Sunday 2 June 2013

ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်

Photo: ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်
Sunday, June 02, 2013

မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်

သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁၂ ရက်ကလည်း မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားရာတွင် သမ္မတ ဦးသိန်းစိန်က ၂၀၁၁-၂၀၁၂ မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် ငါးဆတိုးတက် ခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလျံ၊ လုပ်ငန်းအရေအတွက် ၉၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ထရီလျံကျပ်၊ လုပ်ငန်းအရေအတွက် ၆၅ ခု၊ အလုပ်အကိုင် အခွင့်အလမ်း ၈၂၇၉၂ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားမှုများ ရှိနေသော်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း အပြောင်းအလဲများ ရှိခဲ့သော်လည်း ပြည်သူများအတွက် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ အလွန်နည်းပါး နေသေးသည်ဟူသော ဝေဖန်မှုများ ရှိနေသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အားလုံးမှ သမ၀ါယမ အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကာ ရပ်ကွက်တစ်ခုလျှင် နှစ်ဦးနှုန်းဖြင့် စုစုပေါင်း အခမ်းအနား တက်ရောက်မည့်သူ ဦးရေတစ်သောင်းလေးထောင်ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားမှုအပြီး သမ၀ါယမ ၀န်ကြီးဦးကျော်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့က ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်မည်ဖြစ်ကာ ခရိုင်အလိုက် အသေးစား ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည် ဖြစ်သည်။

ထို့နောက် အရစ်ကျ စနစ်ဖြင့် မြို့နယ် သမ၀ါယမ အသင်းများမှ ၀ယ်ယူထားသော တက္ကစီ၊ ဆိုက္ကား၊ အပ်ချုပ်စက် စသည်တို့ကို ပေးအပ်သွားမည်ဖြစ်ကာ ကုမ္ပဏီများမှ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ၊ စိုက်ပျိုးရေး ဆေးဝါးများနှင့် ဓာတ်မြေသြဇာများ၊ ပြည်တွင်းအလှကုန် ပစ္စည်းများ စသည်တို့ကိုလည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

အစိုးရသက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းများမှ ကောက်နုတ်ချက် အချို့

"ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက် နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။"

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် မေ ၁ ရက်)

"နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေး ဦးမော့လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း များကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင်မြှောက်ပေး နိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့် နည်းပညာ၊ အရင်းအနှီး၊ အကြံဥာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အနေနဲ့ ဆင်းရဲမှု လျှော့ချရေးနဲ့ ပတ်သက်လို့ အကောင်အထည် ဖော်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ်ဘ၀လုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေးလုံခြုံစေမယ့် ကိုယ်ပိုင်အိမ်တစ်လုံး ကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒီလို အိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်မြို့ တစ်ဝိုက်မှာ စတင်စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ် များမှာလည်း တန်ဖိုးနည်း အိမ်ရာများကို ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်)

ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်း အသစ်ဖြစ်လိမ့်မယ် ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည်တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုတာမှာ ယခုလို ခေတ်တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို စနစ်တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရှိမှုတို့ဟာ သိပ်ကိုအရေးကြီးပါတယ်။

(၁၈) နှစ်၊ (၁၉) နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်။ ကျွန်တော်တို့လည်း လက်တော့ (ပ) တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရိမ်မှု မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့အားလုံး ဖြည့်စည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန် တစ်ရပ်လည်း ဖြစ်ပါတယ်။

(အစိုးရသက်တမ်းတစ်နှစ်ပြည့်မိန့်ခွန်း)

EMG
မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်
သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ တွင် ပြုလုပ် မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေးအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁၂ ရက်ကလည်း မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားရာတွင် သမ္မတ ဦးသိန်းစိန်က ၂၀၁၁-၂၀၁၂ မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ပြည် တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် ငါးဆတိုးတက် ခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလျံ၊ လုပ်ငန်းအရေအတွက် ၉၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ထရီလျံကျပ်၊ လုပ်ငန်းအရေအတွက် ၆၅ ခု၊ အလုပ်အကိုင် အခွင့်အလမ်း ၈၂၇၉၂ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားမှုများ ရှိနေသော်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း အပြောင်းအလဲများ ရှိခဲ့သော်လည်း ပြည်သူများအတွက် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ အလွန် နည်းပါး နေသေးသည်ဟူသော ဝေဖန်မှုများ ရှိနေသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အားလုံးမှ သမ၀ါယမ အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကာ ရပ်ကွက်တစ်ခုလျှင် နှစ်ဦးနှုန်းဖြင့် စုစုပေါင်း အခမ်းအနား တက်ရောက်မည့်သူ ဦးရေတစ်သောင်းလေးထောင်ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားမှုအပြီး သမ၀ါယမ ၀န်ကြီးဦးကျော်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့က ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်မည်ဖြစ်ကာ ခရိုင်အလိုက် အသေး စား ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည် ဖြစ်သည်။

ထို့နောက် အရစ်ကျ စနစ်ဖြင့် မြို့နယ် သမ၀ါယမ အသင်းများမှ ၀ယ်ယူထားသော တက္ကစီ၊ ဆိုက္ကား၊ အပ်ချုပ်စက် စသည်တို့ကို ပေးအပ်သွားမည်ဖြစ်ကာ ကုမ္ပဏီများမှ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ၊ စိုက်ပျိုးရေး ဆေးဝါးများနှင့် ဓာတ်မြေသြဇာများ၊ ပြည်တွင်းအလှကုန် ပစ္စည်းများ စသည်တို့ကိုလည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

အစိုးရသက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းများ မှ ကောက်နုတ်ချက် အချို့

"ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှု အဆင့် အတန်း မြင့်မားရေးအတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက် နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြား လိုပါတယ်။"

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် မေ ၁ ရက်)

"နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေး ဦးမော့လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း များကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင်မြှောက်ပေး နိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့် နည်းပညာ၊ အရင်းအနှီး၊ အကြံဥာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေ ကို ဖြည့် ဆည်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အနေနဲ့ ဆင်းရဲမှု လျှော့ချရေးနဲ့ ပတ်သက်လို့ အကောင်အထည် ဖော်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ်ဘ၀လုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေးလုံခြုံစေမယ့် ကိုယ်ပိုင်အိမ်တစ်လုံး ကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒီလို အိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်မြို့ တစ်ဝိုက်မှာ စတင် စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ် များမှာလည်း တန်ဖိုးနည်း အိမ်ရာများ ကို ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယိုအစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်)

ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့် အပြောင်း ဖြစ် သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်း အသစ်ဖြစ်လိမ့်မယ် ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည်တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ် အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ် ပါ တယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုတာမှာ ယခုလို ခေတ်တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို စနစ်တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရှိမှုတို့ဟာ သိပ်ကိုအရေးကြီးပါတယ်။

(၁၈) နှစ်၊ (၁၉) နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်။ ကျွန်တော် တို့လည်း လက်တော့ (ပ) တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရိမ်မှု မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့ အားလုံး ဖြည့်စည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန် တစ်ရပ်လည်း ဖြစ်ပါတယ်။
(အစိုးရသက်တမ်းတစ်နှစ်ပြည့်မိန့်ခွန်း)

EMG

No comments:

Post a Comment