို့ ခွက်လက်ဆွဲမစားခင် နောက်ဆုံးထွက်သက်အဖြစ် ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးရူးလို ကမူးရှူးထိုး ပြန်ကိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ အချင်းချင်းစိတ်ဝမ်းမကွဲဘဲ ဒီကိစ္စကို တညီတညွတ်တည်း ဖြေရှင်းသွားကြဖို့ပါပဲ။ ဒေါသသံတွေ အထိုက်အလျှောက်ပါနေကြတယ်ဆိုတာ လူတိုင်းရဲ့ ရင်ထဲက တိုင်းပြည်ချစ်စိတ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တဦးချင်းဆိုရင်တော့ ဘာမှ မဟုတ်ကြပါဘူး။ ဒါပေမယ့် အမျိုးကို ထိလာပြီဆိုရင်တော့ တဦးချင်းလည်း ငြိမ်မခံတတ်ကြပါဘူး။

ကုလားကို မမုန်းပါဘူး။ သူတို့ရဲ့ လူဖြစ်တည်နေမှုကိုလည်း လေးစားပါတယ်။ ဒါပေမယ့် ကုလားဗန်းပြပြီး မီဒီယာလေအလာမှာ ရွက်လွှင့်ထွက်လာမယ့် နယ်ချဲ့စနစ်သစ်ကိုတော့ မကြိုဆိုပါဘူး။

အဆုံးသတ်အနေနဲ့ ကျွန်တော့်စကားကို ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော် ဘယ်မီဒီယာနဲ့မှ မပတ်သတ်နေသလို ဘယ်အစိုးရ ဘယ်ပါတီနဲ့မှလည်း မပတ်သတ်ပါဘူး။ နိုင်ငံရေးကိုလည်း စိတ်မ၀င်စားပါဘူး။

ကျွန်တော့် ပုဂ္ဂလိက အနေနဲ့တော့ နောင်တချိန် ရခိုင်ပြည်ကို သွားလည်တဲ့အခါ ဗီဇာမယူချင်ဘူးဆိုတာပါပဲ။

အဓိကလိုရင်းကတော့ လူတစုရဲ့ ကလိမ်ဥာဏ်ကို လူအများကြီးက ခပ်အေးအေးပဲ နေချင်ပါတယ်ဆိုတဲ့ စိတ်တခုတည်းကြောင့်တော့ မခံလိုက်ရဖို့ပါပဲ။ ကိုယ်ခပ်အေးအေးနေခဲ့ရင် ကိုယ့်မျိုးဆက်တွေအတွက် အပူဓာတ်တွေ မွေးပေးခဲ့သလို ဖြစ်နေပါလိမ့်မယ်။

ကျွန်တော့်ကို အမြဲအားပေးဆုံးမလာခဲ့တဲ့ ကိုငြိမ်းအေးအိမ်လို ပုဂ္ဂိုလ်မျိုးတွေ၊ ကျွန်တော် ချစ်ခင်လေးစားရတဲ့ ကဗျာဆရာတွေ၊စာရေးဆရာတွေ၊ ကာတွန်းအနုပညာရှင်တွေ၊ ဓာတ်ပုံနဲ့ ပန်းချီ အနုပညာသမားတွေ၊ သူတို့တွေလည်း ရင်ထဲမှာ ဆန္ဒကိုယ်စီရှိကြပါလိမ့်မယ်။ ဒီလူတွေ ဘာလို့များ ငြိမ်နေကြပါသလဲလို့တော့ သံသယ မဖြစ်စေချင်ပါဘူး။ တကယ့်အရေးမှာ သူတို့နိုင်ရာဘက်ကနေ တိုင်းပြည်အတွက် ပါဝင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဆူပွက်နေတဲ့ သွေးတွေကို သူတို့ သွန်သင်ဆုံးမကြပါလိမ့်မယ်။

ကိုဖြိုး

No comments:

Post a Comment