Sunday, 9 March 2014

NLD မှ တရားစွဲ မည့် ကိစ္စ အတွက် တုန်လှုပ်ခြင်း မရှိဟု ဦးလှဆွေ ဆို

Photo: NLD မှ တရားစွဲ မည့် ကိစ္စ အတွက် တုန်လှုပ်ခြင်း မရှိဟု ဦးလှဆွေ ဆို
Sunday, March 9, 2014

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေ ကို NLD ပါတီ ၀င် များနှင့် NLD ပါတီ အား ၎င်း ပြောကြား ခဲ့သည့် စကား များနှင့် ပတ်သက် ၍ တရား စွဲ မည်ဟု NLD ဘက်မှ ပြောကြား ထားရာ အဆိုပါ ကိစ္စ နှင့် ပတ်သက် ၍ ပြင်ဆင် ထားခြင်း၊ တုန်လှုပ်ခြင်း မရှိ ကြောင်း ဦးလှဆွေ က The Messenger သတင်းစာ သို့ ပြော သည်။

ဘယ်လိုမှ သဘော မထားဘူး။ ဘယ် လိုမှလည်း ပြင်ဆင်မထားပါဘူးဗျ။ ကျွန်တော် တို့ ပါတီ ကို ကြံ့ ဖွတ် လို့ ပြောတာ ဘယ်သူတွေ လဲ။ ဒီတစ်ခါလေး ပြောလိုက်တာနဲ့ဗျာ၊ Fair မဖြစ်ပါဘူးဗျာ။ ဒီရှုပ် လို့ ခေါ်တာ ကို စွဲမယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည် လောက် အသုံး မကျ ဘူးလို့ ပြောတာ၊ ဆိုလို တာ ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူတို့ Level တူ မဟုတ်ဘူး”” ဟု ဦးလှဆွေက ဆိုသည်။အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးလှဆွေမှ ပြည်တွင်းမီဒီယာတစ်ခုတွင် NLD ပါတီနှင့် ပတ်သက်၍ ““ဒေါ်စုက လွဲရင် ကျန်တဲ့ NLD က အကောင်တွေ သောက်သုံး မကျဘူး”” ဆိုသော စကား နှင့် NLD ပါတီ အား ““ဒီရှုပ်”” ဟုခေါ် သော စကားများနှင့် ပတ် သက်၍ ဥပဒေအတိုင်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ ဗဟို အလုပ် အ မှု ဆောင် အဖွဲ့ ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားထားသည်။ အဆိုပါ တရားစွဲဆိုရန် ဆုံးဖြတ်ချက် အား ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား နောက်ပိုင်းမှသာ သ တင်း ပို့ခဲ့ခြင်းဖြစ်ကြောင်း လည်း ဦးဝင်းထိန်က မီဒီယာများအား ပြော ကြားထားသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် ပြောစရာ မရှိဘူး။ ဥပဒေ အတိုင်း လုပ်မယ်။ ရှေ့နေလည်း ငှားစရာ မလိုပါဘူး။ အဖွဲ့ ချုပ်မှာ ရှေ့နေတွေရှိတာပဲ။ ဥပဒေသမားတွေ ဆောင် ရွက်မှာ၊ ကျွန်တော် ကတော့ ပြောလိုက် တာ ပါ”” ဟု NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးဝင်းထိန်က The Messenger သတင်းစာ သို့ ပြော သည်။ အောက်ခြေပါတီဝင် တချို့၏လုပ် ဆောင်ချက် တချို့သည် မိမိနှင့် ဒေါ်အောင် ဆန်းစုကြည်အတွက် မျက်နှာ ပျက်စရာ များ ဖြစ် စေကြောင်း နေပြည်တော်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြည် ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြော ကြားထား သည်။

ဦးလှဆွေအား တရားစွဲဆိုသွားမည်ဟု ပြောကြားထား သော် လည်း မည်သည့်မြို့နယ် တွင် တရားစွဲဆို မည်၊ မည်သူက တရားလို ပြု လုပ်မည် ကိုမူ ဦးဝင်းထိန် က ပြောကြား ခြင်း မရှိ သေးပေ။ NLD ပါတီ တွင် ဒေါ်အောင်ဆန်း စုကြည်မှလွဲ၍ ဦးဆောင်နိုင် သူမရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီ အကြံပေး ဦးအောင်သောင်း က လည်း ယခင် က ပြောကြားထားဖူးသည်။ NLD ပါတီတွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတ မဖြစ် ပါက နောက် ထပ် သမ္မတဖြစ်နိုင်သူ ရွေး ချယ်ထားခြင်းမရှိဟူ၍လည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉဏ်ဝင်းက ပြော ကြား ထားသည်။

Messenger News Journal
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေ ကို NLD ပါတီ ၀င် များနှင့် NLD ပါတီ အား ၎င်း ပြောကြား ခဲ့သည့် စကား များနှင့် ပတ်သက် ၍ တရား စွဲ မည်ဟု NLD ဘက်မှ ပြောကြား ထားရာ အဆိုပါ ကိစ္စ နှင့် ပတ်သက် ၍ ပြင်ဆင် ထားခြင်း၊ တုန်လှုပ်ခြင်း မရှိ ကြောင်း ဦးလှဆွေ က The Messenger သတင်းစာ သို့ ပြော သည်။

အပစ်ရပ်ရေး မရရအောင်လုပ်မယ်လို့ ကာချုပ်မင်းအောင်လှိုင်ပြော

Photo: အပစ်ရပ်ရေး မရရအောင်လုပ်မယ်လို့ ကာချုပ်မင်းအောင်လှိုင်ပြော 
Sunday, March 9, 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး မရရအောင် လုပ်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မတ်လ ၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ တွေ့ဆုံခဲ့ကြရာမှာ ကာချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က သူတို့ ဆွေးနွေးပြောဆိုခဲ့တာတွေကို အခုလို ပြောပြပါတယ်။

“အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ ကာကွယ်ဦးစီးချုပ်က ပြောတယ် အပစ်အခတ် ရပ်စဲရေးကို မရ ရအောင် လုပ်မယ်။ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်မှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရမယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့ရမယ်။ အဲဒီအပေါ်မှာတော့ သူတို့ကို ယုံကြည်ပါလို့ သူတို့ ပြောပါတယ်။”

သူနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့ သဘောထား အတူတူပဲ ဖြစ်တယ်လို့ ပြောကြောင်းလည်း မန်းငြိမ်းမောင်က ပြောပြပါတယ်။

ကေအန်ယူအဖွဲ့ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့လည်း တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်တွေပဲ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကေအန်ယူဥက္ကဋ္ဌ စောမူတူးဆေးဖိုးနဲ့ အထွေထွေအတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပြီး အခုတကြိမ်တွေ့ဆုံမှုဟာ ၄ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ ကေအန်ယူ တဖွဲ့နဲ့ပဲ အခုလို တွေ့ဆုံ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

burmese.dvb
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး မရရအောင် လုပ်မယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး

Photo: ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး
Sunday, March 9, 2014

ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။

မတ်လ ၆ရက်တွင် ကြောင်ထယန်နယ်မြေ (၁)တွင်ရှိသော ဟောလီးဒေးဟိုတယ်၏ နောက် အဆောက်အအုံတစ်နေရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ အလုပ်သမား ၅၀ ခန့်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထိုအလုပ်သမားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် အသက် (၂၃) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းဖြစ်သည်။
           
အဆိုပါဖမ်းဆီးခံရသော နိုင်ငံခြားအလုပ်သမား ၅၀ ခန့် တွင် ၁၀ ဦးသာ တရားမ၀င်အလုပ်သမားများ ပါဝင်ကြောင်း သတင်းရရှိသည်။ ခုန်ချ၍ ခြေကျိုးသွားသည့် မြန်မာအမျိုးသမီးမှာလည်း တရားဝင်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
         
‘‘တရားမ၀င်အလုပ်သမားတွေကို ထိုင်းရဲတွေက လျှပ်တစ်ပြက်ဝင်ဖမ်းတာ။ တရားဝင်အလုပ်သမားတွေကများတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာ။ အဲဒီမှာ ကောင်မလေးက လန့်ပြီးခုန်ချတာ ခြေကျိုးသွားတာပါ။ ခုတော့ စ၀မ်လိုထန်က ကယ်ဆယ်ရေးစခန်းက နီးစပ်ရာဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
         
ထိုဖမ်းဆီးမှုတွင် တရားမ၀င်လုပ်ကိုင်သော အလုပ်သမား ၁၀ ဦးသာ ဖမ်းဆီးခံရပြီး ကျန် တရားဝင်လုပ်ကိုင်သည့် အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က  ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း  ဦးကျော်သောင်းက ပြောသည်။

Author:  ငြိမ်းချမ်း
7day Daily

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအားတွေ့ရစဉ်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအားတွေ့ရစဉ်

ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ် သမား များကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက် တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။

မလေးရှား လေယာဉ်မပျောက်ဆုံးခင် ကွေ့လာတဲ့ ရေဒါလမ်းကြောင်း ရှာတွေ့

Photo: မလေးရှား လေယာဉ်မပျောက်ဆုံးခင် ကွေ့လာတဲ့ ရေဒါလမ်းကြောင်း ရှာတွေ့
Sunday, March 9, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူမြို့ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်းရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။

မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မလေးအနောက်ဘက် ကမ်းရိုးတန်းကိုပါ တိုးချဲ့ ရှာဖွေနေတယ်လို့ စစ်တပ် အရာရှိတွေက ပြောပါတယ်။

လူစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ လေကြောင်းအချက်ပြ ထိန်းချုပ်ရေးဌာနနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး တဲ့နောက် မတ်လ ၈ ရက်နေ့က ဗီယက်နမ် ကမ်းရိုးတန်းမှာ ပျက်ချခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

လေယာဉ်ပေါ်ပါသူ ၂ ယောက်ဟာ ခိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားခဲ့ပုံ ရတယ်လို့ ဥရောပအရာရှိတွေက ပြောပြီး မလေးရှား အရပ်ဘက် လေကြောင်းဌာနကလဲ အတည်ပြုပါတယ်။

ဒီလူ ၂ ယောက် လေဆိပ်မှာ ခရီးသည်စစ်ဆေးတဲ့ နေရာကနေ ပြည်ပထွက်ခွာ နေရာကို ရောက်တဲ့အထိ လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားတာ ရှိတယ် အဲဒီမှတ်တမ်းကို အခု သုံးနေပြီလို့ အရပ်ဘက် လေကြောင်းဌာန ညွှန်ချုပ် အဇာရပ်ဒင်း အဗ်ဒူ ရာမန်က ပြောပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု အတွင်း တိုက်ခိုက်ခံရမှုဟာ ဖြစ်နိုင်ချေတွေထဲက တခုပါ။

လောလောဆယ် ရှာဖွေရေးအတွက် လေယာဉ် ၂၂ စီးနဲ့ သင်္ဘောအစီးလေးဆယ်က ပျောက်သွားတဲ့ လေယာဉ်နဲ့ ပတ်သက်သမျှကို လိုက်ရှာဖွေနေဆဲပဲလို့ မလေးရှား ကာကွယ်ရေး တပ်ခေါင်းဆောင် ဗိုလ်ချုပ် ဇူကီဖယ်လီ မို့ဇင်က ပြောပါတယ်။

ဗီယက်နမ် တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ရှာဖွေရေး သင်္ဘောတွေ စေလွှတ်ခဲ့သလို အမေရိကန် ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က စစ်လေယာဉ်တွေ စေလွှတ် ကူညီခဲ့ တာပါ။

ပျောက်ဆုံးလေယာဉ်ဟာ လေကြောင်းခရီးစဉ်အတွင်း မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ ရေမိုင် ၁၂၀ အကွာမှာ လေကြောင်းထိန်းချုပ်ရေး စခန်းဆီကို နောက်ဆုံး ဆက်သွယ်ခဲ့ပါသေး တယ်။ ပျောက်ဆုံးချိန်ကစပြီး ၂၄နာရီ ကျော်တဲ့အထိ လေယာဉ်ကိုရော ဘယ်လို အပျက်အစီးကို မှ အရိပ်အယောင်တွေ့ကြောင်း အတည်ပြုချက် မရသေးပါဘူး။

ဒီဗွီဘီ
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူမြို့ ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်း ရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ စုဖောင်ဒေးရှင်း ဖွင့်လှစ်

အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးစီးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ ညီလာခံအကြို “စု”ဖောင်ဒေးရှင်း စတင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆရာစံ ပလာဇာရှိ သမ၀ါယ စီးပွားရေး ဗဟိုခန်းမမှာ မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

သံလွင်ဆီက ဆာလောင်မှုကို သက်သာ စေနိုင်ကြောင်း လေ့လာ တွေရ

Photo: သံလွင်ဆီက ဆာလောင်မှုကို သက်သာ စေနိုင်ကြောင်း လေ့လာ တွေရ
Sunday, March 9, 2014

သံလွင်ဆီသည် ဆာလောင်မှုကို ပြေပျောက် စေနိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ်တစ်ခုတွင် ဖော်ပြထားသည်။

မျက်မှောက်ခေတ်တွင် အဆီလျှော့ ထားသော အစားအစာများကို လူကြိုက်များလျက် ရှိပြီး လူသားတို့သည် ကိုယ်ခန္ဓာ အလေးချိန်ကို လျှော့ချရန် အတွက် အစာကြေလွယ်သော အစားအစာ များကို အတော်အသင့်သာ ရွေးချယ် စားသောက် လာသည်ကို တွေ့ရသည်။

သို့သော် ၎င်းအစားအစာ တို့သည် ခန္ဓာကိုယ် အတွက် အကျိုး သက်ရောက်မှု ရှိ၊မရှိ ဆိုသည်မှာ အငြင်းပွားဖွယ် ကိစ္စရပ် ဖြစ်သည်။ ယင်းအစားအစာ တို့၌ ကယ်လိုရီ ပါဝင်မှု ပမာဏ နည်းပါးသည်မှာအမှန်ပင်ဖြစ်သည်။

ပါမောက္ခ ပီတာရှီဘာလီ ဦးဆောင်သော ဂျာမနီ နိုင်ငံမှ Technische Universitat Manchen အဖွဲ့နှင့် ပါမောက္ခ ဗီရိုနီခါဆိုမိုက ဦးဆောင်သော ဗီယင်နာ တက္ကသိုလ်မှ အဖွဲ့တို့ ပူးပေါင်း၍ စားသုံးရန် သင့်လျော်သော အဆီများကို လေ့လာ ခဲ့ကြသည်။၎င်းတို့အနက် သံလွင်ဆီသည် ဆာလောင်မှုကို ဖြေဖျောက်ရာတွင် အထိရောက်ဆုံး ဖြစ်ကြောင်း၊သံလွင်ဆီတွင် သွေးထဲ၌ ဆာလောင်မှုကို သက်သာစေသည့် ဟော်မုန်း serotonin ဒြပ်ပါဝင်မှု ပိုမိုများပြားကြောင်း ၊

သံလွင်ဆီ ဒိန်ချဉ်သည် အလေးချိန် လျှော့ချရာတွင် အသုံးဝင်သည့် ဖြည့်စွက်စာ ဖြစ်သည်ကို တွေ့ရှိ ခဲ့ရသည်ဟု ရှီဘာလီက ဆိုသည်။

ထို့အပြင် လေ့လာမှုတွင် ပါဝင် ခဲ့သူများသည် အဆိုပါ သုံးလတာ ကာလအတွင်း ကိုယ်အလေးချိန် တက်လာခြင်း၊ အဆီများ နေခြင်းတို့ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

မြ၀တီ
သံလွင်ဆီသည် ဆာလောင်မှုကို ပြေပျောက် စေနိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ်တစ်ခုတွင် ဖော်ပြ ထားသည်။

ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်များကို ရှင်းထုတ်နိုင်

Photo: ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်များကို ရှင်းထုတ်နိုင်
Sunday, March 9, 2014

ကိုယ်လက်လှုပ်ရှား အားကစားခြင်း
ကိုယ်လက်လှုပ်ရှား အားကစားဟာ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်များကို ရှင်းရာမှာ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်။ နေ့စဉ်နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ခြင်းဟာ ကိုယ်ရည်စစ် စေပြီး ပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေး၊ လှုပ်နှုန်း၊ အကြော အခြင်ပြေလျော့ စေခြင်းနဲ့ စိတ်လန်းဆန်းခြင်း တို့ဖြစ်စေတယ်။ ကျန်းမာ၊ လှပကျော့ရှင်း၊ တောင့်တင်း သန်မာချင်ရင် ကိုယ်လက်လှုပ်ရှား နေ့စဉ်အားကစား နာရီဝက် လုပ်သင့်တယ်။

ချွေးထွက်ခြင်း
ကိုယ်လက်လှုပ်ရှားအားကစား လုပ်ခြင်းကြောင့် ခန္ဓာကိုယ်အကြော အခြင်တွေကို ပွင့်စေတယ်။ ကိုယ်တွင်းမှာရှိတဲ့ ခဲ၊ အလူမီနီယမ်၊ ဘင်ဇင်း၊ ကန့်၊ ဖီနော စတဲ့ အဆိပ်အတောက်နဲ့ ကင်ဆာဖြစ်စေတဲ့ အရာများ ဟာ ချွေးနဲ့ အတူ ခန္ဓာကိုယ်ပြင်ပ စွန့်ထုတ်စေနိုင်တယ်။

ဆီး ဝမ်းမှန်ခြင်း
ကိုယ်လက်လှုပ်ရှား အားကစား ခြင်းကြောင့် အစာချေ အဖွဲ့စွမ်းအား တက်လာတယ်။ အစာအိမ်နဲ့ အူရဲ့ လှုပ်ရှားမှုကို များစေရာမှ အစာချေဖျက်မှုနဲ့ စုပ်ယူမှုကို မြန်စေတယ်။ ဆီးမှန်စေတယ်။ ဆီးနဲ့ဝမ်းမှာ အဆိပ်ပြည့် နေတော့ အချိန်မီစွန့်ထုတ် မပစ်နိုင်ရင် ခန္ဓာကိုယ်က အခါခါပြန်စုပ်ယူ တတ်လို့ သွေးရည်ထဲမှာ ရောသွား စေတယ်။ အကျိုးဆက်က ဗိုက်ကယ်ခြင်း၊ မူးနောက်ခြင်း၊ ခေါင်းခြောက်ခြင်း စတဲ့လက္ခဏာ များ ပေါ်လာကာ ဆီး၊ ဝမ်းမမှန်ဘဲ အဆိပ်များ ပြည့်နေတော့တယ်။

အသက်ရှူမှုစနစ်

အသက်ရှူမှု စနစ်ဟာ အားကစားလုပ်တဲ့ အခါ နှစ်ဆမှ ဆယ်ဆအထိ မြင့်တက်လာကာ ညစ်ညမ်းတဲ့လေနဲ့ အသုံးမဝင်တဲ့ ရေတွေကို စွန့်ထုတ် ပေးနိုင်တယ်။ သာမန်အချိန်ထက် အောက်ဆီဂျင်ဟာ အဆပေါင်းများစွာ ခန္ဓာကိုယ်တွင်း ရောက်ရှိ လာလို့ သွေးနီဥထဲမှာ အောက်ဆီဂျင် ပါဝင်မှု ပိုစေတယ်။ ခန္ဓာ ကိုယ်ကို အာဟာရ ပိုရစေတယ်။ ခန္ဓာကိုယ်က အဆိပ် ကာကွယ်အား (ခုခံမှုအားစနစ်)ကို ပိုမိုမြင့်မား စေတယ်။

သွေးလှည့်ပတ်မှုနှင့် ပြန်ရည် လှည့်ပတ်မှုစနစ် မြန်စေခြင်း
ပြန်ရည်ကြော အဖွဲ့က အားကစား လုပ်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာတဲ့ အညစ် အကြေးများ စွန့်ထုတ်ပေးတယ်။ ပြန်ရည်လှည့်ပတ် စီးဆင်းမှုဟာ သွေးရည်လှည့်ပတ် စီးဆင်းမှုနဲ့ မတူဘူး။ သွေး ရည် လှည့်ပတ်မှုမှာ နှလုံးရဲ့ကျုံ့ဆန့်အားရှိ ပေမယ့် ပြန်ရည် လှည့်ပတ် စီးဆင်းမှုက ကြွက်သားရဲ့ကျုံ့ဆန့်အား ပေါ်မူတည်တယ်။ ဒါကြောင့် အားကစားလုပ်ရင် ကြွက်သားလှုပ် ရှားမှုများပြီး ပြန်ရည်အဖွဲ့ စီးဆင်းမှုမြန်စေ တယ်။ သွေးလှည့်ပတ် မှုလည်း မြန်ဆန်လာလို့ အဆိပ်များ မြန်ဆန်စွာ ဖယ်ရှားနိုင်တယ်။

အသည်း၊ ကျောက်ကပ်
မိရိုးဖလာ နှိပ်နယ်ခြင်း၊ ပြန်ရည်ကြောများ ပွတ်နယ်ပေးခြင်း၊ သိုင်းကစားခြင်း၊ ယောဂ လေ့ကျင့်ခြင်း၊ ကိုယ်တွင်းအင်္ဂါ ကလီစာများ ကျန်းမာ သန်စွမ်းရေးအတွက် လက်တွေ့ရလဒ်ကောင်းများ ရှိတတ်တယ်။ ကျောက်ကပ် က ဆီးကိုပို စွန့်စေသလို အသည်းက အဆီစတဲ့အဆိပ်တွေ ဖယ်ပေးတယ်။ ကိုယ်တွင်း

အင်္ဂါ ကျန်းမာရေးအတွက် အားကစားက လက်တွေ့ရလဒ်ကောင်းများ ရှိကြောင်း တွေ့ရတယ်။

အန်ခြင်း
ခန္ဓာကိုယ်အညစ်အကြေးဖယ်ရှားဖို့ ပုံမမှန် တဲ့နည်းဖြစ်တယ်။ ဥပမာ- အရက်သောက် လွန်လို့ လက်ထိုးအန် ပစ်ခြင်း၊ စက္ကူပြာချ တိုက်ခြင်းဖြင့် အန်စေခြင်းများ ဖြစ်တယ်။

ဝမ်းလျှောခြင်း

အစာအိမ်နဲ့ အူလမ်းကြောင်း အဆိပ်တွေ အလွန်အမင်းစုပုံ နေရင် ရောဂါပိုးမွှားကြောင့် ကမောက်ကမဖြစ်ပြီး ဝမ်းလျှောစေတယ်။

အဖုအပိမ့်များ
စိတ်ပူပင်ရင်၊ အစားအသောက်ပျက်ရင် အဖုအပိမ့်များဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ ပြည်တည်နာခွဲထုတ် သို့မဟုတ် ညှစ်ပစ်ရင် အဆိပ်များ ဖယ်ရှား သွားတယ်။ ကိုယ်လက် လှုပ်ရှား အားကစားက ''မူမှန်'' အဆိပ်ရှင်း ထုတ်ပေး တယ်။

ဒေါက်တာလွင်သန့် (ဆေး-၂)
ကိုယ်လက်လှုပ်ရှား အားကစားခြင်း
ကိုယ်လက်လှုပ်ရှား အားကစားဟာ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်များကို ရှင်းရာမှာ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်။ နေ့စဉ်နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ခြင်းဟာ ကိုယ်ရည်စစ် စေပြီး ပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေး၊ လှုပ်နှုန်း၊ အကြော အခြင်ပြေလျော့ စေခြင်းနဲ့ စိတ်လန်းဆန်းခြင်း တို့ဖြစ်စေတယ်။ ကျန်းမာ၊ လှပကျော့ရှင်း၊ တောင့်တင်း သန်မာချင်ရင် ကိုယ်လက်လှုပ်ရှား နေ့စဉ်အားကစား နာရီဝက် လုပ်သင့်တယ်။

ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး

Photo: ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။

ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲ သင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရ တွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန် စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်း လာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကတော့ ငါးအဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်း တွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေ ဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာ စေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်း ဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန် ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ စိတ်ဖိစီးမှုကို လျှော့ချနိုင် ဖို့က အပြော လွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါ တယ်။

၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေ တာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

၇) အမျှင်ဓာတ်များသော အစားအစာ စားပါ

အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှား ပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေ ကို စားပေးသင့်ပါတယ်။ အသားကို လျှော့စား သင့်ပါတယ်။

၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက် စေနိုင်ပါတယ်။
မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။

မုန်လာဥနီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

Photo: မုန်လာဥနီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ
Sunday, March 9, 2014

ဘီတယ်ကယ်ရိုတင်း၊ ဖိုင်ဘာအမျှင်၊ Anti Oxidant, Vitamin A, C, K နှင့် Potassium ကြွယ်ဝစွာ ပါဝင်သည်။

-တစ်ရက်လျှင် 1.7 to 2.7 mg ဘီတာ ကယ်ရိုတင်းကို စားပါက ကင်ဆာ အများစု၊ အထူးသဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ၄၀% လျော့ပါးစေ သည်။ မုန်လာဥနီ၌ ပါသော ဖိုင်ဘာက အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို ၂၄% လျော့စေသည်။ မုန်လာဥနီ အစိမ်းစားသူ မိန်းမများသည် မစားသော မိန်းမများထက် ရင်သားကင်ဆာဖြစ်ပွားမှုကို ၅ဆမှ ၈ ဆအထိ လျော့ပါးစေနိုင်သည်။

တစ်ရက်လျှင် မုန်လာဥနီ (၇)အောင်စနှင့် (၃)ပတ်စားပါက Cholesterol ကို ၁၁% လျော့စေသည်။

Heart Attack ရခြင်းမှ ကာကွယ်ပေးသည်။

Macular degeneration မျက်စိ အမြင်အာရုံကို စုစည်းထားသော နေရာ ပျက်စီးမှု ဖြစ်နိုင်ချေကို ၄၀% လျော့ပါး စေသည်။

Vit A ချို့တဲ့ သူများတွင် အလင်းရောင် မှိန်သော အချိန်၊ မျက်စိအမြင် အားနည်းမှုကို လျော့ပါး စေသည်။ တစ်ရက်လျှင် မုန်လာဥနီ တစ်လုံး စားသုံးပါက Stroke (လေဖြတ်ခြင်း) ဖြစ်နိုင်ချေကို ၆၈% လျော့ပါး စေသည်။ ဦးနှောက်ကို ခွန်အားဖြစ်စေ၍ လေဖြတ် လူနာများ၏ အသက် ရှင်သန်မှုနှုန်းကို အကောင်းဆုံးဖြစ်စေသည်။

Blood Sugar Level သွေးတွင်းရှိ သကြားဓါတ်ကို ကောင်းစေသည်။ အသည်းမှ ဘက်တီးရီးယားကို သေစေသည်။

Carrot Oil သည် Dry Skin အတွက် ကောင်းစေသည်။ ချောမွေ့နူးညံပြီး တင်းရင်းစေသည်။

မြ၀တီ
ဘီတယ်ကယ်ရိုတင်း၊ ဖိုင်ဘာအမျှင်၊ Anti Oxidant, Vitamin A, C, K နှင့် Potassium ကြွယ်ဝစွာ ပါဝင်သည်။

ပြိုင်ကားမောင်းသူအား အုပ်စုလိုက် ဝိုင်းရိုက်သူ ခြောက်ဦးကို တစ်ပတ်အတွင်းဖမ်းမိ

မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းနှင့် ၆၈ လမ်းထောင့်တွင် ပြိုင်ကားဖြင့် ပွတ်ဆွဲသွားသူကို မကျေနပ်၍ တုတ်ဖြင့်ရိုက်၊ ပြိုင်ကားမှန် ရိုက်ခွဲသည့် တရားခံခြောက်ဦးကို အမှုဖြစ်ပွားပြီး တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အမှုစစ်ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြို့တော်ခန်းမ၌ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၌ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦး ရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင် စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာရှင်းလင်းပွဲကို ယမန်နေ့ နံနက်၉နာရီတွင် ထားဝယ်မြို့ မြို့ တော် ခန်းမ၌ကျင်းပရာ ဗဟိုသန်း ခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီးဦးခင်ရီက အမှာ စကားပြောကြားရာတွင်သန်းခေါင် စာရင်းကောက်ယူရခြင်းသည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း

ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး ပြည်ပကုမ္ပဏီ နှစ်ခု လုပ်ကိုင်ခွင့်ရ

Photo: ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး ပြည်ပကုမ္ပဏီ နှစ်ခု လုပ်ကိုင်ခွင့်ရ
Sunday, March 9, 2014

တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ အတွက် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ပေးမည့် Digicel Myanmar Tower ကုမ္ပဏီနှင့် Apollo Towers Myamar ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင်း လုပ်ကိုင်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကုမ္ပဏီများသည် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်သွားမည် ဖြစ်ပြီး အချို့ နေရာများတွင် တည်ဆောက်မှုများ စတင်နေပြီဟု ၎င်းကဆိုသည်။

နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် FMI ကုမ္ပဏီနှင့် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီ Digicel တို့ ပူးပေါင်းထားသည့် Digicel Myanmar Tower ကုမ္ပဏီကို ယမန်နှစ် အတွင်းကပင် အော်ရီဒူးက ၎င်းတို့ မိုဘိုးလ် တာဝါတိုင်များ တည်ဆောက်ရန် ရွေးချယ်ခဲ့သည်။

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော မြန်မာကမူ Apollo Towers Myamar ကုမ္ပဏီကို ၂၀၁၃ နှစ်ကုန်ပိုင်းက ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း တာဝါတိုင်နှင့် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာတွင် မြေအခက်အခဲသည် အကြီးမားဆုံး ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်နေရကြောင်း အော်ရီဒူး မြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ဆိုသည်။

အော်ရီဒူးက ဖုန်းကတ်များ ရောင်းချခြင်းနှင့် အတူ လာမည့် ဇူလိုင်လအတွင်း 3G ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်သွားမည် ဖြစ်ပြီး တယ်လီနောက စက်တင်ဘာလ မတိုင်မီ 2G နှင့် 3G ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင် သွားမည်ဟု တရားဝင် ကြေညာထားသည်။

The Voice Weekly
တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ အတွက် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ပေးမည့် Digicel Myanmar Tower ကုမ္ပဏီနှင့် Apollo Towers Myamar ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင်း လုပ်ကိုင်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ် ဒေသဆု ပေးအပ် ချီးမြှင့်ရန် ဥရောပ ခရီးသွားကောင်စီ ကမ်းလှမ်း

ဥရောပ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေး ကောင်စီ (EUROPEAN UNION COUNCIL ON TOURISM AND TRADE) က ၂၀၁၄ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု (The AWARD FOR WORLD BEST TOURIST DESTINATION FOR 2014) မြန်မာနိုင်ငံကို ပေးအပ် ချီးမြှင့်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်ကို ကမ်းလှမ်းထားကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

Photo: ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ
Sunday, March 9, 2014

ကော်ဖီများများ သောက်တဲ့ သူတွေဟာ သာမန် လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိ ထားပါတယ်။

စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုးတို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှုကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက်သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက်နှင့် အောက် သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။

စိတ်ဖိစီး နေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisolကို ကိုယ်တွင်းမှ ထုတ်လွတ်ပါတယ်။ ယင်း Cortisol ထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ) Cortisol ပိုမို ထုတ်လွတ်ပြီး ကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချား စရာ ပုံရိပ်များ၊အတွေးများ ပေါ်ပေါက် လာစေပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကော်ဖီ သောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံး မိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။

Ref: medicfact
မြ၀တီ
ကော်ဖီများများ သောက်တဲ့ သူတွေဟာ သာမန် လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိ ထားပါတယ်။

ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

Photo: ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

မုံရွာ၊မတ်၊၈

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။

“ရဲတပ်ရင်း ဆောက်ဖို့ မြေတွေကို ဘူဒိုဇာတွေနဲ့ ရှင်းတဲ့နေရာမှာ မြေအသုံးပြုဖို့ လက်ခံခြင်း မရှိသေးတဲ့ ဒေသခံတွေ ကန့်ကွက်တာပါ။ စဖြစ်တဲ့နေ့ မတ်လ ၆ ရက်နေ့မှာ နှစ်ဦး ထိန်းသိမ်း ခံခဲ့ရတယ်။ ဒုတိယနေ့မှာ ဦးပဉ္စင်းတစ်ပါးနဲ့ ဒေသခံ လေးဦး ယာယီ ထိန်းသိမ်းခံရတယ်။ မတ်လ ၈ ရက်နေ့မှာတော့ ဒေသခံတွေက ကန့်ကွက်မှုတွေ လုပ်နေတုန်းပဲ” ဟု အုံတုံပင်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေဧက ၁၀၀ အသုံးပြုမည်ဟု တာဝန်ရှိသူများက ဆိုထားပြီး မြေတစ်ဧကလျှင် ပေ ၈၀၊ ပေ ၆၀ ကျယ်ဝန်းသော မြေကွက် နှစ်ကွက် ပြန်ပေးမည်ဟု ဆိုထားကြောင်း၊ လက်ခံသူများ ရှိသော်လည်း ယခုချိန်ထိ ကန့်ကွက်နေကြသည့် မြေပိုင်ရှင်များလည်း ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“မတ်လ ၇ ရက်နေ့မှာ ရဲတပ်ဖွဲ့တွေက ဦးပဉ္စင်းကို ဖမ်းသွားတော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်ပြီး ခဲတွေနဲ့ ပေါက်တာ၊ ဖုန်တွေနဲ့ ပက်တာတွေ ဖြစ်လာတယ်။ တပ်ဖွဲ့ဝင်တွေ ကလည်း ဒေသခံတွေကို ရိုက်နှက်တာ တွေခဲ့တယ်” ဟု ပဋိပက္ခ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေနေရာများကို အများစု လက်ခံထားပြီး လူနည်းစု အချို့က လက်ခံနိုင်ခြင်း မရှိကြောင်း၊ ယင်းကြောင့် တာဝန်ချိန်တွင် ဝတ္တရား နှောင့်ယှက်မှုဖြင့် ယာယီ ထိန်းသိမ်းခြင်းသာ ဖြစ်ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

“ဘုန်းကြီးတစ်ပါး ပါတယ် ဆိုတာက သူ့တူက မြေသိမ်းတာကို လက်မခံတဲ့ အဖွဲ့မှာ ပါနေတဲ့ အတွက် ထိန်းသိမ်းခံရတဲ့ အထဲ ပါလာတာပါ။ ကျွန်တော်တို့ဘက်က လိုအပ်တာတွေ ဆောင်ရွက်ပေးပါ့မယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးပဉ္စင်းကို လျှောက်ထားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဆွေမျိုးသားချင်းများ၏ လယ်ယာမြေများ ပါဝင်သည့် အတွက် အုံတုံပင် ကျေးရွာသို့ ရောက်ရှိခဲ့ရပြီး ပဋိပက္ခ ဖြစ်စဉ်ကို လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ရာ ရဲတပ်ဖွဲ့ဝင်များက နေ့တစ်ဝက်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု ထိန်းသိမ်းခံခဲ့ရသည့် ဆရာတော် ဦးဇနက က မိန့်ကြားသည်။

ယင်းသို့ ထိန်းသိမ်း ခံရသည့် မုံရွာမြို့၊ ဝေဠုဝန်ကျောင်းတိုက်မှ သက်တော် (၄၈) နှစ်၊ ဝါတော် (၁၄) ဝါရှိ ဆရာတော် ဦးဇနကမှာ မျက်လုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံကြီး သံဃာဆောင်တွင် ဆေးကုသမှု ခံယူလျက် ရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။

ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ

Photo: ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ
Sunday, March 9, 2014

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦးလိုက်ပါ သွားတာဖြစ်ပြီး လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါဖို့ စာရင်းပေးထားတဲ့ အီတလီနိုင်ငံသား တစ်ဦးနဲ့ သြစတြီးယားနိုင်ငံသား တစ်ဦးတို့ဟာ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းပျံသန်းမယ့်လေယာဉ်ပေါ်မှာ ပါမသွားခဲ့ပါဘူး။ သူတို့နှစ်ဦးစလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ ပြီးခဲ့တဲ့နှစ်နှစ်ကတည်းက ထိုင်းနိုင်ငံမှာ အခိုးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့စာရွက်စာတန်းတွေကို ခိုးယူပြီး လေယာဉ်ပေါ်လိုက်ပါသွားသူနှစ်ဦးကတော့ ဘယ်သူတွေဆိုတာ အခုထိ မသိရသေးပါဘူး။

လေယာဉ်ပျံ မတော်တဆ တစ်ခုခုဖြစ်ပြီး ပျောက်ဆုံးနေတယ်လို့ သတ်မှတ်ပြီး ဆက်လက်ရှာဖွေနေပါတယ်လို့ အမေရိကန်အရာရှိတွေက ပြောပေမယ့် မလေးရှားအာဏာပိုင်တွေကတော့ ဘာမှ ထုတ်မပြောသေးပါဘူး။ ဗီယက်နမ်ကယ်ဆယ်ရေးအဖွဲ့ လေယာဉ်မှူးတွေကတော့ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသမှာ ဆီတွေယိုဖိတ် ပျံ့နှံ့နေတဲ့ အကွက်ကြီးနှစ်ကွက်ကို တွေ့ရပေမယ့် အပျက်အစီးအစအန တစုံတရာတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ဒီပျောက်ဆုံးလေယာဉ်ကို တရုတ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရေကြောင်းကရော လေကြောင်းကပါ ဝိုင်းဝန်းပြီး ရှာဖွေပေးနေကြတာပါ။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH ၃၇၀ ဟာ ကွာလာလာမ်ပူကနေ ဘေဂျင်းသွားဖို့အတွက် စတင်ပျံသန်းအပြီး နာရီပိုင်းလောက်မှာပဲ ရေဒါစက်ကွင်းပေါ်ကနေ ပျောက်ကွယ်သွားတာပါ။ လိုက်ပါသွားတဲ့ ခရီးသည်အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီလေယာဉ် မပျောက်ကွယ်ခင်အထိ အကူအညီတောင်းတာမျိုး အဆက်အသွယ်မရခဲ့ပါဘူးလို့ လေယာဉ်လမ်းကြောင်း ထိန်းသိမ်းရေးအရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်
(မတ်လ ၈၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်(မတ်လ ၈၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

မီနီဘတ်စ်များ အစားထိုးပြေးဆွဲပြီ

ကားဟောင်းအပ်ကာ ကားသစ် သွင်းစနစ်ကျင့်သုံးလာရာမှ ယနေ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီး သည် လိုင်းတွင် ဟိုင်းလပ်၊ ပါပလေကာ၊ နစ်ဆန်းကားတို့အစား မီနီဘတ်စ်များကို အစားထိုးပြေးဆွဲ နေကြပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပ

Photo: အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပ
Sunday, March 9, 2014

မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာ ကျင်းပခဲ့ ကြသလို မြန်မာနိုင်ငံတွင်းက မြို့ကြီး အတော် များများမှာလည်း အခမ်းအနားတွေ ကျင်းပပြီး အမျိုးသမီးတွေ ဘဝ မြှင့်တင်ရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု ကင်းဝေးရေးတွေ အတွက် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့် အခမ်းအနားမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အမျိုးသမီး အခွင့်အရေးအကြောင်းတွေ ဟောပြောသွားခဲ့ပြီး အမျိုးသမီး များ အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ အပြီးသတ် ရေးဆွဲနိုင်ဖို့ ခန့်မှန်းထားကြောင်း ပြောသွားပါတယ်။

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံနဲ့ ပြည်တွင်းက အဖွဲ့ဖြစ်တဲ့ အမျိုးသမီးများ ကွန်ယက်တို့ ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့မှာ ပူးတွဲ ကျင်းပခဲ့ရာမှာ အမျိုးသမီးထု အနေနဲ့ နိုင်ငံရေးမှာ သော်လည်း ကောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေမှာ သော်လည်းကောင်း၊ ဝင်ရောက် ဆွေးနွေးခွင့် ရရုံသာမက ဆုံးဖြတ်ချက် ချနိုင်ခွင့် ရတဲ့အထိ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ တန်းတူ ညီမျှ အခွင့်အရေး ရမှုဟာ သာတူညီမျှမှုနဲ့ အခြေခံ လူ့အခွင့်အရေး ကိစ္စရပ်သာမက ကဏ္ဍဍအားလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း တန်းတူညီမျှမှုပေါ်မှာ မူတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သဝဏ်လွှာ ထဲမှာ ဖေါ်ပြထားပါတယ်။

ကျားမ တန်းတူ ညီမျှမှု မြင့်မားတဲ့ နိုင်ငံတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်စွာ ရပြီး အမျိုးသမီး ခေါင်းဆောင် အများစု ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း လုပ်ငန်းတွေ ပိုမိုအောင်မြင်တာ တွေ့ရကြောင်း၊ အမျိုးသမီးတွေ ပါဝင်မှုနဲ့ ဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေဟာ ပိုခိုင်မာကြပြီး အမျိုးသမီး ကိုယ်စားလှယ် အများစု ပါဝင်တဲ့ လွှတ်တော်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ ခွဲခြားမှု ပပျောက်ရေးနဲ့ ကလေးသူငယ် ကူညီထောက်ပံ့ရေးတွေလို အရေးကြီးတဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက် တဲ့ ဥပဒေ ပြဌာန်းချက်တွေကို ပိုမို ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ သဝဏ်လွှာထဲမှာ ဖေါ်ပြထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ခဲ့ကြ
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ခဲ့ကြ

မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကို ကမ္ဘာတဝှမ်းမှာ ကျင်းပခဲ့ ကြသလို မြန်မာနိုင်ငံတွင်းက မြို့ကြီး အတော် များများမှာလည်း အခမ်း အနားတွေ ကျင်းပပြီး အမျိုးသမီးတွေ ဘဝ မြှင့်တင်ရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု ကင်းဝေးရေးတွေ အတွက် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်

Photo: ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်
Sunday, March 9, 2014

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာ အလုပ်သမား အရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့ အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဒီနှစ်ဆောင်ပုဒ်ကတော့ Equality for woman is progress for all (အမျိုးသမီးများအားလုံး ညီတူညီမျှဖွံ့ဖြိုး တိုးတက်ဖို့) ဖြစ်ပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းလူမူဖူလုံရေးဌားနနဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စီတန်းလမ်းလျှောက်ပွဲတွေနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ကြတာပါ။

မဲဆောက်မြို့ရဲ့ မြို့ပိုင်ရုံးမှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ပွဲမှာ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီး (၇) ဦးကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ ဒီအထဲမှာ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ပါတယ်။

ထိုင်းလူမှု ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး နိုင်ဝိချိ ရန်ချာဝါလစ်က ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် ဒေါက်တာ စင်သီယာမောင်ကို ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လူမှုထူးချွန်ဆု ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပြီး လူမှုဖွံ့ဖြိုးရေးဌာနအနေနဲ့ ထိုင်းအစိုးရရဲ့ တာဝန်ပေးချက်အရ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးတဲ့နေရာမှာ NGO အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တဲ့အကြောင်း မယ်တော်ဆေးခန်းအနေနဲ့ လူမှုဖွံ့ဖြိုးရေးဌာနကို အချိန်မရွေး ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်းတွေကိုလည်း ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထိုင်းလူမှုဖွံ့ဖြိုးရေးဌာနက လူမှုထူးချွန်ဆုရခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကတော့ နိုင်ငံတစ်ခုမှာဖြစ်စေ၊ ဒေသတစ်ခုမှာဖြစ်စေ ပဋိပက္ခတွေ ကြုံလာတိုင်း အမျိုးသမီးနဲ့ကလေးတွေက တိုက်ရိုက်ခံစားရတာဖြစ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ လိုအပ်ကြောင်းကိုလည်း ပြောသွားပါတယ်။

“ဒေသတစ်ခုမှာဖြစ်စေ၊ နိုင်ငံတစ်ခုမှာဖြစ်စေပေါ့နော် - နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိတယ်၊ စစ်မက်ဖြစ်ပွားမှုတွေ ရှိမယ်ဆိုရင် အမျိုးသမီးတွေကိုယ်တိုင်က တိုက်ရိုက် ထိခိုက်နစ်နာမှုတွေ ရှိတာအပြင် သူတို့ရဲ့မိသားစုဝင်တွေကို အကာအကွယ်ပေးရတာလည်း အမျိုးသမီးတွေက အခြေခံကနေ ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖြစ်ဖို့ အမြဲပဲလိုချင်ကြတယ်။ တောင်းဆိုကြတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာဖို့ကလည်း အရေးကြီးတယ်။ ကျမတို့လူမှုအသိုင်းအဝိုင်းထဲမှာ မိသားစုထဲမှာ အကြမ်းဖက်မှုတွေ ရှိနေခဲ့မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ တိုက်ရိုက်ခံစားရတာရှိသလို သူတို့ကလေးတွေအတွက်လည်း အကာအကွယ်ပေးဖို့က မိခင်တွေရဲ့တာဝန်ဖြစ်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာဖြစ်စေ၊ ထိုင်းနိုင်ငံမှာဖြစ်စေ၊ ဒီ ပဋိပက္ခတွေ နည်းနိုင်သမျှ နည်းသွားပြီးတော့ ဖွံ့ဖြိုးရေးမှာ ထိုင်းအမျိုးသမီးများ၊ မြန်မာအမျိုးသမီးများအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ ကျမတို့ရဲ့အနာဂတ်မှာရှိတဲ့ ကျမတို့နိုင်ငံတွေ၊ ကျမတို့သားသမီးတွေအားလုံးအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တွေကို  စုပေါင်းပြီးတော့ ဖော်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ အထိမ်းအမှတ်ပွဲမှာ အမျိုးသမီးတိုင်း တန်းတူအခွင့်အရေးရဖို့နဲ့ လိင်ပေါ်မှာ အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမပြုဖို့ စာတန်းတွေကိုင်ဆောင်ပြီး အမျိုးသမီးတွေပါဝင်တဲ့ အင်အား ၂၀၀ ခန့် ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်မြို့တွေမှာ မြန်မာနဲ့ထိုင်း လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပခဲ့သလို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးများရဲ့အသံ ပါဝင်တင်ပြနိုင်ရေး ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်ရှင်။

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ အခွင့်အရေးရရှိတဲ့အခါ လူမှုဝန်းကျင်ဟာ ပိုပြီး တိုးတက် အောင်မြင်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ကိုယ့်ရဲ့ မိခင်၊ ညီမ အမနဲ့ သမီးတွေရဲ့ အခွင့်အရေးအတွက် အမျိုးသားတွေက မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးဖို့အတွက် He for She လို့ နာမည်ရတဲ့ လှုပ်ရားမှုကို ကုလသမဂ္ဂက သောကြာနေ့က စတင်ခဲ့ပါတယ်။

အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိတာဟာ အားလုံးအတွက် တိုးတက်မှုဖြစ်တယ်လို့ ဒီအခန်းအနားမှာ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။ မိန်းကလေးတွေ၊ အမျိုးသမီးတွေအတွက် အခွင့်အရေးဟာ အိမ်မက်တခုမဟုတ်ဘဲ အားလုံးမှာရှိတဲ့ တာဝန်ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။

အမျိုးသမီးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်ပြီး အမျိုးသမီးတွေတိုးတက်မှ လူသားတွေတိုးတက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကလည်း ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့အခမ်းအနားမှာ ပြောကြားသွားပါတယ်။ အောင်မြင်မှုတွေ ရှိနေပေမယ့် လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေ ရာနှုန်းပြည့်ပါဝင်နိုင်တဲ့ နိုင်ငံ တခုမှ မရှိသေးတဲ့အတွက် ၂၁ ရာစုမှာ မပြီးပြတ်သေးတဲ့အလုပ်တခုလို ဖြစ်နေတယ်လို့ Mrs. Clinton ကပြောသွားခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း အားလုံးအတွက် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ရမယ်လို့ ပြောကြားထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ စကားဝိုင်းတွေ၊ အသက်ဆုံးရှုံးမှုတွေရှိတဲ့ ပဋိပက္ခတွေအတွက် ညှိနှိုင်းတဲ့နေရာတွေမှာ စီးပွားရေးအပေါ် သက်ရောက်နိုင်တဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဘုတ်အဖွဲ့ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို နေရာပေးရမယ်လို့ သူကပြောပါတယ်။

ကိုယ့်ရဲ့ မိခင်တွေအတွက်၊ သမီးတွေအတွက်၊ ဇနီးသည်တွေအတွက် အမတွေ ညီမတွေအတွက် ရင်းနေတာဟာ အနာဂတ်ကမ္ဘာကြီးကောင်းမွန်ဖို့ ရင်းနေတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်ရှင်။

မအေးအေးမာ
ဗွီအိုအေ (မြန်မာဌာန)

မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်
မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ် တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာ အလုပ်သမား အရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့ အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မလေးရှားလေယာဉ်ကို ရှာဖွေနေသော လေယာဉ်များ ပင်လယ်တွင်း၌ ရေနံပြင်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ဗီယက်နမ် ပြောကြား

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေနေသည့် ကယ်ဆယ်ရေးလေယာဉ်များ သည် ပင်လယ်ပြင်အတွင်း၌ ရေနံကွက်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ယင်းဧရိယာသို့ သင်္ဘောများ စေလွှတ်ထားကြောင်း ဗီယက်နမ်က မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။