Monday, 3 June 2013

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်

Photo: မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့် 
Monday, 3 June 2013

ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။
မြန်မာနိုင်ငံက အဆက်မပြတ် လုပ်ဆောင်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုသည့် အနေဖြင့် လက်နက် ရောင်းချခြင်းမှ လွဲပြီး အခြားသော ပိတ်ဆို့မှုများကို အီးယူက ဖယ်ရှားခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ကျင်းပသည့် အီးယူ ၂၇ နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ <

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အခြေစိုက်သော အီးယူ ကိုယ်စားလှယ်ရုံးသည် နိုင်ငံတကာ ၀န်ထမ်းများ အများအပြား တာဝန်ယူ ထမ်းဆောင်နေပြီးသြစတြေးလျ သံတမန် တစ်ဦးဖြစ်သည့် အင်ဒရေလစ်က အဆိုပါ ရုံးတွင် ဦးဆောင်ခဲ့ပြီး သံအမတ် အဆင့်အနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ဒေးဗစ်လင်ပန်က ပူးတွဲတာဝန်ယူ ထမ်းဆောင်ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ အီးယူ အမတ်ကြီး ဖြစ်လာမည့် ကိုဘီယာသည်ရှေ့နေတစ်ယောက်အဖြစ် ပညာသင်ကြားခဲ့ပြီး အီးယူအရာရှိ တစ်ဦးအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင် နေသူတစ်ဦးဖြစ်သည်။ အဇာဘိုင်ဂျန် မသွားရောက်ခင် အီးယူ စွမ်းအင်ဝန်ကြီးရုံး၊ ကွန်ဂိုနိုင်ငံ အီးယူကိုယ်စားလှယ်ရုံးတွင် တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့အပြင် အီးယူပြည်တွင်း ဈေးကွက်ဌာန တွင်လည်း တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု သိရသည်။ 

7Day News
ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Monday, 3 June 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn တက်ရောက်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော် များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်း အတွေ့အကြုံများ မျှဝေရေး၊လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/06/03/id-3591
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တာလောကြီးကျေးရွာမှ ဒေသခံရှမ်းတိုင်းရင်းသား (၂) ဦး KIA တပ်စခန်းမှ ပြန်လည် ထွက်ပြေး လွတ်မြာက်လာ

Photo: တာလောကြီးကျေးရွာမှ ဒေသခံရှမ်းတိုင်းရင်းသား (၂) ဦး KIA တပ်စခန်းမှ ပြန်လည် ထွက်ပြေး လွတ်မြာက်လာ

ဇွန်လ ၃ ရက် ၂၀၁၃ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာမှ - -

၁။ မောင်မြထွေး (ခ) အထွေး- အသက် (၂၈)၊ ၁/မကန(နိုင်) ၁၉၈၈၆၀
အဖ- ဦးကျော်အေး ရှမ်း၊ ဗုဒ္ဓ ၊ (၅’၅”) တာလောရပ်ကွက် (၄) နှင့်

၂။ မောင်အောင်ဝင်း အသက် (၂၁) ၁/မကန(နိုင်) ၁၉၂၈၆၀
အဖ- ဦးကြာစိန် ရှမ်း၊ ဗုဒ္ဓ (၅’ ၆”) တာချယ်ကျေးရွာ - မှ

ဒေသခံရှမ်းတိုင်းရင်းသားနှစ်ဦးတို့သည် (၁.၆.၂၀၁၃)ရက်နေ့တွင် ကန်ပိုက်တည်လမ်းမှ တဆင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးလွတ်မြောက် လာခဲ့ပါတယ်။ မောင်မြထွေးနှင့် မောင်အောင်ဝင်းတို့သည် ရှေးတန်းတပ် လက်နက်ကြီးအဖွဲ့သို့ ပို့ရန်စီစဉ်နေချိန် အော်ရာဘွန်(KIA) တပ်စခန်းမှာ တွေ့ဆုံခဲ့ကြပြီး ဖုန်နွန်ယန်၊ ဂျာထူးခေါင်၊ လိုင်ဇာ၊ တရုတ်ကမ်း၊ တဟုတ်ဂျမ်း၊ တရုတ်ပြည်လမ်း-ကန်ပိုက်တည်လမ်းများအတိုင်း (၇)ရက်တိုင်တိုင် လမ်းတွင်တွေ့သော တရုတ်ငှက်ပျောသီးများကိုသာ စားသောက်ပြီး၊ပင်ပန်း ခက်ခဲစွာဖြင့် ပုန်းအောင်း တိမ်းရှောင် ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့လည်း ပြောပြပါသည်။ ထိုနှစ်ဦးအနက်-

မောင်မြထွေးသည် ၂၀၁၁-ခုနှစ် စပါးရိတ်သိမ်းချိန် ၄င်းနှင့် အမျိုးသမီး(၆)ဦး ဂလန်ကျရွာမှာ စပါးရိတ်သိမ်းနေစဉ် ဂျမာလွတ် (၁)ရစ်နှင့် မောင်ဇော်မင်း ဆိုသူ (တပ်သား) KIA နှစ်ဦးတို့သည် ကျည် ခဏကူသယ်ပေးရန်- ဟုဆိုပြီး မုန်ဆန်ယန် စစ်သင်တန်းကွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ၄င်းစစ်သင်တန်းကွင်းသို့ (၂၅)ရက် သွားခဲ့ရပြီး စစ်သင်တန်း(၁)လ တက်ခဲ့ရပါတယ်ဆိုပြီး သူ၏ဖြစ်စဉ်ကို ဆက်လက်ပြောပြရာ- စစ်သင်တန်း(၁)လ ပေးပြီး တပ်မဟာ(၅)မှာ သေနတ်ထုတ် လဂျာယန်မှာ (၁)လခန့် အကြာ KIA တပ်ဖွဲ့အတွင်း အနေ အစား ဆင်းရဲပြီး လွတ်လပ်မှုမရှိ အသွားအလာ တင်းကျပ်လွန်းတာကြောင့်ရယ်၊ KIA မလုပ်ချင်တာကြောင့်ရယ်၊ မိမိနေရပ်သို့ ပြန်ချင်တာကြောင့်ရယ်တို့ကြောင့် စိတ်အရမ်းညစ်ပြီး မိမိကိုယ်ကို ဗုံးခွဲ၍ သေကြောင်းကြံခဲ့ပါသည်။ ၄င်းဗုံးဒဏ်ရာကြောင့် ဆေးရုံမှာ (၂)လခန့် နေခဲ့ရပြီး အသက်မသေဘဲ တပ်မဟာ(၅) သို့ ပြန်ပို့ခံခဲ့ရပါတယ်။ တပ်မဟာ 
(၅)မှာ တပတ်ခန့်နေပြီး တပ်ရင်း (၁၉)သို့ ခေါ်သွားရာ ထိုနေရာမှာ (၇)လခန့်ကြာ နေခဲ့ရပါတယ်။ ထိုနောက် အော်ရာဘွန်သို့ ရောက်ပြီး (၃)ပတ်ခန့်အကြာ (၂၄.၅.၂၀၁၃) ရက်နေ့မှာ တနယ်ထဲသား မောင်အောင်ဝင်းနှင့် အတူ ထွက်ပြေးလာခဲ့ပါတယ်။

မောင်အောင်ဝင်းကတော့ ၀ိုင်းမော်အထက် ၀ါးရှောင်လမ်း မေခမြစ်ဘေး ရှငေါ်တိုမှော်မှာ ရွေကျင်လုပ်သားအဖြစ် ရွှေကျင်နေစဉ် (၁၂.၁၀.၂၀၁၃)နေ့မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာပါ။ ဆက်လက်ပြီး - ရွှေကျင်အလုပ်သမား (၂၀၀)လောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတ၀က်အရောက်မှာ (၂၁)နှစ်နှင့် (၂၅)နှစ်ကြား အရွယ် အယောက်(၅၀)လောက် ရွေးထုတ်ဖမ်းဆီးခေါ်ဆောင်သွားရာ မောင်အောင်ဝင်းလည်း ပါဝင်သွားခဲ့ပါတယ်။ ငါးကျန်တပ်ရင်းအထိ (၁၁)ရက်အကြာ လမ်းလျှောက်ခဲ့ရပါတယ်။ ၄င်းငါးကျန်တပ်ရင်းမှာပဲ သေနတ်ထုတ်ပြီး ရင်း(၃၀)ကို ပြန်သွားရပါတယ်။ ရင်း(၃၀)မှာ (၃)လလောက်နေခဲ့ရပြီး အော်ရာဘွန်တပ်စခန်းသို့ ပို့ခဲ့ပါတယ်။ ၄င်းမှာ (၁)လခန့်လောက် နေခဲ့ရပြီး တနယ်ထဲသား မောင်မြထွေးနှင့် တွေ့ကာ အတူ ပြန်လည်ထွက်ပြေးလာခဲ့ပါတယ်လို့ ပြောပြပါသည်။

မောင်မြထွေးနှင့် မောင်အောင်ဝင်းတို့၏ ပြောပြချက်များအရ - - -
ဆင်ဘိုနှင့် မိုးမောက်ကားလမ်းဘေး-ညောင်ပင်သာရွာက ဒေသခံ ရှမ်းတိုင်းရင်းသား လေးငါးဆယ့်ခန့်လောက် တွေ့ခဲ့ရပြီး မုန်တိုင်တပ်စခန်းနှင့် KIA တပ်မဟာ(၅)မှာ မိမိတို့ သွားလာမြင်တွေ့ခွင့် ရခဲ့ရသော နေရာတို့တွင် အသက်(၁၈)နှစ် မပြည့်သေးသော ကလေးစစ်သား (၁၅၀)ခန့်နှင့် ရင်း(၃၀)မှာတင် ကလေးစစ်သား (၅၀)ကျော် တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ပြီး ၀ါးရှောင်ကျေးရွာနှင့် (၃/၄)မိုင်ခန့်လောက်ဝေးသော စိုက်ပျိုးလယ်ယာများတွင် မိုင်းများထောင်ထားကြောင်း သိရှိခဲ့ရတယ်လို့ လည်း ပြောပြပါသည်။
အစိုးရနှင့် KIOတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး (၁.၆.၂၀၁၃)နေ့ လိုင်ဇာအပြန် ၀ိုင်းမော်မြို့တွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ ဆန္ဒထုတ်ဖေါ်မှုနှင့် စပ်လျဉ်း၍ သတင်းထောက်တစ်ဦးအမေးကို ဖြေကြားရာတွင် ဖမ်းဆီးထားသော ဒေသခံရှမ်းတိုင်းရင်းသားတွေနဲ့ပက်သက်ပြီး အစီအစဉ်ရှိပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဧရာဝတီမြစ်ဖျားဆီက
ဇွန်လ ၃ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာမှ - -

ဆီးချိုပျောက် နည်း များ စွာ ထဲ က လက်တွေ့ နည်း လမ်းကောင်းလေး တစ်ခုပါ

Photo: ဆီးချိုပျောက်နည်းမျာစွာထဲက လက်တွေ့နည်းလမ်းကောင်းလေး တစ်ခုပါ
Monday, June 3, 2013

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို
သွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ

ဦးစန်းမောင် (မန်း)
Mg Mandalay
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ ရခြင်း ဖြစ် ပါသည်။

ဘီဘီစီသတင်းတွေကို ပြည်တွင်း မိုဘိုင်းလ်ဖုန်းက နားဆင်နိုင်ပြီ

Photo: ဘီဘီစီသတင်းတွေကို ပြည်တွင်း မိုဘိုင်းလ်ဖုန်းက နားဆင်နိုင်ပြီ
Monday, June 3, 2013

ဘီဘီစီ ရဲ့ နောက်ဆုံးရ သတင်းတွေကို ပြည်တွင်း မိုဘိုင်းလ်ဖုန်း ကနေ နားဆင် နိုင်တဲ့ အစီ အစဉ် စတင် နေပြီ ဖြစ်ပါတယ်။

စက္ကန့် ၉၀ စာ သတင်းတွေကို တနေ့ကို ၂ ကြိမ် မနက် ၈ နာရီ နဲ့ ညနေ ၆ နာရီ ခွဲ တိုင်းမှာ ကိုယ့်ဆီ အလို လျောက် ဖုန်းခေါ်ပြီး၊ သတင်းတွေ ပြောပြမယ့် အစီ အစဉ် ဖြစ်ပါတယ်။

ဒီအစီ အစဉ်ကို ဘီဘီစီနဲ့ မြန်မာ ပြည်တွင်းမှာ ဖုန်း ဝန်ဆောင်မှု ပေးတဲ့ Blue Ocean Operating Management ကုမ္ပဏီ တို့ ပူးတွဲ တင်ဆက် တာ ဖြစ်ပါ တယ်။

ရန်ကုန်က ဖုန်း နံပါတ် ဝ၁ ၂၃ ၉၉ ၆၀ဝ ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင် ပါတယ်။

BBC Burmese
ဘီဘီစီ ရဲ့ နောက်ဆုံးရ သတင်းတွေကို ပြည်တွင်း မိုဘိုင်းလ်ဖုန်း ကနေ နားဆင် နိုင်တဲ့ အစီ အစဉ် စတင် နေပြီ ဖြစ်ပါတယ်။

အင်းလေး အင်းနှင့် စံကားအင်း တို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေ လံ တင် ရောင်းချ မည်ဟု ကြေညာ

Photo: အင်းလေးအင်းနှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် လေလံတင် ရောင်းချမည်ဟု ကြေညာ
Monday, June 3, 2013

အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ အင်းလေးကန်နှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေလံတင်ရောင်းချရန် ကြေညာထားကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်းရှိ ဂရန် အင်း/တင်ဒါ ပိုက်ချက်များအား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်သဖြင့် မည်သူမဆို ၀ယ်ယူလိုပါက ၂၀၁၃ ခုနှစ် ဇွန် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံး တောင်ကြီးမြို့တွင် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

ဂရန်အင်းများတွင် အင်းလေးအင်း၊ စံကားအင်း၊ တင်ဒါပိုက်ချက်များတွင် ကိုးမိုင်တံတားဝပိုက်ချက်၊ ငါးရှဥ့်ဖြူ တံတားအောက်ပိုက်ချက်၊ ရွှေရန်ပြေ တံတားအောက်ပိုက်ချက်တို့ ပါဝင်သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
''ကျွန်တော်တို့ ဒေသမှာ အင်းလေးအင်းဆိုတာ မရှိဘူးလေ။ မြန်မာနိုင်ငံမှာ အင်းလေးအင်းဆိုတာ မရှိဘူးလေ။ ဒါပေမယ့် အင်းလေလံပေးလို့ရအောင် အင်းလေးကန်ကို အင်းလေးအင်းလို့ အမည်ပြောင်းထားတာ။ ဂရန်အင်းတွေလို့ အမည်ပေးလိုက်တဲ့ နေရာမှာ အင်းလေးအင်းလို့ ရေးထားတယ်။ အဲဒါအင်းလေးကန်ကို ပြောတာ''ဟု အင်းလေးဒေသမှ ဒေသခံတစ်ဦးက ဇွန် ၁ ရက်နေ့က ပြောပြသည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၅ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့အတွင်း တည်ရှိကာ အာဆီယံ အမွေအနှစ် ဥယျာဉ်တစ်ခုဖြစ်သည်။
''အာဆီယံအဆင့် ထိန်းသိမ်းထားတယ်လို့ ဆိုကတည်းကကိုက ကျွန်တော်တို့က နိုင်ငံရဲ့ တကယ့်အရေးကြီးတဲ့ ဒေသတစ်ခုဖြစ်တယ်။ ကျွန်တော်တို့က သယံဇာတတွေကို နေရာအနှံ့မှာ ထင်သလိုသုံးလို့ မရဘူးလေ။ ကျွန်တော်တို့ရဲ့အမွေ၊ ထိန်းသိမ်းထားဖို့လိုတယ်။ နိုင်ငံတော်ကနေ ဒီဟာကို တကယ်တမ်း လိုအပ်လို့ ထိန်းသိမ်းထားတဲ့နေရာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ အခွန်အတုတ်တွေ၊ အမြတ်အစွန်း ရရှိဖို့ထက် အမွေကို ဆက်ထိန်းနိုင်ဖို့က အရေးကြီးနေတာပေါ့။ နောက်တစ်ခုကလည်း အဓိကက ဒေသခံတွေကလည်း သူတို့ဒီမှာ လုပ်ကိုင်စားသောက်တဲ့ အခါမှာလည်း လေလံယူပြီးတော့မှ သူတို့နားလည်မှုတွေ လွဲပြီးတော့မှ လုပ်တဲ့ဟာမျိုးတွေလည်း ရှိတာကိုး။ အာဆီယံအဆင့် သတ်မှတ်ထားတဲ့ သဘာဝ ထိန်းသိမ်းနယ်မြေထဲကနေ ပြီးတော့မှ လေလံတင် ရောင်းချခြင်းက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်'' ဟု အင်းလေးဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက ပြောပြသည်။

ကျွန်တော်တို့က ဆင်းရဲနွမ်းပါးမှု လျော့ချတဲ့ နေရာမှာလည်း သူတို့ဆီက အခွန်အတုတ်ကို ယူနေမယ့်အစား သူတို့ရေရှည် အသုံးချနိုင်ဖို့ အတွက်ကို သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီးတော့မှ ထိန်းသိမ်းမှုလေးတွေရအောင် ဆောင်ရွက်မယ်ဆိုရင် . . .

အင်းလေးဒေသသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရာတွင် သစ်တောပြုန်းတီးမှု၊ ရေပြင်ညစ်ညမ်းခြင်း မြင့်တက်လာမှု၊ ရေပြင်ဧရိယာ ကျဉ်းမြောင်းလာမှု၊ ရေအနက် ယခင်ကထက် လျော့လာမှု၊ ယခုနောက်ပိုင်း ကြုံတွေ့ရသည့် ပူပြင်းခြောက်သွေ့ချိန်တွင် ရေအ၀င် နည်းပါးမှု စသည်တို့ဖြစ်ကြောင်း သိရှိရသည်။

အင်းလေးကန်သည် ၁၉၃၄ ခုနှစ်တွင် ကန်အကျယ်အ၀န်း ၁၀၄ စတုရန်းမိုင်ရှိပြီး ၂၀၀၅ ခုနှစ်တွင် အကျယ်အ၀န်း ၈၇ ဒသမ ၅၄ စ တုရန်းမိုင် ရှိခဲ့သည်။ ယခုအခါ ပြန်လည်တိုင်းတာချက်အရ ဧရိယာ ၆၃ စတုရန်းမိုင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အင်းလေးကန်အား ယခင်ကလည်း ငါးလုပ်ငန်းရာသီအတွက် လေလံဆွဲမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်များအတွင်း အင်းလေးကန်၊ အင်းလေးဒေသ ၀န်းကျင်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် ပြန်လည်သုံးသပ်ရမည့် အခြေအနေ ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။

''လုပ်ငန်းရှင်တွေက လေလံကို ဆွဲရုံပဲ ဆွဲလိုက်တယ်လေ။ ဆွဲပြီးတော့မှ သူတို့လေလံမှာ စည်းကမ်းချက်တွေက အများကြီးပဲ။ ဒါပေမယ့် အဲဒီစည်းကမ်းချက်တွေကို လိုက်နာ၏၊ မလိုက်နာ၏ ဆိုတာကိုရော ဘယ်သူတွေက လိုက်ပြီးတော့မှ ဆောင်ရွက်သလဲပေါ့။ စည်းကမ်းချက် ၁၅ ချက်နဲ့ ထုတ်ပြန်လိုက်တယ်။ အဲဒီဟာတွေကို ဘယ်သူတွေကနေပြန်ပြီး ကြီးကြပ်ပေးသလဲ ဆိုတာပေါ့ဗျာ'' ဟု အင်းလေးဒေသမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူက ပြောကြားသည်။

''ရေလုပ်သားလေးတွေရဲ့ ဘ၀ဟာ တကယ်လည်း ဆင်းရဲတာတွေ များတာပေါ့။ ကျွန်တော်တို့က ဆင်းရဲနွမ်းပါးမှု လျော့ချတဲ့ နေရာမှာလည်း သူတို့ဆီက အခွန်အတုတ်ကို ယူနေမယ့်အစား သူတို့ရေရှည် အသုံးချနိုင်ဖို့ အတွက်ကို သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီးတော့မှ ထိန်းသိမ်းမှုလေးတွေရအောင် ဆောင်ရွက်မယ်ဆိုရင် အင်းလေးဒေသမှာရှိတဲ့ ရေလုပ်သားတွေရဲ့ ဘ၀မြင့်တင်ရာ ရောက်မှာပေါ့။ အခုက ဒီဟာအပေါ်မှာကိုပဲ အကျိုးအမြတ် ထုတ်ချင်တဲ့သူက များသလို ဖြစ်နေတာပေါ့'' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

အင်းလေးဒေသသည် ၂၀၁၀ ပြည့်နှစ် ဧပြီလကုန် မေလအတွင်းက နှစ်စဉ်နှင့်မတူဘဲ စံချိန်တင် ရေကျဆင်းခဲ့ပြီး အချို့သော ကျေးရွာများမှာ စက်လှေဖြင့် ယခင်ကဲ့သို့ ရွာအရောက် သွားလာနိုင်ခြင်း မရှိခဲ့ဘဲ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုလည်း များစွာရှိခဲ့သည်။ ၂၀၁၃ ခုနှစ် နွေရာသီအတွင်းတွင်လည်း ရေ၀င်ချောင်းများ ရေနည်းပါး ကျဆင်းမှုကို ကြုံတွေ့ခဲ့ရသည်။

မိုးနည်းပါးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဆက်စပ်ကာ မြေဆီလွှာ တိုက်စားပို့ချခြင်း၊ အနည်အနှစ် ကျဆင်းမှု များပြားလာခြင်း စသည့် အကြောင်းအချက်များသည် အင်းလေးကန်အတွင်းသို့ စီးဝင်သော ချောင်းများတွင် ရေနည်းပါးမှုကို အဓိက ဖြစ်ပေါ်စေခဲ့သည်။
အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နော်ဝေနိုင်ငံ အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ စသည်တို့က ကူညီပံ့ပိုးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

''နိုင်ငံတကာမှာ တကယ့်ကို အရေးကြီးတဲ့ ဒေသတစ်ခုအဖြစ် မဖြစ်မနေ ထိန်းရမယ့် ဒေသအဖြစ် သတ်မှတ်ပြီး ထိန်းနေတဲ့ အချိန်မှာ ကျွန်တော်တို့က အခွန်အခလေးကိစ္စနဲ့ ဒါကိုဆက်လုပ်နေမယ်ဆိုရင် ဒေသခံတွေမှာ နားလည်မှုတွေက လွဲကုန်တာပေါ့ဗျာ။ ဘယ်လောက်ပဲ အာဆီယံအဆင့်၊ ကမ္ဘာ့အဆင့်ပြောပြော လေလံပစ်တဲ့လူကတော့ လေလံပစ်နေတာပဲဆိုတော့'' ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူက ပြောပြခဲ့သည်။

နာမည်ကျော် အင်းလေးကန်မြင်ကွင်းကို မေလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
EMG
နာမည်ကျော် အင်းလေးကန်မြင်ကွင်းကို မေလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ အင်းလေးကန်နှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေလံတင်ရောင်းချ ရန် ကြေညာထားကြောင်း သိရသည်။

မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ပြည်တွင်း အင်တာနက်ဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေး

6.2.2
မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်သို့ တက်ရောက်လာသူများ
မြန်မာ့အင်တာနက်ဖိုရမ်ကို ဇွန် ၁ ရက်က MICTDC ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ပြီး ပြည်တွင်း အင်တာနက်ဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိသော်လည်း ယခုအချိန်ထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေဆဲ ဖြစ်သည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

6.2.10
သမ္မတဦးသိန်းစိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်သမ၀ါယမ အသင်းသားများအား ဇွန် ၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် တွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- ဇင်ဘိုလွင်)
မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ကောင်းများရှိသော်လည်း ယခုအချိန်အထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေဆဲ ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ နှုန်းထားများ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေး ဒုဝန်ကြီးပြောကြား

6.2.4
အင်တာနက်ဖိုရမ်တွင် တွေ့ရသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်
ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌ ဖုန်းပြောဆိုခ နှုန်း ထားများ လျော့ကျလာနိုင်ပြီး Broadband အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ၌ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုမှာ တစ်နှစ် ပျမ်းမျှသုံးသန်းခန့် အထိရှိကြောင်း သိရ

6.2.16
ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုရှိ လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ အနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှု အခြေအနေမှာ တစ်နှစ်လျှင် ပျမ်းမျှ (၂ ဒသမ ၅) သန်းမှ သုံးသန်းခန့်ထိ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားခဲ့သည်။

Sunday, 2 June 2013

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်း (WAN-IFRA) မှ ပေးအပ်သော၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ရရှိ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အဖွဲ့အစည်း (World Association of News-papers and News Publishers- WAN-IFRA) မှ ပေးအပ်သော ၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ရရှိခဲ့ကြောင်း သိရှိရပါသည်။

ရော ဂါကြောင့် မဟုတ်ဘဲ အိပ် မပျော်ဖြစ်နေ လား

Photo: ရောဂါကြောင့်မဟုတ်ဘဲ အိပ်မပျော်ဖြစ်နေလား
Sunday, June 2, 2013

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတဲ့ အခါမှာ ကျွန်မတို့တစ်တွေဟာ အိပ်မပျော်နိုင်တာ မျိုး ဖြစ်နေတတ်ကြ ပါတယ်။  ဒါပေမဲ့ ရောဂါဝေဒနာ တစ်ခုကိုမှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အတွေးတွေများတာ၊ ပူပင်သောက များတာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြ ပါဘူး။ အဲဒီအခါ နောက်တစ်နေ့မှာ အာရုံ စူးစိုက်မှု နည်းတာ၊ မှတ်ဉာဏ်အား နည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်းတာစတဲ့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့အတွက် ည,ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်အောင် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်ကန်မှု ရှိပါစေ
အများသူငါ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့တွေပါမကျန် နေ့ရက်တိုင်းမှာ အချိန်မှန်အိပ်၊ အချိန်မှန်ထတဲ့ အကျင့်ကို လုပ်ပေးပါ။ ဒီအကျင့်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

(၂) အိပ်ပျော်ရန် အတင်းမကြိုးစားပါနှင့် မအိပ်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးကိုတွေးပြီး ဇွတ်အတင်း ကြိတ်မှိတ်အိပ်ဖို့ မကြိုးစားပါနဲ့။ အဲဒီလို ကြိုးစားလေလေ ဖိအားများပြီး အိပ်ပျော်ဖို့ ခက်ခဲလေလေ ဖြစ်တတ်ပါတယ်။

(၃) အိပ်ရာဝင်ချိန်တွင် ခန္ဓာကိုယ်ကို အကြောဖြေလျှော့ပါ
အိပ်ရာထဲ ဝင်ပြီးတာနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကနေ အောက်ပိုင်းအထိ အစိတ်အပိုင်း တစ်ခုချင်းစီကို အကြောတင်းလိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။ ခန္ဓာကိုယ် အနားရပြီး အပန်းပြေသွားပါလိမ့်မယ်။

(၄) အိပ်ရာထဲတွင် ရန်မဖြစ်ပါနှင့် အထူးသဖြင့် အိမ်ထောင်ဖက်နဲ့ အိပ်ရာထဲ ရောက်တဲ့အထိ စကားများတာ၊ ရန်ဖြစ်တာ၊ ပြဿနာဖြစ်တာ မျိုး ရှောင်ပါ။ တစ်ညလုံး စိတ်ပင်ပန်းကာ အိပ်မပျော်တာ မျိုး ဖြစ်တတ်ပါတယ်။

(၅) အိပ်ရာဝင်ခါနီး အောက်ပါတို့ကို လိုက်နာပါ
အိပ်ရာဝင်ခါနီး အချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ အရက်၊ ဆေးလိပ်စတာတွေကို မသောက် ပါနဲ့။ ဗိုက်ဆာရင် နွားနို့၊ ငှက်ပျောသီး စတာတွေ စားပေးပါ။ ထရစ်ပတိုဖန်ဓာတ် ပါဝင် တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ အိပ်ရာဝင်ခါနီး သုံးနာရီအလိုမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ဘုရားစာရွတ်တာ၊ တရားမှတ်တာတို့ လုပ်ပြီး စိတ်အေးအေးထားကာ အိပ်ရာဝင်ပါ။

Myawaday News
ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတဲ့ အခါမှာ ကျွန်မတို့တစ်တွေဟာ အိပ်မပျော်နိုင်တာမျိုး ဖြစ်နေ တတ်ကြပါတယ်။  ဒါပေမဲ့ ရောဂါဝေဒနာတစ်ခုကိုမှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အတွေးတွေများ တာ၊ ပူပင်သောကများတာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီအခါ နောက်တစ်နေ့မှာ အာရုံ စူးစိုက်မှု နည်းတာ၊ မှတ်ဉာဏ်အား နည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်း တာ စတဲ့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့အတွက် ည,ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနိုင်အောင် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

CNG တက္ကစီ ယာဉ် များ သို့ ရောင်း ချမည့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့် ဖွယ်ရှိ

Photo: CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့်ဖွယ်ရှိ
Sunday, June 2, 2013

CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေးထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။

မော်တော်ယာဉ်များတွင် CNG ပြောင်းလဲ တပ်ဆင်ခွင့် ပြုသည့်အချိန်မှစ၍ သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကို Subsidize လုပ်ထားသောနှုန်းဖြင့် ရောင်းချခဲ့ရာတွင် ပြည်သူလူထုအတွက် အမှန်တကယ် သက်သာချောင်ချိမှု မဖြစ်စေဘဲ ယာဉ်ပိုင်ရှင် လူနည်းစုလောက်ကိုသာ အကျိုးဖြစ်ထွန်း စေသည် ဆိုပါက CNG ဈေးနှုန်းကို Subsidize မလုပ်တော့ဘဲ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကစီ ယာဉ်များသို့ ရောင်းချမည့် CNG ဈေးနှုန်းကို သင့်တင့်မျှတသည့် ဈေးနှုန်းအဖြစ် ပြင်ဆင်သတ်မှတ် ရောင်းချနိုင်ရေးကို မကြာမီ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ကြိုတင် အသိပေးခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဝင် ခွင့်ပြုထားသော သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၇၄၇၆ စီးရှိပြီး အရောင်းဆိုင် ၄၅ ဆိုင်ဖြင့် တစ်လလျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၀၀  ခန့်ကို ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ CNG ရောင်းဈေးမှာ တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၀န်းကျင်သာ ရှိသဖြင့် အိမ်နီးချင်း နိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင် ဈေးအနည်းဆုံး ဖြစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ တင်ပြလာသည့် အကြံပြုစာများတွင် ပြည်သူလူထု အများစု စီးနင်းသွားလာနေသည့် ခရီးသည်တင် ဘတ်စ်ကားများ CNG ရရှိရန် အခက်အခဲကြောင့် ကားပိုင်ရှင်များသည် ထပ်မံတင်သွင်းရန် စဉ်းစားနေကြောင်း၊ လက်ရှိ ထုတ်ပေးထားသည့် CNG တက္ကစီ ယာဉ်များအား CNG ထုတ်ခွင့် ပြန်လည်ရုပ်သိမ်းပြီး ခရီးသည်တင် ယာဉ်များသို့ ပြောင်းလဲထုတ်ပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပိုမိုထုတ်ပေးခြင်းသည် အများပြည်သူ အကျိုးစီးပွားကို ပို၍ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြု တင်ပြထားခြင်းများ ရှိသဖြင့် စွမ်းအင်ဝန်ကြီးဌာနက CNG ဈေးနှုန်းကို ပြင်ဆင်ရန် သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံဖျက်သိမ်းပြီး CNG သုံး မော်တော်ယာဉ်များအတွက် CNG ပြန်လည်တပ်ဆင် အသုံးပြုခွင့် ပြုပြီးသည့် မော်တော်ယာဉ် အရေအတွက်မှာ ၅၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
မော်တော်ယာဉ်များတွင် CNG တပ်ဆင်ခွင့် ရရှိရန်အတွက် စာရွက်စာတမ်းများ စစ်ဆေးခြင်းနှင့် ယာဉ်ပုံစံ ထုတ်ယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ စစ်ဆေးရေးမှူးမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ ယာဉ်စစ်ဆေးမှုကို အင်ဂျင်နီယာဌာနမှ စစ်ဆေးခြင်း၊ နှစ်ပတ်လည် ယာဉ်စစ်ဆေးခ၊ စာအုပ်ဖိုး၊ ကတ်ဖိုးပေးချေရခြင်း၊ CNG သုံးစွဲခွင့်ကတ်တွင် အချက်အလက် ရေးသွင်းခြင်း၊ လယ်ဂျာ ရေးသွင်းခြင်း၊ CNG စာအုပ်တွင် အချက်အလက် ရေးသွင်းခြင်း၊ BookSection ဌာနမှ စာအုပ်နှင့် ကတ်အချက်အလက် များကို စိစစ်ခြင်း၊ ကြီးကြပ်ရေး အင်ဂျင်နီယာမှ စာအုပ်နှင့် ကတ်၏ အချက်အလက်များကို ပြန်လည်စိစစ်ခြင်း အစရှိသည့် လုပ်ငန်းအဆင့်များကို ဆောင်ရွက်ရကြောင်း သိရသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ELEVEN
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေး ထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်)

Photo: ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်)
Sunday, June 2, 2013

မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။

စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။ အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။

သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။

ဝါသနာဆိုတာ……
ကိုယ်တိုင်ကို ဘာကို ဝါသနာ ပါလို့ ပါမှန်းမသိ ကြီးပြင်းရတဲ့ လူများလည်း မနည်းပါဘူး။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်ပန်းတိုင်က ချမ်းသာ ကြွယ်ဝမှု ဖြစ်လာပါတယ်။ ချမ်းသာပြီးသားလူကျတော့ ဒီထပ်မချမ်းသာရင်တောာင် ဒီထက် ပိုဂုဏ်ရှိတဲ့ နေရာ တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားရပြန်ပါတယ်။

စာဖတ်သူ ၁၀ ယောက်တည်းမှာ ငွေကြေး အခက်အခဲ ရှိနေသူ တစ်နည်း ချမ်းသာချင်သူ ၇ ယောက်ထပ် မနည်း ရှိမယ်ဆိုတာ ကြိမ်းသေပြောရဲပါ တယ်။ ဒီတော့ အားလုံရဲ့  ရည်မှန်းချက်က ငွေကြေးချမ်း သာဖို့ ဖြစ်လာပြီး ချမ်းသာတယ်ဆိုတာ ပန်းတိုင် တစ်ခု ဖြစ်လာပါတယ်။ ဒီတော့ ယင်းပန်းတိုင် ကို သွားရမယ့် နည်းလမ်းက ဆရာဝန်လို့ ယူဆတဲ့သူက ဆရာဝန်ဖြစ်ဖို့ ကြိုးစားတယ်။ စစ်ဗိုလ်ဖြစ်အောင် ကြိုးစားမယ်၊ အင်ဂျင်နီယာဖြစ်အောင် ကြိုးစားမယ်။ သင်္ဘောသား ဖြစ်အောင် ကြိုးစားမယ် အစရှိသဖြင့် ကိုယ့် အခြေအနေ နဲ့  အဖြစ်နိုင်ဆုံးကိုပဲ ရွေးချယ်သွားကြပါတယ်။ အားလုံးကို မဆိုလို။ အများစုသော အရေအတွက်ကို ဆိုလိုပါတယ်။ ချမ်းသာဖို့ မဟုတ်ပါဘူး- အေးဆေး ငြိမ်းချမ်းတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အတွက်လေးပါ ဆိုရင်လည်း ဒီထဲမှာ အကြုံးဝင်ပါတယ်။

အထက်ပါအတိုင်းတွေးသော စာဖတ်သူများ တကယ်ချမ်းသာလာနိုင် ပါတယ်။ ဖြစ်မလာသူများ ကျရှုံးရသလိုလည်း ဆင်းရဲတွင်းက မလွတ်နိုင်သူများလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ဆရာဝန်တွေ ဖြစ် သွားကြ၊ အင်ဂျင်နီယာတွေဖြစ်သွားကြ၊ အရာရှိတွေ ဖြစ်သွားကြပေမယ့် ကိုယ့်ကိုယ်ကို ဘာဝါသနာ ပါလို့ ပါမှန်း မသိခဲ့ပါဘူး။ အသက်အရွယ်တွေ ရလာပြီး ရာထူးတစ်ခု၊ စည်းစိမ် တစ်ခု ပိုင်ဆိုင်ရပေမယ့်လည်း ငါဘာ ဝါသနာ ပါခဲ့လဲ၊ ဘာလုပ်ချင်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်တောင် ဖြေရ ခက်တဲ့ မေးခွန်း ဖြစ်လာတတ်ပါတယ်။ အချို့ ကျတော့ ငြင်းပါတယ်။ ငြင်း မှာပါ။ နေရာတစ်ခု၊ ငွေတစ်ခု၊ အသိုင်းအဝိုင်း တစ်ခု ရပြီ ဖြစ်တဲ့အတွက် ငါဝါသနာပါတာ ဒါတွေပါဆိုပြီး ဟန်ရေးလုပ် ပြောတဲ့အခါ မေးခွန်း ထုတ်မယ့်သူလည်း မရှိတော့ပါဘူး။ ဒီမှာ ဘယ်သူတွေ နစ်နာမှု ရှိသလဲဆို တာ လေ့လာရပါမယ်။

မိမိကိုယ်ကိုရော တိုင်းပြည်ကိုရော- ကြီးကြီးမားမားပြောရရင် လောက တစ်ခုလုံးကို နစ်နာစေပါတယ်။ အိုင်းစတိုင်း တစ်ယောက် ဆင်းရဲပေမယ့် ဝါသနာ အထုံတစ်ခုကြောင့် တစ်နေ့တော့ ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်း လဲပေးခဲ့ပါမယ်။ မီးသွေးဖိုမှာ အလုပ်လုပ်တဲ့ လင်ကွန်းက အမေရိကန် သမ္မတ ဖြစ်လာရပါတယ်။ ဥပမာ ပြရရင် ဒီတော့ မနည်းပါဘူး။ ဒီတော့ စာရေးသူ လိုရင်းက ဝါသနာ ပါရာကို ဦးစားပေး လုပ်ရင် ဘာမဆို ထိုးထိုးဖောက်ဖောက် အောင်မြင်လို့ တိုင်းပြည်ကြီး တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပေးနိုင် တယ် ဆိုတဲ့အချက်လို့ စာဖတ်သူတို့ ရိပ်မိမယ် ထင်ပါတယ်။ ဒီတော့ စာရေးသူတို့ မြန်မာနိုင်ငံတွင်းမှာ ဝါသနာ အထုံ ပါတဲ့ ကလေးငယ်လေးတွေကို သေချာ ပြုစုပျိုးထောင်ပေးနိုင်ရင် တိုင်းပြည်မှာ ကမ္ဘာက လေးစားရတဲ့ အောင်မြင်မှုကြီးများ၊ ပေါက်ရောက်မှု ကြီးများ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြမယ် ထင်ပါတယ်။

ယခုမှ ဝါသနာ တစ်ခု ရွေးသတ်မှတ်ခြင်း
ဒါဆို စာဖတ်သူတို့ က ဆိုပါမယ်။ ငါဝါသနာ ပါတာရှိခဲ့တယ်။ တိုင်းပြည်အခြေ အနေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီဝါသနာကို စွန့်လွတ်လိုက်ရတာ- အစရှိသဖြင့် ဆိုနိုင်ပါတယ်။ စာရေးသူ မငြင်းနိုင်ပါဘူး။ သို့သော်လည်း ဒီအတွက် အဖြေရှိပါတယ်။ စာဖတ်သူက အရင်ဆုံး ကိုယ့်ဝါသနာ ကို အဓိပ္ပါယ် ဖွင့်ရပါမယ်။ အကြမ်းချင်းလိုအပ်ချက်ကတော့ မိမိပါတဲ့ ဝါသနာဟာ ၁- မိမိအတွက်ကောင်းကျိုးပြုရမယ်၊ ၂- သူတစ်ပါး အတွက် ကောင်းကျိုးပြုရမယ်။ ဒီနှစ်ချက် ခိုင်လုံရင် စာဖတ်သူ ထားတဲ့ ဝါသနာဟာ တကယ် မှန်သွားပါပြီ။ ဝါသနာ ဆိုတာ ထင်ပေါ်ကျော်ကြားမှု တစ်ခုမဟုတ်ပါဘူး။ ပြောင်းလဲပေးနိုင်မှု ဖြစ်ရပါမယ်။ ဥပမာ- မိမိဝါသနာ ပါလို့ ဖန်တီးချပြလိုက်တဲ့ အရာဟာ လူသားအားလုံးအတွက် ကောင်းကျိုးပြု တယ်ဆိုရင် အလိုအလျာက် ထင်ပေါ်ကျော်ကြားပါတယ်။ ထင်ပေါ်ကျော်ကြား ဖို့အတွက် ဝါသနာ တစ်ခုထားတယ်ဆိုတာ အမှန်တော့ လောဘ တစ်မျိုး သာ ဖြစ်ပါတယ်။ ဝါသနာ မဟုတ်ပါဘူး။

စာဖတ်သူ တစ်ဝက်လောက်မှာ ကိုယ်ဝါသနာ ပါတာ ဘာလဲဆိုတာ မသိကြလောက်ပါဘူး။ သို့ပေမယ့် နောက် မကျသေးပါ။ လက်ရှိ ကိုယ်ဝါသနာ ဘာပါတယ်ဆိုတာကို မသိသေးတာကိုပဲ အဆင်ပြေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဝါသနာ တစ်ခု စထားမယ်ဆိုရင်

ကိုယ့်အတွက်ကော၊ အများအတွက်ကော ကောင်းကျိုးပြုရပါမယ်။
ဒီအဆင့်မှာကတည်းက တွက်ချက် ရွေးချယ်ပါ။ လက်ရှိ ရောက်နေတဲ့ အနေအထားအရ ကိုယ့်အတွက် အဆင်ပြေမယ်၊ ကိုယ်ကလည်း ကျွမ်းကျင်နေမယ်၊ ဖြစ်လာဖွယ်လည်း တကယ်ရှိတယ်ဆိုရင် ကိုယ်ထားတဲ့ ဝါသနာက မှန်ပါပြီ။ ဥပမာ- စာဖတ်သူက အထည်ဆိုင်မှာ အထည်ရောင်း ဝန်ထမ်း လုပ်နေရတယ် ဆိုပါစို့။ အထည်နဲ့ ပက်သက်ပြီး လေ့လာအားတစ် ခုခုရှိလို့ စိတ်ဝင်စားလို့ လေ့လာရင်ပို သိလာတဲ့အခါ ဒီအပေါ် အခြေခံလို့ ကိုယ်ဘာများ လုပ်နိုင်မလဲဆိုတာ လမ်းစရှာပါမယ်။ အဖြစ်နိုင်ဆုံး ပြောရရင် ကမ္ဘာ့အနှံ့ဖြန့်ချိတဲ့ အဝတ်အထည်လုပ်ငန်း (သို့မဟုတ်) ကမ္ဘာ့အလှဆုံး အဝတ်အထည်များ ဖန်တီးသူ ဒီဇိုင်နာ အစရှိသဖြင့် အစုံးစွန်ထိ စိတ်ကူးယဉ်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့လည်း ခံယူချက်ရှိထားရင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။

ဗီဇဝါသနာ ကို အကောင်အထည်ဖော်ခြင်း
အချို့ ကျတော့ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာ၊ ကိုယ်ဝါသနာ ပါတဲ့ အရာ ရှိနေပြန်ပါသေးတယ်။ မိဘက အတင်းတိုက်တွန်း လို့၊ ပတ်ဝန်းကျင် ပယောဂအမျိုးမျိုးကြောင့် အခြားလမ်းပေါ် ကို လျှောက်နေရပြီ ဆိုပါစို့။ ဒီမှာ ကိုယ်ဝါသနာ ပါတဲ့ အရာမှာ တကယ် ထူးချွန်သလား၊ မထူးချွန်သလားဆိုတာကို အရင်စမ်းစစ်ရပါမယ်။ အချို့ ကျတော့လည်း သီချင်းဆိုတဲ့ ဂီတအနုပညာကို ဝါသနာ ပါတယ်ဆိုပါတယ်။ သို့သော်လည်း အသံက အဆိုတော်တွေလို မကောင်းတော့ မိမိထားတဲ့ ဝါသနာဟာ ရူးသွပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာကို သိထားသင့်ပါတယ်။ ဒါဆိုရင် လက်လျော့ပြီး အထက်ဖော်ပြပါ ဝါသနာ တစ်ခုရွေးချယ်ခြင်ကို ဖတ်ရှု ကျင့်သုံးသင့်ပါတယ်။

အကယ်၍ ကိုယ်ဝါသနာပါတဲ့အရာမှာလည်း တကယ် ထူးချွန်နိုင်အခွင့် အလမ်း ရှိတယ်။ တကယ်လည်း အောင်မြင်နိုင်တယ်လို့ သက်သေအထောက်အထား ခိုင်လုံရင်၊ ယုံကြည်ချက် ရာနှုန်းပြည့်နေရင် လုံးဝ လက်မလျော့ပါနဲ့တော့။ လက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝ စွန့်ခွာနိုင်ပါတယ်။ စာဖတ်သူက ကိုယ်အောင်မြင်မယ်လို့ ကြိမ်းသေ သိရှိပြီး အလောင်းအစား လုပ်ရဲပြီဆိုရင် ကိုယ်ဝါသနာ ပါရာလမ်းကို စလျှောက်နိုင်ပါပြီ။ ဥပမာ တက်လက်စကျောင်းက ပြီးတော့မယ်ဆိုရင် ပြီးအောင် ဆုံးအောင်တက်နေပြီး တစ်ဖက်မှာ ကိုယ်အောင်မြင်ဖို့ သေချာတဲ့အလုပ်ကို ခိုင်ခိုင်မာမာ လက်ဆွဲလို့ လုပ်ကိုင် သင့်ပါတယ်။ ယင်းဝါသနာ အတွက် ငွေကြေးအထောက်အပံ့က ဒီအလုပ်လုပ်မှ၊ ဒီကျောင်းတက်မှ ရနေမယ်ဆိုရင်လည်း တစ်ဖက်ကို လုံးဝ စွန့်လွန့်လိုက်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အရာအတွက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေတယ်ဆိုတဲ့ ခံယူချက် ရှိရပါမယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။ ဝါသနာလည်း မစွန့်လွတ်ရသလို လုပ်နေကျ လုပ်ငန်းဆောင်တာ လည်း မပျက်ပါဘူး။

အချို့ ကျတော့လည်းဆိုပါတယ်။ ငွေအလုံအလောက်ရှိဘူး။ ဝါသနာကို အကောင်အထည် ဖော်လို့ မဖြစ်ဘူး။ ဒါတွေကို အထက်ပါ နှစ်ချက်လုံး မှာကတည်က ကြိုတင်စဉ်းစားတွက်ချက်ရမှာ ဖြစ်ပါ တယ်။ ငွေဆိုတာ ကလည်း ဝါသနာကို အကောင်အထည်ဖော်ရာမှာ ဗီလိန်ကြီးတစ်ခု လို ဖြစ်နေတတ်ပါတယ်။ ဒါကို စာဖတ်သူတို့ သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ မိမိမှာ ရှိနေတဲ့ ငွေကြေး၊ ထောက်ပံ့ပေးနေသော ငွေကြေး အရင်းအနှီး ထားရှိတဲ့ ဝါသနာ ပန်းတိုင် အစရှိသဖြင့်တို့ အားလုံး တွက်ချက်ပြီး စနစ်ချ ကြိုးပမ်းလို့ ဖြစ်လာနိုင်ပါတယ်။

ဒီလောက်ဆိုရင် ဝါသနာ ရှိသူရော၊ ဝါသနာ မရှိသူရော၊ ဆင်းရဲလို့ ဝါသနာ မဖန်တီးနိုင်သူရော၊ ချမ်းသာသော်လည်း ဝါသနာ မရှိသူရော အားလုံး နည်းမှန်းလမ်းမှန်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။ စာဖတ်သူက ဘာမှ ဝါသနာမပါဘူး။ အေးအေးနေ၊ အေးအေးစား၊ ဘဝ ဆိုတာ ပေါ့ပါးနေတာကိုက ဝါသနာဘာလို့ အကြောင်းပြချက်ပေး မယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့ လူတစ်ယေက်ပါလို့ ပြောနေတာနဲ့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာ တစ်ခုခု ရှိကို ရှိသင့်တယ်လို့ အလိုအလျောက် သိထားသင့်ပါတယ်။

ဝါသနာပါတာလည်း ရှိနေမယ်၊ တကယ်လည်း အကောင်အထည် ဖော်ပြီဆိုရင် မိမိပတ်ဝန်းကျင် အသိုက်အဝန်း တင်မကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကမ္ဘာ့လူသာားအားလုံး အထိ အကျိုးပြုတော့မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။

အောင်ခမ်း
မနက်က ညီမလေးဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမဒီကျောင်းဆက်မတက်ချင်တော့ဘူး။ အဝေးသင်မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရ တာပါပဲ။

NLD ဗဟိုကော်မီတီ များ စွမ်းရည်မြင့် အလုပ် ရုံ ဆွေးနွေး ပွဲ ရခိုင် ဗဟိုကော်မီတီ ၀င်များ တက်ရောက်

Photo: NLD ဗဟိုကော်မီတီများ စွမ်းရည်မြင့် အလုပ်ရုံ ဆွေးနွေးပွဲ ရခိုင် ဗဟိုကော်မီတီဝင်များ တက်ရောက်
Sunday, June 02, 2013

မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီ ၀င်များ စွမ်းရည်မြှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ (၄) ဦး တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။

“ NLD မှာ ရခိုင်က ဗဟို ကော်မီတီ ၄ ဦးရှိပါတယ်။ ဦးညီပုရယ်၊ ဦးသိန်းမောင်၊ ဦးမောင်ကြွင်းအောင်နဲ့ ကျွန်တော် ဖြစ်ပါတယ်။ ကျွန်တော် ၄ ဦးစလုံး တက်ရောက်ခဲ့ပါတယ်” ဟု NLD ဗဟိုကော်မီတီဝင် တောင်ကုတ်မြို့မှ ဦးမင်းအောင်က ပြောသည်။

ဆွေးနွေးပွဲတွင် အဓိက အးဖြင့်  နိုင်ငံတော် ဘတ်ဂျက် ကိစ္စ ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မူကဏ္ဍနှင့် သက်ဆိုင်သော ကိစ္စ ၊ လယ်ယာ ကဏ္ဍ  ဖွံ့ဖြိုး တိုးတက်မူ ကိစ္စနှင့်  World bank  နှင့် IMF တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲသည် တက်ရောက်သူများအား အကျိုး အများကြီးရှိသည်ဟု ကိုမင်းအောင်က ပြောသည်။

“ ဗဟို အဆင့် အမူဆောင် ကော်မီတီ ၀င်တွေ အတွက် အင်မတန် အကျိုးရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့  အတွေ့အကြုံ ဗဟုသုတတွေ အပြင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ရရှိပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို အထောက်အကူ ပြုနိုင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး” ဟု သူက ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲအား ရန်ကုန်မြို့ ၀ိုင်အမ်စီအေ ခန်းမတွင် ပြုလုပ်ခဲ့ပြီး NLD ဗဟိုကော်မီတီဝင် ၁၂၀ ရှိသည့် အနက် ၅၁ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးမျိုးမြင့် ( စီမံ ဘဏ္ဍာဌာနက ညွှန်ကြားရေးမှူးချုပ် ဟောင်း)၊ UNDP ၀န်ထမ်းဟောင်း တက္ကသိုလ် ဆရာကြီး တစ်ဦး၊ ဆရာ ဦးသံဒိုင် (ဘောဂဗေဒ)၊ ဒေါက်တာ သောင်းထွန်း ( NCGUB – ကုလ ဆိုင်ရာ ကိုယ်စားလှယ်ဟောင်း) တို့မှ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဟောပြော ပို့ချခဲ့သည်ဟု ပြောသည်။

“ ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါ နိုင်ငံရေး သိပ္ပံ သင်တန်းကျောင်းနဲ့ ဒေါက်တာ သောင်းထွန်း ဦးဆောင် ဖွဲ့စည်းထားတဲ့  Peace and Social justice အဖွဲ့တို့က ကမကထ ပြုပြီး စီစဉ် ပြုလုပ်ပေးတာ ဖြစ်ပါတယ်” ဟု ဦးမင်းအောင် က ပြောသည်။

နိရဉ္စရာ
မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မီတီဝင်များ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ(၄)ဦး တက်ရောက်ခဲ့သည်ဟုသတင်းရရှိသည်။

ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ

Photo: ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ
Sunday, June 2, 2013

ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စုံများ ၀တ်ဆင်၍ "ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်ခွင့်ပြုပါ၊ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်ခွင့်ပြုပါ၊ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ . . . . .

"၁၉၉၄ ခုနှစ် ဟိုဘက်တုန်းက စစ်သားတွေက ပေါ်တာဆွဲတယ်။ ကေအိုင်အေက အတင်းအဓမ္မ စစ်သားလုပ်ခိုင်းတယ်။ အခွန်ကောက်တယ်။ ၂၀၁၁ ခုနှစ် ဒီဘက်ပိုင်းကျတော့ စစ်သားတွေက ဒါမျိုးလုပ်တာ မတွေ့ရဘူး။ ကေအိုင်အေကတော့ အခု အချိန်မှာလည်း အခွန်ကောက်တုန်း စစ်သားစုဆောင်းတုန်း ရှိသေးတယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ကျွန်တော်တို့ကို နှိပ်စက်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ လက်ခံမှာ မဟုတ်ဘူး" ဟု ခတ်ချိုရွာမှ အသက် ၆၀ ကျော်အရွယ် ဦးစိုင်းတင်လှိုင်က ဆိုသည်။

၎င်းဆန္ဒပြမှုကို တွေ့မြင်သွားသော ဗိုလ်ချုပ်ဂွမ်မော်အား ဆက်သွယ်မေးမြန်းခဲ့ရာ "အားလုံးညှိနှိုင်းပြီး လုပ်သွားမှာပါ။ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အစီအစဉ် ရှိပါတယ်။ (အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး) ဒါကို တောင်းဆိုနေတာ ကြာပါပြီ။ အစိုးရနှင့် ကေအိုင်အို ဆက်ညှိသွားမှာပါ။ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသားတွေဟာ အရင်ကတည်းက အတူနေခဲ့ကြတာပါ။ ကျွန်တော်တို့ဆီမှာ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသား အတူတကွ နေထိုင်ရေးမူ ပေါ်လစီ ရှိပါတယ်။ (နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့) ကချင်နဲ့ ရှမ်းတိုင်းရင်းသား ချစ်ကြည်ရေး အမြဲတမ်း တည်တံ့ခိုင်မြဲမှာပါ" ဟု အပြန်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ် အတွင်းနေ ရှမ်းတိုင်းရင်းသားများက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း ၎င်းတို့၏ ဆန္ဒများကို ဆွေးနွေးခွင့် မရခဲ့သည့်အတွက် ကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

EMG

ဆန္ဒပြနေကြသော ရှမ်းတိုင်းရင်းသား အချို့ (ဓာတ်ပုံ -ထွန်းလင်းအောင်)

ဆန္ဒပြနေကြသော ရှမ်းတိုင်းရင်းသား အချို့ (ဓာတ်ပုံ -ထွန်းလင်းအောင်)
ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်း တိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်း ရရှိသည်။

ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်

Photo: ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်
Sunday, June 02, 2013

မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်

သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁၂ ရက်ကလည်း မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားရာတွင် သမ္မတ ဦးသိန်းစိန်က ၂၀၁၁-၂၀၁၂ မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် ငါးဆတိုးတက် ခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလျံ၊ လုပ်ငန်းအရေအတွက် ၉၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ထရီလျံကျပ်၊ လုပ်ငန်းအရေအတွက် ၆၅ ခု၊ အလုပ်အကိုင် အခွင့်အလမ်း ၈၂၇၉၂ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားမှုများ ရှိနေသော်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း အပြောင်းအလဲများ ရှိခဲ့သော်လည်း ပြည်သူများအတွက် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ အလွန်နည်းပါး နေသေးသည်ဟူသော ဝေဖန်မှုများ ရှိနေသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အားလုံးမှ သမ၀ါယမ အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကာ ရပ်ကွက်တစ်ခုလျှင် နှစ်ဦးနှုန်းဖြင့် စုစုပေါင်း အခမ်းအနား တက်ရောက်မည့်သူ ဦးရေတစ်သောင်းလေးထောင်ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားမှုအပြီး သမ၀ါယမ ၀န်ကြီးဦးကျော်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့က ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်မည်ဖြစ်ကာ ခရိုင်အလိုက် အသေးစား ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည် ဖြစ်သည်။

ထို့နောက် အရစ်ကျ စနစ်ဖြင့် မြို့နယ် သမ၀ါယမ အသင်းများမှ ၀ယ်ယူထားသော တက္ကစီ၊ ဆိုက္ကား၊ အပ်ချုပ်စက် စသည်တို့ကို ပေးအပ်သွားမည်ဖြစ်ကာ ကုမ္ပဏီများမှ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ၊ စိုက်ပျိုးရေး ဆေးဝါးများနှင့် ဓာတ်မြေသြဇာများ၊ ပြည်တွင်းအလှကုန် ပစ္စည်းများ စသည်တို့ကိုလည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

အစိုးရသက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းများမှ ကောက်နုတ်ချက် အချို့

"ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက် နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။"

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် မေ ၁ ရက်)

"နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေး ဦးမော့လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း များကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင်မြှောက်ပေး နိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့် နည်းပညာ၊ အရင်းအနှီး၊ အကြံဥာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အနေနဲ့ ဆင်းရဲမှု လျှော့ချရေးနဲ့ ပတ်သက်လို့ အကောင်အထည် ဖော်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ်ဘ၀လုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေးလုံခြုံစေမယ့် ကိုယ်ပိုင်အိမ်တစ်လုံး ကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒီလို အိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်မြို့ တစ်ဝိုက်မှာ စတင်စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ် များမှာလည်း တန်ဖိုးနည်း အိမ်ရာများကို ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်)

ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်း အသစ်ဖြစ်လိမ့်မယ် ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည်တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုတာမှာ ယခုလို ခေတ်တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို စနစ်တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရှိမှုတို့ဟာ သိပ်ကိုအရေးကြီးပါတယ်။

(၁၈) နှစ်၊ (၁၉) နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်။ ကျွန်တော်တို့လည်း လက်တော့ (ပ) တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရိမ်မှု မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့အားလုံး ဖြည့်စည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန် တစ်ရပ်လည်း ဖြစ်ပါတယ်။

(အစိုးရသက်တမ်းတစ်နှစ်ပြည့်မိန့်ခွန်း)

EMG
မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်
သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ တွင် ပြုလုပ် မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေးအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်ဦး မလေးရဲစခန်း၌ သေနတ်လု၊ သေကြောင်းကြံဖို့ကြိုးစားသော်လည်း မအောင်မြင်

Photo: မြန်မာတစ်ဦး မလေးရဲစခန်း၌ သေနတ်လု၊ သေကြောင်းကြံဖို့ကြိုးစားသော်လည်း မအောင်မြင်

အသက် ၃၃နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၇)က မလေးရှားနိုင်ငံ ပီနန်မြို့ ဘူးကစ် မာတာဂျမ်အရပ်က ရဲစခန်းထဲကို သွားရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသားဆီက ပစ္စတိုသေနတ်ကို လုယူခဲ့တယ်လို့ The New Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။
သူ့ကို ခြိမ်းခြောက်မှုတွေရှိတယ်လို့ တိုင်တန်းခဲ့တာကြောင့် ရဲအဖွဲ့က ကင်းလှည့်ပြီး စစ်ဆေးတဲ့အခါ ဘာတစ်ခုမှ သံသယဖြစ်ဖွယ် မတွေ့ရကြောင်း ရဲစခန်းထဲရှိနေတဲ့ မြန်မာအမျိုးသားကို အကြောင်းကြားတဲ့အခါမှာ သေနတ်ကိုလုပြီး ၃ ချက်တိတိ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
မကြာခင်မှာပဲ ရဲစခန်းရှေ့ထွက်လာပြီး သူ့ကိုယ်သူ ပစ်သတ်ဖို့ ကြိုးစားပေမယ့် သေနတ်က Jam ဖြစ်တာကြောင့် ရဲတွေက သေနတ်ကိုပြန်လုခဲ့ရပြီး ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။
အသက် ၃၃နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၇)က မလေးရှားနိုင်ငံ ပီနန်မြို့ ဘူးကစ် မာတာဂျမ်အရပ်က ရဲစခန်းထဲကို သွားရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသား ဆီက ပစ္စတိုသေနတ်ကို လုယူခဲ့တယ်လို့ The New Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။

ကျဆုံး ခန်းတွေကို စည်း တစ်ဖက် ခြားနိုင် ခဲ့ပြီ

ကျဆုံးခန်းတွေကို စည်းတစ်ဖက် ခြားနိုင်ခဲ့ပြီ

 
 
 
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ပင်နယ်တီကန်တာ မကြည့်ရဲလို့ မျက်နှာလွဲ ထိုင်နေတဲ့ စတိုင်ဂါရဲ့ပုံရိပ်ဟောင်း ကိုယ်တိုင်ခံစားနေရပေမယ့် အသင်းသားတွေရဲ့ နာကျင်မှုကို နှစ်သိမ့်ပေးခဲ့ရတဲ့ အသင်းခေါင်းဆောင် ဖီးလစ်လမ်းရဲ့ဝေဒနာတွေဟာခုတော့ လက်ခုပ်သံတွေကြားမှာ ပျောက်ပျက်ခဲ့ပါပြီ။ 

Saturday, 1 June 2013

တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်

Photo: တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်

ဇွန်လ ၁ ရက် ၂၀၁၃

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။ 

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးမှာ ကသိကအောက်ဖြစ်လာတဲ့ Cyber အင်တာနက် တိုက်ခိုက်မှုကို တရုတ်အစိုးရက ကိုင်တွယ်ရေး အမေရိကန်ကဖိအားတွေဆက်ပြီး တိုးမြှင့်သွားမယ်လို့ Shangri-La လုံခြုံရေးဆွေးနွေးပွဲမှာ ဒီကနေ့ မှတ်ချက်ချလိုက်တာပါ။ အင်တာနက် နယ်ပယ်မှာ တာဝန်သိစွာပြုမူကြဖို့ နိုင်ငံတကာ စံနှုန်းတွေထားရှိရေးအတွက် အမေရိကန်က တရုတ်နဲ့ရော တခြားနိုင်ငံတွေနဲ့ပါ အတူတကွ ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ၀န်ကြီး Hagel ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီညီလာခံတက်ရောက်စဉ်အတွင်း တရုတ် ကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်နေတယ်လို့လည်းဆိုပါတယ်။

တရုတ် ကွန်ပြူတာနည်းပညာနဲ့ တိုက်ခိုက်သူ Hacker တွေက Pentagon စစ်ဌာနချုပ်ရဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက် အစီအစဉ်တွေနဲ့ တခြား ကာကွယ်ရေးနည်းပညာတွေကို ခိုးယူခဲ့တယ်လို့ အမေရိကန်အစိုးရနဲ့ သတင်းမီဒီယာတွေက မကြာသေးခင်ကပြောဆိုထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်ကိုငြင်းဆိုပေမဲ့ အခု ၀န်ကြီး Hagel ရဲ့ မှတ်ချက်ကိုတော့ တုံ့ပြန်တာမရှိသေးပါဘူး။ 

သမ္မတအိုဘားမာနဲ့ တရုတ်သမ္မတရှီကျင်ဖျင်တို့ California မှာ မတွေ့ဆုံခင် ရက်ပိုင်းအလိုမှာ ကာကွယ်ရေးဝန်ကြီး Hagel က တရုတ်ကို ပြောင်ပြောင်တင်းတင်းစွပ်စွဲလိုက်တာပါ။ သမ္မတ ၂ ဦးတွေ့တဲ့အခါမှာလည်း ဒီကိစ္စဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

VOA
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။