မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Friday, 14 March 2014
မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များ မှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မန္တလေးတိုင်းဒေသ၀န်ကြီးချုပ်ယာဉ်တန်းကို လုပ်ကြံသူများအား ဆုငွေထုတ် ဖမ်းရန်စီစဉ်
ရန်ကုန်၊ မတ် ၁၃ - မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ယာဉ်တန်းကို ဆွဲမိုင်းဖြင့် တိုက်ခိုက်လုပ်ကြံသူများ ကို ဆုငွေထုတ်ကာ ပြည်သူများ၏အ ကူအညီဖြင့် ဖမ်းဆီးနိုင်ရန်စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိကြီးတစ်ဦးက ဒီမိုကရေစီတူဒေး သို့ ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
တပ်သားသစ် စုဆောင်းရေး KIA ပြန်လည်ပြုလုပ်နေ
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)အတွင်း KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့တဲ့ ရက် ပိုင်းတွေ မှာ ရှမ်းမျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများကို တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ဆို သလို ပြန်လည်ပြုလုပ်နေပြန်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ဆိုပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ပျောက်ဆုံးနေတဲ့လေယာဉ် နာရီများစွာ ဆက်လက်ပျံသန်းခဲ့ဟု သံသယရှိ
မလေးရှားအဲလိုင်း 370 ဟာ နောက်ဆုံးအတည်ပြုနိုင်တဲ့နေရာကနေ နောက်ထပ် လေးနာရီလောက် ဆက် လက် ပျံသန်းခဲ့တယ်လို့ အမေရိကန်စုံစမ်းသူတွေက သံသယရှိကြောင်း စုံစမ်းမှုနဲ့နီးစပ်သူတွေက ပြောတဲ့ အတွက် လေယာဉ်ဟာ ဘာမှန်းမသိရတဲ့အခြေအနေမှာ နောက်ထပ် မိုင်ပေါင်းရာနဲ့ချီပြီး ပျံသန်းခဲ့ တဲ့ဖြစ်နိုင်ချေတွေ တွေ့ရပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ပျောက်ဆုံးလေယာဉ် ဆက်ပျံခဲ့တယ်ဆိုတာ မဟုတ်
ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကို လိုက်လံရှာဖွေနေကြစဉ်
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှု ပြုလုပ်ပြီး တဲ့နောက် ပိုင်း နာရီအတော်ကြာအထိ ဆက်လက် ပျံသန်းနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ် မှန်ကြောင်း မလေးရှားအရာရှိတွေက ငြင်းဆိုလိုက်ပြီး တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ရိုက်ယူ ထား တဲ့ ပုံတွေထဲမှာ လေယာဉ်ပျက်တဲ့ အပိုင်းအစတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို
ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အံ့မခန်း အစွမ်းတို့ဖြင့် ကမ္ဘာထိ စိန်ခေါ်ပြချင်သည့် မြန်မာပြည်သား မတစ်ထောင် တစ်ကောင်ဖွား
အမြင့် လေးငါးပေခန့်သာရှိသည့်စင်ပေါ်တွင် အသက် ၄ဝ နှစ် ခန့်အရွယ်ဟု ထင်မှတ်ရသော ခန္ဓာကိုယ်ခပ်တောင့်တောင့် အသားခပ်လတ်လတ် အမျိုးသားတစ်ဦးမှာ ပုလင်းတစ်လုံးပေါ်တွင် ဓာတ်ခဲတစ်လုံးတင်ကာ အဆိုပါ ဓာတ်ခဲပေါ်တွင် ၎င်း၏ခြေထောက်နှစ်ချောင်းအား မရမကတင်၍ လက်နှစ်ဖက်က မြေကြီး ကိုထောက် ကာ မှောက်လျက်အနေအထား။
ဆက်လက်ဖတ်ရှုပါရန် »
သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဘူးလို့ အစိုးရပြောကြား
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာ အမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်းသတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများ ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ ရှမ်းစာပေသင်တန်း ဆရာမတဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ
မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီ လောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ လုပ်ကိုင်နေရာမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချ ထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
တရားမ၀င် အန်ဂျီအိုအဖွဲ့တွေ ပိတ်ပင်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု
ရခိုင်ပြည်နယ်မှာ တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရှိဘဲ ကူညီနေတဲ့ NGOs/INGOs တွေကို ရခိုင်ပြည် နယ် အစိုးရက တားဆီးပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူအားထားရတဲ့ လူထုကိုယ်စားလှယ်တွေ ရွေးကောက်နိုင်ရေး အတွက် ပြည်သူတွေကို အသိပညာပေးရေးလုပ်ငန်းတွေမှာ အရပ်ဘက်အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါ တယ်။
ဆက်လက်ဖတ်ရှုပါရန် »
ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်
လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့ ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က ပြောပါတယ်။ ဦးလှဆွေကတော့ သူ့ကို တရားစွဲဖို့ ရှိနေတဲ့ အပေါ်မှာ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမျိုးမရှိသလိုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို အလွယ်တကူ တရားဆွဲဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ လည်း ပြန်လည်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်အား မတ် ၁၁ ရက်မှစ၍ ခုနစ်ရက် အတွင်း မြန်မာ့ဝေဟင်ပိုင်နက်တွင်ရှာဖွေရန် မြန်မာအစိုးရ ခွင့်ပြု
မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ်အား မတ် ၁၁ ရက်မှစ၍ ခုနစ်ရက် အတွင်း မြန်မာနိုင်ငံဝေဟင်ပိုင်နက်တွင် ရှာဖွေရန် မြန်မာနိုင်ငံအစိုးရမှ ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင် ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဥရောပခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီက မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အကောင်းဆုံးခရီးစဉ်ဒေသဆုပေးရန် ကမ်းလှမ်း
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာ ပုဂံမြို့ ပြသာဒ်ကြီးဘုရားပေါ်တွင် နေ၀င်ချိန်မြင်ကွင်းကို ကြည့်ရှုနေသော ခရီးသွား များအား တွေ့ရစဉ်
(ဓာတ်ပုံ-စိုးထက်ခိုင်)
ဥရောပခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီက မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်၏ အကောင်းဆုံး ခရီးစဉ်ဒေသ ဆုပေးရန် ဆုံးဖြတ်လိုက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်ထံသို့ ကမ်းလှမ်းလာကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဖမ်းမိသော မှောင်ခိုသစ် တန် ၂၀၀၀ ကျော် လမ်းပိုင်းကြောင့် သယ်ယူမှုခက်ခဲနေ
ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ ဂျာအင်ယန်သစ်ကွင်းအတွင်း ဖမ်းဆီးရမိထားသော သစ်တင်ယာဉ်အား တွေ့ရစဉ်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဂျာအင်ယန်သစ်ကွင်းက တပ်မတော်မှ သိမ်းယူထားသည့် တန် ၂၀၀၀ ကျော် မှောင်ခိုသစ်များ လမ်းပိုင်းကြောင့် သယ်ယူမှု ခက်ခဲနေကြောင်း ပြည်နယ်သစ်တောနှင့် ပြည်နယ် မြန်မာ့သစ်လုပ်ငန်းတို့မှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Knight Pie'sold က လေ့လာထားသည့် လက်ပံတောင်းတောင် ESIA အစီရင်ခံစာတွင် စီမံကိန်းဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ ထုတ်လုပ်မှုကာလနှင့် မိုင်းပိတ်သိမ်းမှုကာလတိုင်းတွင် ဆိုးကျိုးများစွာ ကြုံရနိုင်ကြောင်း ဖော်ပြထား
မကြာမီ ဖြိုဖျက်ရန်စီစဉ်ပြီးဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ်နှင့် ၀မ်ပေါင်ကုမ္ပဏီ၏ စက်ယန္တရားများကို တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း၏ ESIA အစီရင်ခံစာအား မြန်မာဘာသာသို့ ပြန်ဆို၍ မကြာမီကာလအတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ပြီး အစီရင်ခံစာတွင် စီမံကိန်းဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ထုတ်လုပ်မှုကာလ နှင့် မိုင်းပိတ်သိမ်းမှုကာလတိုင်းတွင် ဆိုးကျိုးများစွာ ကြုံတွေ့ရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုများ နောက်ပြန်လှည့်နိုင်ချေ နည်းပါးသော်လည်း နုနယ်သေးကြောင်း ကင်တားနား၏ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမူကြမ်းတွင် ဖော်ပြ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကင်တားနားမှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများဖြစ်ပေါ်ခဲ့သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ခဲ့ပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန်လှည့်နိုင်ချေ နည်းပါးသော်လည်း နုနယ်ပြီးဆက်လက် သတိထားရမည့် အခြေအနေတွင် ရှိနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား၏ မတ် ၁၂ ရက်တွင် ထွက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမူကြမ်းတွင် ဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)