Saturday, 27 April 2013

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။ ၁ – setting ကိုဝင်

တန်ဖိုးနည်းကျပ်(၁၅၀၀)တန်ဆင်းကတ်အတွက် ဟန်းဆက်ကြိုတင် ၀ယ်မထားသင့်….

တန်ဖိုးနည်းကျပ်(၁၅၀၀)တန်ဆင်းကတ်အတွက် ဟန်းဆက်ကြိုတင်
ဝယ်မထားသင့်….

**********************************************
(27.4.2013, Friday)

ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်းဆင်းကတ်များသည် 800MHz ဟန်းဆက်
တိုင်းတွင် ထည့်သွင်းအသုံးပြုလို့ရသည်ဆိုသော်လည်း ဈေးပေါသည့်
တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့်ဟန်းဆက်
အချို့မှာလည်းချက်ချင်းထည့်ပြီးအသုံးပြုလို့မရခြင်းများရှိနေကြောင်း သိရ
သည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုး
နည်းဟန်းဆက်များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲပိုင်း
ပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင်မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည်
အသွေးနိမ့်လွန်းသည့် ဟန်းဆက်များတွင် အသုံးပြုရန်အဆင်မပြေကြောင်း၊
Tablet များနှင့်လည်းလိုင်းအတက်အကျများဖြစ်တတ်ကြောင်း၊ထို့ကြောင့်
ကျပ်(၁၅၀၀)ဖုန်းဝယ်ယူသူများအနေဖြင့် ဟန်း ဆက်ကိုကြိုတင်ဝယ်ယူ
မထားသင့်ဘဲ ကိုယ့်လက်ထဲကိုကတ်ရောက်မှသာ ဟန်းဆက်ဆိုင်တွင်
သေချာထည့်သွင်းစမ်းသပ်ပြီးမှဝယ်ယူသင့် ကြောင်းအကြံပြုပြောကြား
ပါသည်။ လတ်တလော မြို့နယ်အတော်များများတွင် ကျပ်(၁၅၀၀)တန်
ဖုန်းဆင်းကတ်ကိုမဲနှိုက်ဝယ်ယူရသည့် အပေါ်အငြင်းပွားမှု၊ မပြေလည်မှု
ပြဿနာများရှိနေကြောင်း ကြားသိနေရပြီးဖုန်းဝယ်ယူလိုသူ များပြားသည့်
အတွက်ပြင်ပပေါက်ဈေးသည်လည်း နယ်မြေဒေသပေါ်မူတည်ပြီးမူရင်း
ဈေးထက်အဆပေါင်းများစွာမြင့်တက်နေကြောင်း သိရသည်။

SkyNet TV Browser
ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်းဆင်းကတ်များသည် 800MHz ဟန်းဆက်တိုင်းတွင် ထည့်သွင်း အသုံးပြု လို့ရသည်ဆိုသော်လည်း ဈေးပေါသည့်တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့်ဟန်း ဆက်အချို့မှာလည်းချက်ချင်းထည့်ပြီး အသုံးပြုလို့ မရခြင်း များ ရှိနေကြောင်း သိရသည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုးနည်း ဟန်းဆက် များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲ ပိုင်းပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင် မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည် အသွေးနိမ့် လွန်းသည့် ဟန်းဆက်များတွင် အသုံးပြုရန် အဆင် မပြေကြောင်း၊Tablet များနှင့်လည်းလိုင်း အတက်

မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်

Photo: မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း  တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို  လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ  မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ  မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုးမရှိပါဖူးလို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ်တခုဖြစ်လာအောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း တိုးတက်ပြသတဲ့ အနေနဲ့ မြန်မာ့ တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန် လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ 
======================================

April 27, 2013/ ZinYawNews

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား  ဂျက်စတင်ဘီဘာရဲ့ ခရီးသွားကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲအရာရှိက ပြောကြားပါတယ်။

သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ်အပြင်မှာ ရပ်ထားတာဖြစ်ပါတယ်။
ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုးကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြောပါတယ်။ ဆေးဝါးအနည်းငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့တယ်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေးဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။

Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ်ပါတယ်၊ သူတို့မှာ ပါမစ်မရှိပါဘူး။

ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်းငယ်ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ်စွာ ပြည်ပထွက်ခွာခွင့်ပေးထားပါတယ်လို့ Mr Jyllander က ဆက်လပ်ရှင်းပြခဲ့ပါတယ်။

ဘီဘာဟာ ဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာ ဖင်လန်မှာ ဖျော်ဖြေရမှာဖြစ်ပါတယ်။

NaingLinn(ZinYawNews)
http://www.facebook.com/ZinYawNews

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ခရီးသွား ကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲ အရာရှိ က ပြောကြား ပါတယ်။

ဆီးရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော

ဆီးရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော
Saturday,April27,2013

ဆီးရီးယားပြည်သူတွေအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

ဓာတုလက်နက်တွေကို ဘယ်မှာ ဘယ်တုန်းက ဘယ်လို အသုံးပြုခဲ့သလဲဆိုတဲ့ အထောက်အထားတွေ ထပ်ပြီးရဖို့လိုသေးတယ်ဆိုတာကိုလည်း သမ္မတ အိုဘားမားက သောကြာနေ့တုန်းက အလေးအနက် ပြောခဲ့ပါတယ်။ လောလော ဆယ်ရရှိထားတဲ့ အထောက်အထားတွေဟာ အမေရိကန် ထောက်လှမ်းရေးက ရရှိတဲ့အချက်အလက်တွေကို အခြေခံပြီး ကနဦး သုံးသပ်ထားတာ ဖြစ်တယ် လို့ ဂျော်ဒန်ဘုရင် Abdullah နဲ့အတူ အိမ်ဖြူတော်မှာ ပူးတွဲလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ သမ္မတအိုဘားမားက ပြောပါတယ်။

ဆီးရီးယားအစိုးရက ဓာတုလက်နက်သုံးတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ တိုက်ရိုက် သက်သေ အထောက်အထားတွေ ရရှိဖို့ အမေရိကန်နဲ့ အတူ ဒေသတွင်း မဟာမိတ်နိုင်ငံတွေအပြင် ကုလသမဂ္ဂက ဆောင်ရွက်ဖို့ လိုတယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

သမ္မတ Bashar al Assad ကိုဖြုတ်ချဖို့ ကြိုးစားတိုက်နေကြတဲ့ တော်လှန်သူတွေ အပေါ် ဆီးရီးယားအစိုးရက Sarin ဓာတ်ငွေ့တွေကို အနည်းငယ် သုံးနေတယ် ဆိုတာ အမေရိကန်ထောက်လှမ်းရေဌာနတွေက ယုံကြည်နေတဲ့အကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်ခင်ဗျာ။

အမေရိကန်သမ္မတ Barack Obama နဲ့ ဂျော်ဒန်ဘုရင် Abdullah II, တို့ သမ္မတ အိမ်ဖြူတော်ရုံးခန်း အတွင်း တွေ့ဆုံစဉ်။ (ဧပြီလ ၂၆၊ ၂၀၁၃။)

ဆီးရီးယားပြည်သူတွေအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း

ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း
Saturday,April27,2013

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေသလို သူ့ကို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း ထားလိုက်ပြီဖြစ်ပါတယ်။

ဂျိုဟာကို Masschusetts ပြည်နယ် အရှေ့မြောက်ဘက်၊ Fort Devens မှာရှိတဲ့ အကျဉ်းထောင်ဆေးရုံကို ပြောင်းရွှေ့လိုက်တဲ့အကြောင်း အမေရိကန် ရဲဌာန က သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။ ဂျိုဟာရဲ့အခြေအနေ အသေးစိတ် ကိုတော့ ပြောခွင့်ရသူက မပြောခဲ့ပါဘူး။ အစိုးရအရာရှိတွေကတော့ ဂျိုဟာ လည်ပင်းမှာရတဲ့ ဒဏ်ရာကနေ သက်သာလာနေပြီလို့ ပြောထားတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ ထောက်လှမ်းရေးအဖွဲ့ FBI ကတော့ သောကြာနေ့မှာ ဂျိုဟာ ကျောင်းတက်ခဲ့တဲ့ Massachusetts Dartmouth တက္ကသိုလ်ဝန်း အနီးမှာရှိတဲ့ အမှိုက်ပုံတစ်ခုကို ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ဘာကို ရှာနေတယ်ဆိုတာတော့ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

ဝါရှင်တန်ဒီစီမှာတော့ စနိုင်းရက်ဖ်တို့ညီအစ်ကို ကို အစွန်းရောက်အောင် လုပ်တဲ့ အထဲမှာ သူတို့ရဲ့မိခင် ပါဝင်မှုရှိမရှိ ဆုံးဖြတ်ဖို့အတွက် အာဏာပိုင်တွေက ကြိုးစားနေတဲ့အကြောင်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ သူတို့ရဲ့ မိခင်ဟာ အာဏာပိုင်တွေ စိတ်ဝင်တစား စောင့်ကြည့်နေသူ တယောက် ဖြစ် တယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အကြီးတန်း ဒီမိုကရက်လွှတ်တော်အမတ် Dutch Ruppersberger က ပြောပါတယ်။

မိခင်ဖြစ်သူ Zubeidat Tsarnaeva ဟာ ဘော်စတွန်ဗုံးဖောက်ခွဲမှု မတိုင်ခင် ၁၈ လလောက်ကတည်းက ပြည်ထောင်စုအစိုးရရဲ့ အကြမ်းဖက် လှုပ်ရှားမှု စာရင်း ထဲမှာရှိခဲ့တဲ့အကြောင်း အေပီသတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဘော့်စတွန်ဗုံးခွဲမှု သံသယရှိသူ ညီအကိုနှစ်ဦးရဲ့ မိခင် Zubeidat နဲ့ ဖခင် Anzor Tasrnaev
VOA

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေသလို သူ့ကို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း ထား လိုက်ပြီဖြစ် ပါတယ်။

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဘယ်သူလဲ

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၌ နောက်ကွယ်မှ အဓိက ကြိုးကိုင် ဆောင်ရွက်သူမှာ မိမိ၏ အစ်ကို တာမာလန် ဇာနေယက်ဗ် ဖြစ်သည်ဟု ၎င်း၏ ညီဖြစ်သူ ဇိုခါဇာ နေယက်ဗ်က စုံစမ်းစစ်ဆေးသူများကို ပြောကြားထား သည်။
သို့ရာတွင် ၎င်းတို့ ညီအစ်ကို နှစ်ဦးသည် မည်သည့်အကြမ်းဖက်အဖွဲ့နှင့်မျှ ဆက်သွယ်မှုမရှိကြောင်း ဇိုခါဇာနေ ယက်ဗ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ရည်မှန်းချက်များနှင့်အညီ ပြည်တွင်းဦးစားပေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိ

(၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးကို ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ဆွေးနွေးသည်။ အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင် ဘန်ဒါဆရီ ဘီဂါဝန် မြို့တော်ကို လာရောက်လည်ပတ်ခွင့်ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးကြသည့် ဘရူနိုင်းအစိုးရ တာဝန်ရှိသူများနှင့် ပြည်သူများကို
အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ဦးစွာပြောကြားလိုပါကြောင်း။ ဤထိပ်သီး အစည်းအဝေး၌

ရှမ်းလူမျိုးတစ်ဦးလျှင် ယွမ် ၃၀၀၀စီဖြင့် လာရောက်ရွေးယူရန်သတ်မှတ်


ကချင်ပြည်နယ်ကျေးရွာအချို့သို့ KIA တပ်မဟာ(၃) လက်အောက်ခံတပ်ရင်းများမှ ၀င်ရောက်ဖမ်းဆီး ထားသူ လူပေါင်း (၁၀၀)ကျော်အနက်က ရှမ်းလူမျိုး(၃၀)ကို တစ်ယောက်ကို တရုတ်ယွမ်ငွေ (၃၀၀၀) ကျပ်ဖြင့် လာရောက်ရွေးယူကြဖို့ သူတို့မိဘဆွေ မျိုးတွေထံ အကြောင်းကြားထားပါကြောင်း သိရှိရပါ သည်။ 

Friday, 26 April 2013

“ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ”

Photo: “ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ”
Friday, April 26, 2013

တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တန်း အရာရှိ တစ်ဦးက ရေတပ်သည် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မည် ဆိုပါက ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် လီယာအိုနင် သင်္ဘောကြီးထက် ပိုကြီးရန် လိုအပ်ကြောင်း ရေတပ် တည်ထောင်မှု (၆၄)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အင်္ဂါနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရေတပ်၏ ဒုတိယ စစ်ဦးစီး ဆွန်ဇူးက "နောက်ထပ် တည်ဆောက်မယ့် လေယာဉ်တင် သင်္ဘောက ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ တိုက်လေယာဉ်တွေ ပိုပြီး တင်ဆောင်နိုင်ရပါမယ်"ဟု ပြောကြားခဲ့သည်။

Planet.com.mm
တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

ဧပြီ ၂၇ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

Photo: ဧပြီ ၂၇ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်
Friday, April 26, 2013

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

မန္တလေး နေသာမည် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်

တောင်ကြီး နေသာမည် အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်

စစ်တွေ နေသာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

ပုသိမ် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်

မော်လမြိုင် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်

မတ္ထီလာ နေသာမည် အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်

ပျဉ်းမနား နေသာမည် အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်

လွိုင်ကော် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်

မြိတ် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်

BBC Burmese

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

ကျပ် ၁၅၀၀တန် CDMA ရှိ ကဒ်ပေါင်း ၁ သန်းရောင်းပြီးမှ GSM ကဒ်များရောင်းမည်

ကျပ် ၁၅၀၀တန် CDMA ရှိ ကဒ်ပေါင်း ၁ သန်းရောင်းပြီးမှ GSM ကဒ်များရောင်းမည်

အေပြီ ၂၆ ရက် ၂၀၁၃

လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ၁ လကို ဆင်းကတ် အခုရေ ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့် ညွှန်ကြားချက်ရရင် ရသလို အရေအတွက်ကို တိုးပြီး ရောင်းချပေးသွားနိုင်တယ်လို့ ဆိုပါတယ်။

လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ်

၁ သန်းကို ၃ လ အတွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆက်ပြီး ရောင်းချပေးမယ်လို့ သူက ပြောပါတယ်။

လက်ရှိ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ ပြည်သူတွေကို မဲဖောက်ရောင်းချပေးနေပေမယ့် ၀ယ်လိုအားများတဲ့အတွက် ပြင်ပပေါက်ဈေး ကျပ် ၃ သောင်းကနေ ၆ သောင်းကြားအထိ ဈေးပေါက်နေကြောင်း စုံစမ်းသိရပါတယ်။

DVB

လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော် ပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့် ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီ ကို ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်း သေနတ် ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့ ညပိုင်း တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု

Photo: ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု
FRIDAY, APRIL 26, 2013

ရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီအစဉ်ကြောင့်  ရှေ့နေများကွန်ရက်က ဗဟိုအစိုးရကို တရားစွဲမည်ဟု ပြောလိုက်သည်။

ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းလဲမည့်အရာမှာ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းတရားရုံးအဆောက်အအုံဖြစ်ကြောင်း ရှေ့နေ ဦးကိုနီက ပြောကြားသည်။ 

ထိုအဆောက်အအုံမှာ ကိုလိုနီခေတ်ကတည်းက တရားရုံးအဖြစ် အစဉ်အဆက်အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးလူမျိုးစုလွှတ်တော် ပြုလုပ်ကျင်းပခဲ့သောနေရာလည်းဖြစ်ကြောင်း၊
  သမိုင်းတန်ဖိုးရှိ၍ ဟိုတယ်အဖြစ် အသွင်မပြောင်းစေလိုကြောင်း ရှေ့နေဦးကိုနီက ဆက်လက် ပြောကြားသည်။

ဆန္ဒပြတာ အကြောင်းမထူး၊  တရားစွဲမှ ထူးမယ် 
ထိုအဆောက်အအုံကို ၂၀၁၂ မေ ၈ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က  မြန်မာနိုင်ငံသားပိုင် Flying Tiger Engineering,  စင်္ကာပူမှ Dimond Asia စသည့် ကုမဏီ ၂ ခုကို ဒေါ်လာ ၁၄.၄သန်းဖြင့် ဖက်စပ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။  

ဟိုတယ်အသွင်ပြောင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၂ အောက်တိုဘာတွင် ဆန္ဒပြကန့်ကွက်ခဲ့သော်လည်း  ထူးခြားမှု ရှိမလာသဖြင့် ယခုတရားစွဲဆိုရန်ပြင်ဆင် ရခြင်းဖြစ်ကြောင်း ဦးကိုနီ၏ပြောကြားချက်အရသိရသည်။

ထိုအကြောင်းကို တရားရုံးများရောင်းချမှု ရှေ့နေများဆန္ဒပြမည် ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ http://burma.irrawaddy.org/archives/22098 တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

“၂၀၁၀ အောက်တိုဘာမှာ အဲဒီရုံးမှာရှိတဲ့ တရားရုံးတွေကို ချောင်ကြိုချောင်ကြား ရွှေ့ပစ်ပြီး ဒီ လွတ်နေတဲ့ရုံးကို ဟိုတယ် လုပ်တာပါ။  
ဒီရုံးက သွားရေးလာရေးအဆင်ပြေတော့ ၀န်ထမ်းတွေအတွက် ပိုကောင်းတယ်။ ကျွန်တော်ကတော့ ဒီရုံးကို တရားရုံးပဲဖြစ်စေချင်တယ်” ဟု ဦးကိုနီက ဆိုသည်။

ဘယ်တော့ တရားစွဲမလဲ
တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ တရားစွဲဆိုခြင်းမပြုမီ ၂လ ကြိုတင်၍ နို့တစ်စာပို့ပေးရခြင်းဖြစ်ကြောင်း၊ လာမည့်  ဇွန်လလယ်တွင် ၂လပြည့်မည်ကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံတချို့ကို ပုဂ္ဂလိကကို အောက်ပါအတိုင်း လုပ်ကိုင်ခွင့် ပေးထားသည်။ 
ဝန်ကြီးများရုံး - အနော်မာအနုပညာအဖွဲ့ - ပြတိုက်
တရားရုံးချုပ် - ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက် - ပြတိုက် နှင့် စာကြည့်တိုက်
တိုင်းစုပေါင်းရုံး - ဟိုတယ်
 မီးရထားရုံးချုပ် - Dosim Engineering & Construction Co.Ltd -  ဟိုတယ်

ဗဟိုအစိုးရရဲ့ အဖြေ

ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပါက ဒေါ်လာ ဘီလျံချီ ကုန်ကျမည်ဖြစ်၍ အရှည်ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို အရေးကြီးအဆိုအနေဖြင့်တင်သွင်းသော တရားရုံးချုပ်နှင့် စုပေါင်းတရားရုံးကို ပုဂ္ဂလိကသို့လွှဲအပ်ခြင်း  ဖျက်သိမ်းပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ထိုသို့ တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပညာရှင်ရှုဒေါင့်

ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ကထိကဦးပြည့်ဖြိုးကျော်က “ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံ ဆိုပြီး ဘာမှအသုံးမကျဘဲ ပိတ်ထားတာတော့ မဖြစ်သင့်ဘူး။ 
သူ့ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုးတွေအရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးဖြစ်သင့်တယ်” ဟု ဆိုသည်။

၂၀၀၉ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဥပဒေအရ အနှစ် ၁ဝဝ ကျော်သက်တမ်းရှိပါက ရှေးဟောင်းအမွေအနှစ်ပစ္စည်းဖြစ်ပြီး ထိုမျှသော သက်တမ်း မရှိသေးပါကလည်း အနုပညာလက်ရာမြောက်မှု၊ သမိုင်းဝင် အဖြစ်အပျက်များကို အခြေခံ၍ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ချစ်ဆု ~

ဧရာဝတီ Blog

ရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီအစဉ်ကြောင့် ရှေ့နေများ ကွန်ရက် က ဗဟိုအစိုးရကို တရားစွဲမည်ဟု ပြောလိုက်သည်။

မြို့တော် စစ်တွေထက် အမ်းမြို့ကို တန်ဖိုးနည်း SIM Card ဆယ်ဆခန့် ရောင်းချ

Photo: မြို့တော် စစ်တွေထက် အမ်းမြို့ကို တန်ဖိုးနည်း SIM Card ဆယ်ဆခန့် ရောင်းချ
FRIDAY, APRIL 26, 2013

စစ်တွေ(မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်တွင် တန်ဖိုးနည်း ၁၅,၀၀ ကျပ်တန် CDMA ဆင်းကတ်များကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ မဲချပေးလျက်ရှိရာ အမ်းနှင့်စစ်တွေ နှစ်မြို့နယ်သာ ရရှိကြပြီး ကျန် ၁၅ မြို့နယ်မှာ မရသေးကြောင်း သိရသည်။

“ကျနော်တို့ ဖုန်းကတ်တွေကို အမ်းနဲ့ စစ်တွေမှာ စတင်ရောင်းပေးနေပါပြီ။ လက်ရှိ အမ်းမှာ ဖုန်းကတ် ၁,၀၂၀နဲ့ စစ်တွေမှာ ၂၈၀ ရောင်းပြီးပါပြီ။ ကျန်တဲ့ မြို့နယ်တွေကိုလည်း တိုးချဲ့ရောင်းချသွားမှာပါ။ ပြည်နယ်တွင်း ဆက်သွယ်ရေး ပိုအဆင်ပြေအောင် ကြိုးစား နေပါတယ်” ဟု ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးမျိုးသန့် က ပြောသည်။

မကြာမီကာလအတွင်း အမ်းမြို့နယ်တွင် ဖုန်းကတ် ၂,၀၀၀ ပြည့်သည်အထိ ရောင်းချပေးသွားမည် ဖြစ်၍ ပြည်နယ်မြို့တော် စစ်တွေထက် ၁၀ ဆခန့် ပိုများနေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆက်သွယ်ရေးကဏ္ဍ လိုအပ်ချက် စက်ပစ္စည်းများ မပြည့်စုံသေး၍ ဖြစ်သည်ဟု ဦးမျိုးသန့်က ဆိုသည်။

သို့သော် မရသေးသည့် ကျန်မြို့နယ်များမှ ပြည်သူများကြား ကျေမနပ်မှုများလည်း ရှိနေကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဖုန်းကဒ် မည်မျှရသည်၊ မြို့နယ် များကို မည်သည့်စနစ်ဖြင့် ခွဲဝေချပေးနေသည်ကို ရှင်းလင်းစွာ ပြောဆိုခြင်း မရှိသလို ခရိုင်အလိုက် ပေးပါက အမ်းမြို့နယ် အများဆုံးရစရာ အကြောင်းမရှိသဖြင့် အမ်းကို အဓိကထား ပေးနေခြင်းမှာ ယင်းမြို့တွင် စစ်တပ်အများ စုရှိ၍ ဖြစ်နိုင်ကြောင်း ကျောက်ဖြူဒေသခံ ကျောင်းဆရာတဦးက သုံးသပ်သည်။

“လက်ရှိ ရခိုင်မှာ မြို့တိုင်းလိုလိုမှာ တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစနစ်တွေ အထိုက်အလျောက် ကောင်းနေပါပြီ။ တန်ဖိုးနည်း ဆင်းကဒ်တွေကို မြို့နယ်အလိုက် အနည်းအများဆိုသလို ချပေးသင့်တာပေါ့။ အခုဟာက ရခိုင် တပြည်နယ်လုံး ရရှိရမယ့် ဆင်းကဒ်တွေကို အမ်း တမြို့တည်းကိုပဲ ပေးနေသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ဖုန်းကတ် ထုတ်ရာတွင် လိုင်စင်ဓါတ်ပုံ နှစ်ပုံ ပေးရပြီး မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူများ လိုက်နာရမည့် စည်းကမ်းချက်များကို လက်မှတ် ထိုးရသည်။ တရားဥပဒေနှင့် မညီညွတ်သော ကိစ္စရပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြောရန် တားမြစ်ချက်လည်း ပါဝင်ကြောင်း သိရသည်။

“ံဆက်သွယ်ရေးက သူတို့သတ်မှတ်ပေးတဲ့ ဖုန်းဆိုင်မှာပဲ Hand Set (ဖုန်းအလုံး) နဲ့ ငွေဖြည့်ကတ်ကို ဝယ်ခိုင်းတယ်။ ကိုယ့်မှာ သုံးလို့ရတဲ့ CDMA ဖုန်းခွံ ရှိပြီးသားဖြစ်ပေမယ့် သုံးလို့မရဘူး။ လူတွေက ဒါကိုတော့ သိပ်ဘဝင်မကျကြဘူးဗျ” ဟု ဖုန်းမဲ ပေါက်သူ စစ်တွေသားတဦးက ပြောသည်။

စစ်တွေမြို့တွင် ရပ်ကွက် လူဦးရေနှင့် လျှောက်ထားသူ ပမာဏကို လိုက်၍ ဖုန်းကတ် ခွဲဝေချပေးလျက်ရှိပြီး ကိုယ်တိုင် မဲနှိုက်ခွင့်မရခဲ့သော်လည်း သမာသမတ် ရှိသည်ဟု စစ်တွေဖုန်းကတ် လျှောက်ထားသူတို့က မှတ်ချက်ပေးသည်။

“ကျနော်တို့ အုန်းတပင် ရပ်ကွက်က သေးတယ်။ လျှောက်ထားသူက ၆၀ လောက်ပဲ ရှိတယ်။ ဖုန်းကဒ် ၅ ကတ်ပဲ ရတယ်။ ဆင်ကူးလမ်း ရပ်ကွက်က ကြီးတဲ့အပြင် လျှောက်ထားသူက ၂၀၀ လောက် ရှိတော့ ကတ် ၅၀ လောက် ပေးတယ်။ ကျနော်တို့ကိုယ်တိုင် မဲမနှိုက်ရပေမယ့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖ အပါအဝင် အရပ်လူကြီးများတွေ အားလုံး ရှေ့မှာ မဲနှိုက်တော့ ဘယ်သူမှ စောဒက မတက်ကြပါဘူး” ဟု စစ်တွေ အုန်းတပင်စုမှ ကိုအောင်ကျော်စိုး က ပြောသည်။

ယခု ချပေးသော တန်ဖိုးနည်း ဖုန်းကတ်များမှာ ယခင် ချပေးထားသည့် ဖုန်းများနည်းတူ ဆက်သွယ်မှု ကောင်းမွန်ကြောင်းလည်း သိရသည်။ 

Mizzima News

စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် တန်ဖိုးနည်း ၁၅,၀၀ ကျပ်တန် CDMA ဆင်းကတ်များကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ မဲချပေးလျက်ရှိရာ အမ်းနှင့်စစ်တွေ နှစ်မြို့နယ်သာ ရရှိကြပြီး ကျန် ၁၅ မြို့နယ်မှာ မရသေးကြောင်း သိရသည်။

“မန်ချက်စတာမြို့တွင် မန်ယူ လှည့်လည်အောင်ပွဲခံမည်”

Photo: “မန်ချက်စတာမြို့တွင် မန်ယူ လှည့်လည်အောင်ပွဲခံမည်”

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့်အတူ မန်ချက်စတာမြို့အတွင်း လှည့်လည် အောင်ပွဲခံမည့် အခမ်းအနားအား မေလ (၁၃)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ 

ပရီးမီးယားလိဂ်ဟူသော အမည်ဖြင့် စတင်ကျင်းပခဲ့သည့် ပြိုင်ပွဲ ကာလတစ်လျှောက် (၁၃)ကြိမ်မြောက်၊ အင်္ဂလန်၏ အမှတ်ပေး ချန်ပီယံဆု အနေဖြင့် အကြိမ်(၂၀)မြောက် ဆုဖလားကို မန်ယူအသင်းအနေဖြင့် ရာသီသိမ်းရန် (၄)ပွဲ အလိုတွင် စောစီးစွာ ဗိုလ်စွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21414
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့်အတူ မန်ချက်စတာမြို့အတွင်း လှည့်လည် အောင်ပွဲခံမည့် အခမ်းအနားအား မေလ (၁၃)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

NY မှာ တိုက်ခိုက်ဖို့ စနာရက်ဗ် ညီအကိုကြံစည်ခဲ့

Photo: NY မှာ တိုက်ခိုက်ဖို့ စနာရက်ဗ် ညီအကိုကြံစည်ခဲ့ 
Friday,April 26,2013

ဘော်စတန်မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေဟာ နယူးယောက်မြို့ကိုလည်း ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောလိုက်ပါတယ်။ အဲဒီလူတွေဟာ နယူးယောက်မြို့က Times Square ကို တိုက်ခိုက်ဖို့အတွက် ရည်မှန်းထားတာလို့ ပြောပါတယ်။

သံသယရှိသူ ၂ ယောက်ထဲက အသက်ရှင်လျှက်ဆက်ပြီး ကျန်ရှိနေတဲ့ ဂျော်ဟား ဆားနားယဗ် (Dzhokhar Tsarnaev) က  သူနဲ့ သူအစ်ကို တမာလန် တို့ဟာ နယူးယောက်မြို့ကို ကားမောင်းသွားပြီး ၊ ဖေါက်ခွဲမှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် Michael Bloomberg က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဧပြီလ ၁၅ ရက်နေ့က ဘော်စတန်ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ တာမာလန်သေဆုံးပြီး၊ ဂျော်ဟားလည်း ဖမ်းဆီးခံရတာကြောင့်၊ နယူးယောက်မြို့မှာ ဖောက်ခွဲမှုတွေ လုပ်မယ့်အစီအစဉ်ဟာ ပျက်သွားခဲ့တာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တုန်းက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့တဲ့ နယူးယောက်မြို့ဟာ ပစ်မှတ်အဖြစ် ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။ တချိန်တည်းမှာ ဆာနာယဗ်ညီအစ်ကို ၂ ယောက်ဟာ ဒီဗုံးခွဲတိုက်ခိုက်မှုကို လုပ်ခဲ့တာမဟုတ်ဘူးလို့ သူတို့ရဲ့ မိဘတွေက ရုရှားနိုင်ငံမှာ ပြောလိုက်ပြီး ၊ အမေရိကန် အာဏာပိုင်တွေဟာ တာမာလန်ကို မလိုအပ်ဘဲ သတ်ခဲ့တာဖြစ်တယ်လို့ အမေဖြစ်သူက စွပ်စွဲလိုက်ပါတယ်။ 
Eleven Media Group
ဘော်စတန်မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေဟာ နယူးယောက်မြို့ကိုလည်း ပစ်မှတ်ထား ခဲ့တာဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောလိုက်ပါတယ်။ အဲဒီလူတွေဟာ နယူးယောက်မြို့က Times Square ကို တိုက်ခိုက်ဖို့အတွက် ရည်မှန်းထားတာလို့ ပြောပါတယ်။

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

Photo: မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ
Friday, April 26, 2013

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။

RFA Burmese

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

Thursday, 25 April 2013

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။
လက်ရှိတွင် အသက်(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)ကျော်မျှ ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။


"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Emailနဲ့ Faxတွေရောပေါ့။ အဲဒါတွေ အားလုံးကို ဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ ဆွေးနွေးပါဦးမယ်"ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက "တော်တော်များများ တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ သူတို့ ဆက်သွယ်လာတာ ငွေကြောင့် မဟုတ်ဘူး။ ကျွန်တော့် သမီးကို ရင်းနှီးချင်လို့ ဆိုတာချည်းပါပဲ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ နူးညံ့ပါတယ်"ဟု ရေးသားထားသည်။

အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပယ်။ ပြီးတော့ ကျွန်တော့် အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် အဆင်ပြေအောင် ကျွန်တော့်ကို ကူညီလိမ့်မယ်"ဟု ရွှတ်နောက်နောက် ရေးသားထားပြန်ကြောင်း သိရသည်။ ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့် သူမသည် အေးအေးချမ်းချမ်းသာ နေလိုကြောင်း ဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇)နှစ်က ပြင်သစ်တွင် အမျိုးသမီး တစ်ဦးကို လိင်တူချင်း ထိမ်းမြား လက်ထပ်ဖူးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲမရွေး ပြဿနာ မရှိပါဘူး။ အဓိက အချက်က နှစ်လိုစရာကောင်းပြီး ကြင်နာတတ်ရပါမယ်။ ဂီဂီက ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ မိဘတွေ အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်"ဟု ပြောကြားထားသည်။ ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူ လက်ထပ်ဖူးသည် ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏ သမီးသည် အပျိုသာဖြစ်ကာ သင့်တော်သော အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လိမ့်မည်ဟုလည်း အာမခံသွားသည်။

ဟောင်ကောင်မှ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးသည် ၎င်း၏ လိင်တူစိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ် အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ထပ်မံအသိပေး

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ငွေကျပ် ၅ဝ ဖြစ် ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှု အတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ် ၁ဝဝဝဝ ပေးသွင်း လျှောက်ထားရပါမည်။ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်းရှိပြီး အဆိုပါရေဒီယို စခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ပြည်ပသို့ တယ်လီဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယိုစခန်း များ၏