Tuesday, 24 December 2013

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများ

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများစိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်းလိုလို ကြုံတွေ့နေ ရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင်တာ အ ကောင်းဆုံး ဆိုပေမယ့်လည်း ဖြစ်လာပါ က အမြန်ဆုံးပြေပျောက် သွားအောင် လုပ် ဆောင်နိုင်တဲ့ နည်းလမ်းတွေ ကို ရေးသား လိုက်ပါတယ်။

အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်

လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခု လိုပါပဲ။ ဦးနှောက်က ဘယ်လိုအလုပ်လုပ် သလဲဆိုတာကို သိပ္ပံ ပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာကို တဖြည်းဖြည်း တွေ့လာရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်ဥာဏ်ထက်သန်စေဖို့ရာအတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေရှိပါ တယ်။

မိုင်းကိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်စဉ် အက်စ် အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ နှောင့်ယှက် ပစ်ခတ်မှု ဖြစ်ပွား

Photo: မိုင်းကိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်စဉ် အက်စ် အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ နှောင့်ယှက် ပစ်ခတ်မှု ဖြစ်ပွား
==========================================

Tuesday, December 24, 2013

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် အတွင်း နယ်မြေခံ သတင်း ပေးချက်အရ ဘိန်းခင်းများ ဖျက်ဆီးရန် အတွက် မိုင်းကိုင်မြို့ နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ များ၊ မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်မတော် စစ်ကြောင်းမှ လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းက ဆုံလော ကျေးရွာမှ စတင် ထွက်ခွာ၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။ နံနက် ၁ဝနာရီခန့်တွင် ဆုံလောကျေးရွာနှင့် ပါခါးကျေးရွာ အကြား လုကန်ရွာ အနီးသို့ ရောက်ရှိစဉ် အသင့်စောင့်ဆိုင်း နေသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့ အင်အား ၅ဝဦးခန့်က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်၍ ဗုံးပစ်လောင်ချာ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် ခုခံ ကာကွယ်ခြင်းကြောင့် နံနက် ၁၁နာရီခန့်တွင် အက်စ်အက်စ်အေ (ရွက်ဆစ်)အဖွဲ့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး လိုက်လံရှင်းလင်းခဲ့ရာ ဘယ်ဘက် လက်မောင်းတွင် ကျားရုပ်ပုံပါ လက်မောင်းတံဆိပ်၊ ညာဘက်လက်မောင်းတွင် ဓားနှစ်လက်ပုံပါ လက်မောင်း တံဆိပ်နှင့် ရင်ဘတ် တွင် S. S. ARMY စာတန်းပါ ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော အလောင်း တစ်လောင်း၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ မိုင်းနှင့် ဖောက်ခွဲ တိုက်ခိုက် ရာတွင် အသုံးပြုသည့် နိုင်လွန်ကြိုး ပေ ၅ဝခန့် တစ်ချောင်းနှင့် ဝါယာကြိုး ပေ ၅ဝ ခန့်တစ်ချောင်း၊ AAA ဓာတ်ခဲ အသေးခြောက်လုံး တို့အား သိမ်း ဆည်း ရမိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် စစ်သည် တစ်ဦး လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာရရှိပြီး တပ်မတော် စစ်ကြောင်းက ဆုတ်ခွာသွားသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့အား အသေးစိတ် လိုက်လံရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် အရ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာတွင် ယခုကဲ့သို့ နှောင့်ယှက် ပစ်ခတ်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ရည်မှန်းချက် အောင်မြင်ရေး အလေးထား ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် အတွင်း နယ်မြေခံ သတင်း ပေးချက်အရ ဘိန်းခင်းများ ဖျက်ဆီးရန် အတွက် မိုင်းကိုင်မြို့ နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ များ၊ မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်မတော် စစ်ကြောင်းမှ လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းက ဆုံလော ကျေးရွာမှ စတင် ထွက်ခွာ၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။

ကိုယ်ချင်းစာစိတ်ဖြင့် ဆက်သွယ်မေးမြန်းကြသော ပြည်တွင်းပြည်ပ ကရုဏာရှင်များအား ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ မြစ်ကြီးနားမြို့မှ ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာထုတ်ပြန်

Photo: ကိုယ်ချင်းစာစိတ်ဖြင့် ဆက်သွယ်မေးမြန်းကြသော ပြည်တွင်းပြည်ပ ကရုဏာရှင်များအား ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ မြစ်ကြီးနားမြို့မှ
ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာထုတ်ပြန်
Tuesday, December 24, 2013

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း KIAအဖွဲ့မှ အဓမ္မတပ်သားသစ် ဖမ်းဆီးနေမှုများဖြစ်ခဲ့ပြီး၊ ဖမ်းဆီးထား သူများအား ပြန်လည်လွှတ်ပေးရေး၊ အဓမ္မဆက်ကြေးကောက်ခံနေမှုရပ်တန့်ရေး၊ လူ့အခွင့်အရေးချိုးဖောက်နေမှု ရပ်တန့်ရေးတို့အတွက် ပြည်နယ်တွင်းနေ ရှမ်းတိုင်းရင်းသားများနှင့်KIA မဟုတ်သောအခြားတိုင်းရင်းသားများပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး (၂၀-၁၂-၂၀၁၃)နေ့တွင် ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်ရဲမှူးထံသို့ တရားဝင်ခွင့်ပြုမိန့်ရရန် (၁၅-၁၂-၂၀၁၃)နေ့၌ တောင်းခံတင်ပြခဲ့သည်။ (၁၉-၁၂-၂၀၁၃)နေ့ ည(၇း၁၅)နာရီအချိန်တွင် ခွင့်မပြုကြောင်း တရားဝင်စာဖြင့် တားဆီးခဲ့သည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြသခွင့် မရခဲ့ပေ။ သို့အတွက် ငြိမ်းချမ်းစွာ စုစည်း၍ အစည်းအဝေးကျင်းပကာ ဆန္ဒထုတ်ဖော်ပြသပွဲကို ဖော်ဆောင်ခဲ့ပါသည်။

ကျွန်ုပ်တို့ ရှမ်းလူမျိုးများအနေဖြင့် KIAစတင်ပေါ်ပေါက်လာသည့်အချိန်မှစ၍ ယနေ့အချိန်ထိ နှစ်ပေါင်း (၅၀)ကျော်(၆၀)အတွင်း KIAအဖွဲ့၏ ဖိနှိပ်ညှင်းစဲ သတ်ဖြတ်မှုအောက်တွင် ထိန့်လန့်တကြား ကြောက်ရွံ့စွာ နေထိုင်ခဲ့ရပြီး လူ့အခွင့်အရေးများစွာ ချိုးဖောက်ခံနေခဲ့ရမှုများကို ယနေ့ ဆန္ဒထုတ်ဖော်ပြသနိုင်ခဲ့ပါသည်။ ဤသို့ စုစုစည်းစည်း ညီညီညွတ်ညွတ် ဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာ အာဏာပိုင်များမှ ၀င်ရောက်နှောက်ယှက်ခြင်း မပြုသည်ကို အထူးပင်ကျေးဇူးတင်ပါသည်။ ဒေသခံရှမ်းလူမျိုးများ၏ နှစ်ပေါင်း(၁၀၀)အတွင်း KIAအဖွဲ့၏ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုများ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပထမဦးဆုံးသော ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စုများ၏ ဆန္ဒထုတ်ဖော်ပြသမှု သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပါသည်။

တကယ်ဆိုလျှင် ကျွန်ုပ်တို့ရှမ်းများနည်းတူ တိုင်းရင်းသားပြည်သူလူထုအားလုံးသည် ပါဝင်သင့်သကဲ့သို့ အစိုးရအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီသင့်ပါသည်။ KIAအဖွဲ့ကို ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်းမပြုဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟူသော အကြောင်းပြချက်ဖြင့် နှစ်ပေါင်းကြာရှည် လိုက်လျောထားခြင်းသည် တိုင်းရင်းသားပြည်သူလုထုအချင်းချင်း နာကျည်းမှု အမုန်းတရား ဖြစ်ပေါ်လာစေပါသည်။ ဆိုချင်သည်မှာ အစိုးရသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိရောက်စွာ မကာကွယ်နိုင်ခြင်းသည်ပင်လျှင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုဟု ဆိုချင်ပါသည်။

ရန်ကိုရန်ချင်း မတုံ့နင်းပါဘဲ ရန်ငြိုးသံသရာမဖွဲ့ မြတ်ဗုဒ္ဓအဆုံးအမအောက်တွင် အသိတရားတစ်ခုဖြင့် ငြိမ်းချမ်းစွာစုဝေး စည်းဝေး၍ ဆန္ဒထုတ်ဖော်လိုက်ရသည်ကိုပင် ပြင်းထန်သောပေါက်ကွဲမှုဟု ဆိုက ဆိုနိုင်ပါသည်။ သို့သော် အတွေးအခေါ်အယူအဆ တက်ကြွပြီး ကြွတက်ချင်ကြသော လူငယ်ထုမှာ လမ်းလျှောက် ဆန္ဒပြကြမည်၊ တစ်ဖက်မှ အနှောက်အယှက်ပြုလာလျှင် အသေခံ တုန့်ပြကြမည်ဟု ကြွေးကျော်လာကြသော်လည်း လူကြီးများ ခေါင်းဆောင်များ၏ ငြိမ်းချမ်းစွာစည်းဝေးစုစည်းမှုကို လက်ခံလိုက်နာကြသည်။ ထိုသို့ လူကြီးစကား နားထောင် လိုက်နာပေးကြသည်ကို အထူးပင်ကျေးဇူးတင်မဆုံး ဖြစ်ရပါသည်။ နောင်တွင် သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ တရားခွင့်ပြုချက်ကို ပိုင်ပိုင်နိုင်နိုင်တင်ပြတောင်းဆိုပြီး ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် တစ်ပြည်နယ်လုံး လှုပ်ရှား ဆောင်ရွက်နိုင်ရန် တပ်လှန့်ထားလိုက်ပါသည်။ မည်သူ တရားပျက်ပျက် ကိုယ်တရားမပျက်ပါ- ကျွန်ုပ်တို့ ရှမ်းမျိုးနွယ်စုများသည် ဥပဒေလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ချင်သော ဆန္ဒရှိသည်ကို သက်သေပြသ လိုက်ခြင်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှပုဂ္ဂိုလ်များရောက်ရှိနေသည့် SEA Game ကာလဖြစ်၍ ခွင့်မပြုနိုင်ဟူသော အကြောင်းသည် ခိုင်လုံမှုမရှိသော အကြောင်းပြချက်ဟု ဆိုချင်ပါသည်။ KIAအဖွဲ့မှ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောက်ယှက်နေခြင်းကို ဦးစားပေးဆောင်ရွက်သင့်သည်ဟု ထင်ပါသည်။ ဦးစားပေး လုပ်သင့်သည်ကို ဥပေက္ခာပြုနေခြင်းသည် သဘာဝမကျဟု ဆိုချင်ပါသည်။

ကချင်ပြည်နယ်အတွင်းရှိ KIA(ကချင်)အဖွဲ့ မဟုတ်သော အခြားသော တိုင်းရင်းသားများ၏ ဘ၀သက်တမ်း တစ်လျှောက် KIAအဖွဲ့၏ အဓမ္မတပ်သားသစ်စုဆောင်းခံရခြင်း၊ ဆက်ကြေးကောက်ခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရခြင်းတို့မှ လွှတ်မြောက်ရေး၊ ထိုသို့လွှတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အဖွဲ့သည် နည်းပါးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်းကို ရင်ဖွင့် မပြောဆိုရဲခြင်း၊ စသည်တို့ကို ကမ္ဘာသိ မြန်မာသိ ဖြစ်စေချင်သည်။ တစ်နည်းမဟုတ် တစ်နည်းနှင့် သိစေချင်သည်။ ထိုသို့ သိကြပြီး KIO/KIA အဖွဲ့အား နည်းပေးလမ်းပြ ဖျောင်းဖျနားချနိုင်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တစ်ဦးပေါပေါက်ကာ ငြိမ်းချမ်းရေးအမြန်ဆုံး ရအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ထိုသို့သော ယုံကြည်မှုဖြင့် ကမ္ဘာသို့ သိစေခြင်းငှာ မီဒီယာများမှ ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ကြားသိစေကြသဖြင့် အထူးပဲ ကျေးဇူးတင်ပါသည်။ အဖိနှပ်ခံ အစော်ကားခံ ဒုက္ခရောက်နေကြရသည့် ဒေသခံ တိုင်းရင်းသားများကို ကိုယ်တိုင်ကိုယ်ကျ မမြင်ရသော်လည်း ကိုယ်ချင်းစာနာစိတ်ဖြင့် ဆက်သွယ်မေးမြန်းပေးကြသော ပြည်တွင်းပြည်ပ ကရုဏာရှင်များအား အထူးကျေးဇူးတင်ပါကြောင်း…….

စိုင်းစန်းဝေ
ဒု-ခေါင်းဆောင်
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်ပြည်မြောက်ပိုင်း)
မြစ်ကြီးနားမြို့ 
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း KIAအဖွဲ့မှ အဓမ္မတပ်သားသစ် ဖမ်းဆီးနေမှုများဖြစ်ခဲ့ပြီး၊ ဖမ်းဆီးထား သူများအား ပြန်လည်လွှတ်ပေးရေး၊ အဓမ္မဆက်ကြေးကောက်ခံနေမှုရပ်တန့်ရေး၊ လူ့အခွင့်အရေး ချိုးဖော က်နေ မှု ရပ်တန့်ရေးတို့အတွက် ပြည်နယ်တွင်းနေ ရှမ်းတိုင်းရင်းသားများနှင့် KIA မဟုတ်သော အခြား တိုင်းရင်းသားများပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး (၂၀-၁၂-၂၀၁၃)နေ့တွင် ဆန္ဒထုတ်ဖော်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်ရဲမှူးထံသို့ တရားဝင်ခွင့်ပြုမိန့်ရရန် (၁၅-၁၂-၂၀၁၃)နေ့၌ တောင်းခံ တင်ပြခဲ့သည်။ (၁၉-၁၂-၂၀၁၃)နေ့ ည(၇း၁၅)နာရီအချိန်တွင် ခွင့်မပြုကြောင်း တရားဝင်စာဖြင့် တားဆီးခဲ့သည်။ ငြိမ်းချမ်း စွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြသခွင့် မရခဲ့ပေ။ သို့အတွက် ငြိမ်းချမ်းစွာ စုစည်း၍ အစည်းအဝေး ကျင်းပ ကာ ဆန္ဒထုတ်ဖော်ပြသပွဲကို ဖော်ဆောင်ခဲ့ပါသည်။

ထိုင်းရောက် တရားမ၀င် မြန်မာ အလုပ်သမားတွေ မဖမ်းဖို့ အဆိုပြု

Photo: ထိုင်းရောက် တရားမ၀င် မြန်မာ အလုပ်သမားတွေ မဖမ်းဖို့ အဆိုပြု 
Tuesday, December 24, 2013

ထိုင်းနိုင်ငံက တရားဝင်အလုပ်သမားလက်မှတ် သက်တမ်းထပ်တိုးလို့မရသေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အထူးအခွင့်အရေးပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးက ထိုင်းအစိုးရကို တင်ပြထားတယ်လို့ မြန်မာသံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ တရားဝင် နေထိုင်ခွင့် မရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဖမ်းဆီးခြင်းမပြုဖို့ မြန်မာသံအမတ်အနေနဲ့ မေတ္တာရပ်ခံထားတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့  မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာသံအမတ်ရဲ့တောင်းဆိုချက်ကို ဒီနှစ်မကုန်ခင်မှာ ထိုင်းအစိုးရဘက် လိုက်လျောခွင့်ပြုဖို့ မျှော်လင့်ထားပေမယ့် ထိုင်းနိုင်ငံအခြေအနေ မတည်ငြိမ်သေးတာကြောင့် ထိုင်းဝန်ကြီးအဖွဲ့ရဲ့ စုံညီဆုံးဖြတ်ချက်ကို စောင့်နေရတယ်လို့ အလုပ်သမားရေးဆိုင်ရာ မြန်မာသံအရာရှိ ဦးကျော်လွင်က ပြောပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အနေနဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန အကြီးအကဲနဲ့ မကြာသေးခင်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း ဦးကျော်လွင်က ဆိုပါတယ်။

“အဓိက-ကျနော်တို့ ဖြစ်စေချင်တာကတော့ဗျာ။ ၄ နှစ်ပြည့်ပြီးသွားတဲ့ အလုပ်သမားတွေကို ထိုင်းအစိုးရအနေနဲ့ ဘယ်လို ဆက်ပြီး အခွင့်အရေး ပေးနိုင်မလဲဆိုတာကို မေတ္တာရပ်ခံတာပေါ့။ သူတို့ကတော့ လူကြီး ၂ ယောက်ရဲ့ အဓိကမေတ္တာရပ်ခံချက်ကြောင့်ဆိုပြီး ကော်မရှင်နာမင်းကြီးနဲ့ တွေ့တဲ့အချိန်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ညှိပါ့မယ်တဲ့။ ညှိပီးတဲ့အခါ ရက်ပေါင်း ၁၈၀ အတွင်းမှာ အဖမ်းအဆီးမရှိဖို့အတွက် ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ကက်ဘိနက်ကို တင်ပေးမယ်ဆိုပြီးတော့ သူတို့က ပြောတာ။ ပြောပြီးတော့ ကက်ဘိနက်တင်ဖို့ လုပ်နေတယ်။ အဲဒါတော့ ကျနော်သိတယ်။ ဒါပေမယ့် နောက်ပိုင်း အမိန့်ထုတ်တာ မထုတ်တာတော့ ကျနော် မသိသေးဘူးဗျ။”

နှစ်ဘက်ဆွေးနွေးပွဲမှာ မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ရနိုင်ရေး နည်းလမ်းကို အဓိက ဆွေးနွေးခဲ့ကြတယ် လို့လည်း ဆိုပါတယ်။ မြန်မာအလုပ်သမားရေးကိစ္စနဲ့ပတ်သက်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုပေမယ့် လက်တွေ့မှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားတွေအရေးဆောင်ရွက်ပေးနေတဲ့ “မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်း ကော်မတီ (TACDB)” တာဝန်ခံ ဦးမြင့်ဝေ ပြောပါတယ်။

“ရက်ပေါင်း ၁၈၀ အတွင်းမှာ မဖမ်းဖို့ဟာ သူတို့အလုပ်သမားတွေရဲ့အမှား မဟုတ်ဘူးလေ၊ အစိုးရရဲ့အမှားသာ ဖြစ်တယ်။ အဲဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံတွေပေါ့။ တချို့က လုပ်ငန်းခွင်မှာ ကျွမ်းကျင်သူဆိုင်ရာ သင်တန်းတွေ ပေးရမယ့်အလုပ်သမားတွေလည်း ရှိတာကိုး။ တချို့စက်ရုံတွေ မှာလေ။ ဆိုတော့ကျ ဒီအလုပ်သမားတွေကို လိုလိုလားလားနဲ့ သူ့သဘော အလျှောက် မပြန်သေးဘဲနဲ့ ပတ်စ်ပို့သက်တမ်း ကျော်လို့ဆိုပြီးတော့ ဖမ်းပြီး ပြန်ပို့တာမျိုး လုံးဝ လုပ်လို့မရဘူး။”

ထိုင်းအစိုးရ၀န်ကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ စောင့်နေတဲ့အချိန် အတွင်းမှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေကို ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာထုတ်ပေးဖို့ ထိုင်းဘက်ကနေ စတင် လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ သံအရာရှိ ဦးကျော်လွင်က အခုလိုပြောပါတယ်။

“အဲဒါက နှစ်နိုင်ငံအစည်းအဝေးမှာ ကျနော်တို့ ညှိနှိုင်းပြီးသား၊ ညှိထားပြီးတော့မှ စခန်းတွေက သြဂုတ်လ ၁၁ ရက်နေ့ကစပြီး ခနပိတ်ထားလိုက်ရတဲ့ အခြေအနေမှာ ကလေးတွေရဲ့ ပတ်စ်ပို့တွေ ဆက်မလုပ်နိုင်တော့တာ။ အဲဒါကြောင့် ကျနော်တို့က ဒီကလေးတွေရဲ့ ပတ်စ်ပို့တွေ ဆက်လုပ်နိုင်ခွင့်ရဖို့၊ ဒီစခန်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ လုပ်ပိုင်ခွင့်ရဖို့ဆိုပြီး ကျနော်တို့သွားလုပ်တာ။ ညွှန်ကြားချက်ရှိပြီးသားဆိုတော့ ပြဿနာတော့ သိပ်မရှိနိုင်ဘူး။ စခန်းတွေ ပြန်ပွင့်လာမယ့်အချိန်မှာတော့ ပြန်လုပ်လို့ရမယ်လို့ သူတို့က ပြောပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့အရေးကို အလေးပေးဆောင်ရွက်လာပေမယ့်လည်း ထိုင်းနိုင်ငံဘက်က မြန်မာအလုပ်သမားတွေကိုပေးနိုင်တဲ့ အခွင့်အရေးတွေဟာ အကန့်အသတ်တွေနဲ့ ရှိနေအုံးမှာဖြစ်တယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။

“ဗမာအလုပ်သမားတွေ အခွင့်အရေးတွေ အများကြီးတိုးမယ်ဆိုတာကတော့- ထိုင်းအလုပ်သမားတွေ အခွင့်အရေးမရလို့၊ အခွင့်အရေးမပေးချင်လို့ ဗမာအလုပ်သမားတွေကို ခန့်ထားတာဖြစ်တဲ့အတွက် အစားထိုးကြတာ ဖြစ်တဲ့အတွက် လက်ရှိအခင်းအကျင်းက ဘယ်လောက်ပဲ ပြုပြင်မွမ်းမံပြီး မျှော်လင့်ချက်တွေ အများကြီး ရှိတယ်ပြောပြော၊ ထိုင်းအလုပ်သမား အခွင့်အရေးကတော့ သိပ် အများကြီး တိုးစရာမရှိဘူး။”

ယာယီနိုင်ငံကူးလက်မှတ် ကဒ်ပြားတွေကို ထုတ်ပေးနေတဲ့စခန်းတွေကတော့ ကော့သောင်း၊ ထီးချိုင့်၊ ထီးခီး၊ မောတောင်၊ မြ၀တီ၊ တာချီလိတ်နဲ့ ဘန်ကောက်မြို့က မြန်မာသံရုံးတို့ဖြစ်ပါတယ်ရှင်။

အင်ကြင်းနိုင် (ဗွီအိုအေ)
ထိုင်းနိုင်ငံက တရားဝင်အလုပ်သမားလက်မှတ် သက်တမ်းထပ်တိုးလို့မရသေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေအတွက် အထူးအခွင့်အရေးပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးက ထိုင်း အစိုးရကို တင်ပြထားတယ်လို့ မြန်မာသံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

ရခိုင်က ဒုက္ခသည်များ အခြေအနေ ဗြိတိသျှ သံ စိုးရိမ်

Photo: ရခိုင်က ဒုက္ခသည်များ အခြေအနေ ဗြိတိသျှ သံ စိုးရိမ် 
Tuesday, December 24, 2013

 မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဆီကို သွားရောက် လေ့လာခဲ့ပြီး အခြေအနေ ဆိုးဝါးနေတဲ့ ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက်အောင် မပို.ပေးနိုင်တာဟာ တော်တော်လေး စိတ်ပူစရာကိစ္စ ဖြစ်နေတယ်လို. ပြောခဲ့ပါတယ်။

ဒီဒေသမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာတွေ လာလုပ်နေသလဲ ဆိုတဲ့ ကိစ္စအပေါ် ဒေသခံတွေ အယုံအကြည် မရှိတာက အဓိက ပြသနာလို. သံအမတ်ကြီးက ပြောပါတယ်။

ဒါပေမယ့် တချိန်တည်းမှာ ရခိုင်လူမျိုးတချို.က နိုင်ငံတကာ အကူအညီတွေကို ကိုယ့်ခြေကိုယ့်လက်နဲ. စီမံခန့်ခွဲလိုကြပြီး တချို.ကလဲ စခန်းတွေထဲကို အကူအညီတွေ မရောက်အောင် ထိမ်းချုပ်ချင်ကြတယ် လို့လဲ သူက ပြောခဲ့ပါတယ်။

ဒီကိစ္စက စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီး အစိုးရ အနေနဲ. ဒါကို သေသေချာချာ စိစစ်ကိုင်တွယ်ဖို. လိုတယ်လို. သံအမတ်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေထဲမှာ ရခိုင်လူမျိုးတွေရော မွတ်ဆလင်တွေပါ ရှိနေကြတာ ဖြစ်ပေမယ့် သူရောက်သွားတဲ့အခါမှာ ဒီလူ.အဖွဲ.အစည်း နှစ်ခုဟာ လုံးဝ ပက်သက်ဆက်ဆံမှု မရှိဘဲ သီးခြားစီ နေထိုင်နေကြတာ တွေ.ခဲ့ရတယ်လို.သံအမတ်ကြီးက သူ.အတွေ.အကြုံကို ဘီဘီစီကို ရှင်းပြပါတယ်။

သူသွားခဲ့တဲ့ နေရာ တော်တော်များများမှာ တစ်ဖက်နဲ. တစ်ဖက်ဟာ ဟိုဖက်ဒီဖက် ယုံကြည်မှု လုံးဝ ပျက်ပြားနေကြပြီး ရခိုင်ဒေသမှာ အခြေအနေတွေ တိုးတက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ ကိစ္စဟာ တော်တော်လေး အဖြေရခက်တဲ့ ပုစ္ဆာ ဖြစ်နေတယ်လို. သူက ပြောပါတယ်။

ဗြိတိန် သံအမတ်ကြီးဟာ စစ်တွေ ပေါက်တောနဲ. မြေပုံမြို.က ဒုက္ခသည် စခန်းတွေဆီကို သွားရောက်ခဲ့တာပါ။ မပြန်ခင်မှာ စစ်တွေမြို.က မွတ်ဆလင် အများစု နေထိုင်ရာ အောင်မင်္ဂ္လာကိုလဲ သွားရောက်ခဲ့ပါသေးပါတယ်။ စစ်တွေနဲ. နီးတဲ့ စခန်းတွေမှာ အခြေအနေ ဒီလောက် မဆိုးပေမယ့် မြေပုံမှာတော့ စခန်း သေးသေးလေးထဲမှာ ဒုက္ခသည်တွေ အများကြီး ပြွတ်သိပ်ထည့်ခံထားရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို. သံအမတ်ကြီးက ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဆီကို သွားရောက် လေ့လာခဲ့ပြီး အခြေအနေ ဆိုးဝါးနေတဲ့ ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက်အောင် မပို.ပေးနိုင်တာဟာ တော်တော်လေး စိတ်ပူစရာကိစ္စ ဖြစ်နေ တယ်လို. ပြောခဲ့ ပါတယ်။

INGO တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့ခံတွေ တောင်းဆို

Photo: INGO တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့ခံတွေ တောင်းဆို 
Tuesday, December 24, 2013

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ခံတွေရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို မြို့ခံတွေက အစည်းအဝေးခေါ်ယူပြီး တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

လူမှုရေးအကူအညီတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မွတ်စလင်တွေဘက်ကို အလေးပေးကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြောက်ဦးမြို့ခံတွေက ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီးထွက်ခွာကြဖို့ ပြီးခဲ့တဲ့သတင်းပတ်က သဘောထားကြေညာချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ ငှားရမ်းနေတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် မြို့ပေါ်ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၁၀ ကျော်က တာဝန်ရှိသူတွေကို ခေါ်ယူတိုက်တွန်းလိုက်တာဖြစ်ကြောင်း မနေ့က အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြို့ခံ ကိုပေါက်စက ပြောပါတယ်။

"ဟိုတယ်တွေက အန်ဂျီအိုနဲ့ ပတ်သက်လို့ ဆွေးနွေးကြတယ်၊ ၂ဝ ရက်နေ့ နောက်ဆုံးထားပြီးတော့ သူတို့က လူထုဆန္ဒကို မလိုက်နာဘဲနဲ့ ဆက်လက်ရှိနေတဲ့အတွက် ဒီကိစ္စကို ဘယ်လိုဆက်လုပ်မလဲဆိုပြီးတော့ ဆွေးနွေးတာပါ"

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Simon Tyler က မိမိတို့အနေနဲ့ ဒေသခံတွေရဲ့ဆန္ဒတွေကို ဆန့်ကျင်တာမျိုးမပြုလုပ်သလို အကူအညီပေးရေးကိစ္စရပ်တွေဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ပြုလုပ်တာဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့လည်း ပူးပေါင်းပြီးဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း စကားပြန်ကတစ်ဆင့် RFA ကို ပြောကြားပါတယ်။

"ကျနော်တို့တွေက နိုင်ငံတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်တာတို့ ငြင်းဆိုတာတို့ ကျနော်တို့ဘက်က လုပ်တာမျိုးမရှိပါဘူး၊ ဒါပေမယ့် ဝန်ကြီးရယ်၊ ကျနော်တို့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပြီး လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ ဒီပြည်နယ်ဝန်ကြီးနဲ့ပေါ့နော် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီးတော့ အတူတူလုပ်တာမျိုးကို ကျင့်သုံးနိုင်ဖို့၊ ပြီးတော့မှ ရခိုင်ပြည်နယ်တပြည်လုံးမှာ ကျင့်သုံးနေတဲ့ပုံပါပဲ၊ ကျနော်တို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာန ဆွေးနွေးပြီးတော့ ကျနော်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်"

အဖွဲ့အစည်းတွေကို ငှားရမ်းထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေအားလုံး မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ငှားရမ်းမှုတွေရပ်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ခံတွေရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို မြို့ခံတွေက အစည်း အဝေးခေါ်ယူပြီး တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

၂၀၁၃ မကုန်ခင် နိုင်/ကျဉ်းအားလုံးနီးပါး လွတ်နိုင်

Photo: ၂၀၁၃ မကုန်ခင် နိုင်/ကျဉ်းအားလုံးနီးပါး လွတ်နိုင် 
Tuesday, December 24, 2013

သမ္မတဦးသိန်းစိန်က ၂၀၁၃အကုန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူ မရှိစေရဆိုပြီး ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ အကျဉ်းသား အားလုံးနီးပါး လွှတ်နိုင်ခြေရှိပါတယ်လို့  လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတဘက်ကလည်း နှစ်ကုန်မှာ အကုန်လွှတ်ပေးနိုင်ရေး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ နှစ်ကုန်အစီရင်ခံစာကို စောင့်ဆိုင်းနေတယ်လို့ သမ္မတပြောခွင့်ရက ဆိုပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရသူအချို့ အမှုရင်ဆိုင်နေရဆဲ ရှိနေတဲ့အပေါ်မှာလည်း အကျဉ်းသားစိစစ်ရေးကော်မတီဘက်က ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ၂၀၁၃ အကုန်မှာ မရှိစေရ ဆိုတဲ့ သမ္မတရဲ့ကတိစကားအတိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အရေး လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဘက်က စာရင်းပြုစုနေတာမှာ နောက်ဆုံးလက်ကျန်စာရင်းအရ အကျဉ်းကျသူ ၃၈ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၂၀၀ ကျော် ရှိတယ်လို့သိရပါတယ်။ ဒီစာရင်းကို နိုင်ငံတော်သမ္မတထံ နှစ်ဆန်းပိုင်းလောက်မှာ ပေးပို့နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ အတွင်းရေးမှူးဦးဘိုကြည်က ပြောပါတယ်။

“၃၈ ယောက်ကို စိစစ်တာတွေ လုပ်နေပါတယ်။ အဓိက-က ကျနော်တို့က ထောင်ကျပြီးသားသူတွေနဲ့ ပိုပြီးတော့ ပတ်သက်ပါတယ်။ အမှုရင်ဆိုင်နေရတဲ့သူတွေကတော့ ပုံသဏ္ဍန်တမျိုးနဲ့ ကျနော်တို့ ချဉ်းကပ်ရမှာပါ။ အမှုရင်ဆိုင်နေရတဲ့သူတွေပေါ် ကွင်းလုံးကျွတ် လွှတ်ပေးအောင် နည်းလမ်းရှာဖွေပြီး ဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။ အကုန်လုံးမဟုတ်ရင်တောင်မှ ၈၅ %၊ ၉၀ % လောက် အခြေအနေ ကောင်းတဲ့အနေအထားမျိုးမှာ ဖြစ်နိုင်ပါတယ်။ နှစ်ဆန်းပိုင်းမှာတော့ ဖြစ်နိုင်ပါတယ်။”

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲဒီမိုကရေစီ အကူးအပြောင်း ကာလမှာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျ ခံနေရသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါ အားလုံးပူးပေါင်းပါဝင်နိုင်ရေး လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ဒုတိယပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သမ္မတကြီးက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်စေချင်တယ်။ ဒါကြောင့်မို့လို့ အကျဉ်းထောင်တွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီးတော့မှ နိုင်ငံတည်ဆောက်ရေးအတွက်လည်း အကျိုးပြုနိုင်မယ့်သူတွေ၊ ကော်မတီရဲ့စိစစ်ချက်အရလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့စာရင်းထဲမှာပါတဲ့သူတွေ အားလုံးကိုတော့ အချိန်မဆိုင်းဘဲ လွှတ်ပေးမှာပါ။ ကော်မတီဘက်က စာရင်းအမြန်ထွက်လာဖို့ပဲ လိုပါတယ်။”
သမ္မတအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများကို ပါဝင်စေလိုတဲ့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကနေ သမ္မတကို တင်သွင်းလာတဲ့ စာရင်းပါဦးရေအတိုင်း စိစစ်ပြီးလွှတ်ပေးနေတာဖြစ်တယ်လို့လည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကဆက်ပြောပါတယ်။

“အခုနောက်ဆုံး ကျနော်သိသလောက်ပေါ့ဗျာ-လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက လုပ်နေတာပေါ့။ နောက်ထပ်စာရင်းတခုကို အားလုံးသဘောတူ ရေးဆွဲပြီးတင်ပြနိုင်ဖို့ လုပ်နေတယ်ဆိုတာတော့ ကျနော်တို့ သိပါတယ်။ အဲဒီတင်ပြချက်ပေါ် မူတည်ပြီးတော့မှ သမ္မတကြီးကတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ ကတိစကားအတိုင်း နိုင်ငံရေးအကျဉ်းသားအချို့ကိုပြန်လွှတ်ပေးနေပေမဲ့လို့ အခုရက်ပိုင်း၊ လပိုင်း အတွင်းမှာကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအချို့ အဖမ်းဆီးအထိန်းသိမ်းခံနေရတာတွေနဲ့ပတ်သက်လို့  သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုတာကတော့-

“အကျဉ်းသားတစ်ယောက်ကို ဥပဒေအရ အရေးယူတယ်ဆိုတဲ့နေရာမှာ အဲဒီ အကျဉ်းသားကို ဘယ်အမျိုးအစားထဲမှာ ထည့်မယ်ဆိုတာကို ကော်မတီကဆုံးဖြတ်ပါတယ်။ ကော်မတီကလည်း ၃၁ ရက်နေ့ မတိုင်ခင်မှာတော့ သူတို့ဆီက စာရင်းတစ်ခုထွက်နိုင်အောင်လို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ပဲ ကျနော် သိပါတယ်။ အဲဒီစာရင်းရလို့ရှိရင်တော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ သမ္မတကြီးက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”

အကျဉ်းသားလွတ်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့လမ်းညွန်ချက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းဦးဆောင်ပြီး ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး၊ အကျဉ်းဦးစီးဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေး ကော်မတီကို ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် မေလ ၈ရက်နေ့ကလည်း တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး စီစဉ်ဆောင်ရွက်နေကြပါတယ်။

မဆုမွန် (ဗွီအိုအေ)
သမ္မတဦးသိန်းစိန်က ၂၀၁၃အကုန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူ မရှိစေရဆိုပြီး ကတိပေးထား တဲ့ အတိုင်း ဒီနှစ်ကုန်မှာ အကျဉ်းသား အားလုံးနီးပါး လွှတ်နိုင်ခြေရှိပါတယ်လို့  လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။

Monday, 23 December 2013

ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ

လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သားလွှတ်တော်အမတ်များ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော်သား အမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော် အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့

Photo: တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့
====================================

Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

7day Daily
တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲက ဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

Photo: ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်
Monday, December 23, 2013

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး

Photo: ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး 
Mon , December 23 , 2013

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်နဲ့ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

မြို့တော်ရဲ့တခြားအပိုင်းတွေမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့ ထောင်သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတဲ့အလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ ဒီကနေ့ ပြဿနာ နည်းနည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ယင်းလပ် ရှင်နာဝပ် ရာထူးကဆင်းပေးဖို့အတွက် သီတင်းနှစ်ပတ်ကြာ လမ်းမတွေပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထက်ပ်၊ သောင်ဆူဘန်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လက်ရှိအစိုးရကို ခေတ္တရပ်ဆိုင်းပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အချိန်အထိ သူတို့ရဲ့ ရွေးကောက်မခံရတဲ့ ပြည်သူ့ကောင်စီကို ယာယီ အုပ်ချုပ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။

မစ္စ်ယင်းလပ်ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဒီတင်းမာမှုတွေကို ဖြေလျော့ဖို့ ကြားဖြတ်ပြီး ဆန္ဒမဲ ခံယူခဲ့ပေမယ့်လည်း သူ့ကိုဆန့်ကျင်မှုတွေက ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြ သူ ထောင်နဲ့ ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး

Photo: အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး
Monday, December 23, 2013

အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့ အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘရာ ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

ကာတာရီနာဟာ အစောပိုင်းတုန်းကလည်း သူ့ရဲ့ အပျို စင်ဘ၀ ကို ရောင်းချမယ်လို့ အွန်လိုင်းပေါ်မှာ တင်ခဲ့တာမို့ ကမ္ဘာ တစ်လွှားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ ပါတယ်။ အ ကျိုး ဆက်ကတော့ ကာတာရီနာ ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါ်ပြူလာဖြစ်သွား ပြီး ဒေသတွင်း Play Boy မဂ္ဂ ဇင်းတွေမှာ တောင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

ကာတာရီနာဟာ သူ့ရဲ့အပျိုစင်ဘ၀ကို နောက် တစ်ကြိမ် ရောင်းချရာမှာ ပေါင် ၄၈၅၀၀၀ အထိ ရရှိဖို့ မျှော်လင့်ထားပါတယ်။

ပထမတစ်ကြိမ် လေလံတင်ရောင်းချခဲ့ စဉ်က ဂျပန်နိုင်ငံသားတစ်ဦးက အနိုင်ရသွား ခဲ့ပေမယ့် သူ့ကို ဘာမှလုပ်ခဲ့ခြင်း မရှိလို့ ကာ တာရီနာအနေနဲ့ အပျိုစင်ဘ၀ကိုနောက်တစ် ကြိမ် လေလံ ပစ်ဖို့ အခွင့် အရေးရ သွား ခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်တမ်းမှာ ကာတာရီနာ ဟာ အပျိုစင်ဘ၀ကို ရောင်းချဖို့ထက် နာမည် ကြီး လာ အောင် တမင်ဖန်တီးနေခြင်းဖြစ်တယ် လို့ မီဒီယာတွေက
ရေးသားဖော်ပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာ တာရီနာဟာ ပထမ အကြိမ်သူ့ရဲ့အပျိုစင်ဘ၀ကို လေလံတင်ရာ မှာ တစ်ကမ္ဘာ လုံးရဲ့ စိတ်ဝင်စား မှုကို ရခဲ့ပြီး မှတ် တမ်းတင် ရုပ်ရှင်ဇာတ်ကားရိုက်
ဖို့အထိ ဖြစ်ခဲ့ပါတယ်။

ကာတာရီနာဟာ ကျောင်းပညာ ရေး သင်ယူနေ ဆဲဖြစ်ပြီး အပျိုစင်ဘ၀ကို ရောင်းချရာမှာ ရရှိလာမယ့် ငွေကြေး ၉၀ ရာ ခိုင်နှုန်းကို လူမှုရေးအဖွဲ့ အစည်းတွေ ကို ပြန် လည်လှူဒါန်းသွားမှာ ဖြစ်ပြီး ကျန် ၁၀ ရာခိုင် နှုန်းကို သူ့ရဲ့နေအိမ်ပြုပြင်ရာမှာ အသုံးပြုသွား မယ်လို့ ကြော်ငြာထားပါတယ်။

ဒါပေမဲ့ ဒီ တစ်ကြိမ်မှာတော့ ကာတာရီနာရဲ့အကြောင်း ကို စိတ်ပါဝင်စားမှု လျော့နည်း သွားတယ်လို့ သိရပါတယ်။

Credit: Myawady
Posted From Myanmaalinn
အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့ အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘရာ ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည် သမ္မတဖြစ်သင့်ဟု ဥပဒေပညာရှင်တို့ အကြံပြု

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥပဒေပညာရှင်များက အကြံပြုစာတမ်းပေးပို့ရာတွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲသည် နိုင်ငံတော်သမ္မတ သာ ဖြစ်သင့်ဟူသော အကြံပြုချက်လည်း ပါဝင်ကြောင်း Myanmar Aid Network ၏ Case official တရားလွှတ်တော် ချုပ် ရှေ့နေဦးမြင့်သွင်က မဇ္ဈိမသို့ ပြော သည်။

2016 AFF Suzuki Cup နောက်ဆုံးအဆင့် ပွဲစဉ်များ မြန်မာနှင့် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

Photo: 2016 AFF Suzuki Cup နောက်ဆုံးအဆင့် ပွဲစဉ်များ မြန်မာနှင့် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
Monday, December 23, 2013

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေး တစ်ရပ်အား ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်ဘုရင် HRH Sultan HJ Ahmad Shah နှင့် ဒုဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ နံနက် ၉နာရီအချိန်၌ အာဆီယံဘောလုံးအဖွဲ့ချုပ်၊ ဘဏ္ဍာရေးကော်မတီက ဘဏ္ဍာရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကာ နံနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီခန့်အထိ ကောင်စီအစည်းအဝေးအား ဆက်လက် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ဦးစွာပြောကြားခဲ့ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက်တွင် အာဆီယံဒေသတွင်း နိုင်ငံများ၏ ဘောလုံးအဆင့်အတန်း တိုးတက်ရေးကိစ္စရပ်များအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အာဆီယံဒေသတွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရေး၊ အာဆီယံ စူပါလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး အစရှိသည့် ကိစ္စရပ်များကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တွင် ၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် အိမ်ရှင်နိုင်ငံအား ရွေးချယ်သတ်မှတ်ရန်အတွက် မဲခွဲဆုံးဖြတ်မှုဆက်လက် ပြုလုပ်ခဲ့သည်။ အိမ်ရှင်ကျင်းပခွင့်အတွက် မြန်မာနိုင်ငံအပါအဝင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိသည့် ၃နိုင်ငံက လျှောက်ထားခဲ့ကြရာ မြန်မာနိုင်ငံက ၉မဲဖြင့် ဖိလစ်ပိုင်က ၆မဲ၊ အင်ဒိုနီးရှားက ၄မဲရရှိခဲ့ကာ မြန်မာနှင့် ဖိလစ်ပိုင်တို့က အုပ်စုအဆင့် ပွဲစဉ်များအား အိမ်ရှင်ပြုလုပ်ခွင့် ရရှိခဲ့သည်။

Myanmar Football Federation
မိုးတိမ် (တမာမြေ)
Football Café
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေး တစ်ရပ်အား ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသမီးမောင်းနှင်လာသောကား အမြန်လမ်းတွင် တိမ်းမှောက် ကလေးနှစ်ဦးဒဏ်ရာရ

Photo: အမျိုးသမီးမောင်းနှင်လာသောကား အမြန်လမ်းတွင် တိမ်းမှောက် ကလေးနှစ်ဦးဒဏ်ရာရ 
Monday, December 23, 2013

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောကားမှာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့၍ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့မှ နေပြည်တော်သို့ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော ကိုယ်ပိုင်ကားသည် မိုင်တိုင်အမှတ် ၁၀ ကြားအရောက်တွင် လမ်းကွေ့ကြောအားကွေ့စဉ် ယာဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသောတန်းများကို တိုက်မိခဲ့သည်။

ထို့နောက် လမ်းလယ်ကျွန်းရှိအုတ်ကန်ကို ၀င်တိုက်မိပြီး ယာဉ်ရပ်တန့်သွားခဲ့ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် နှင့် အသက် ၁၃ နှစ်အရွယ် ကလေးတို့မှာ နှာခေါင်း၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။

““ကားပေါ်မှာတော့ သူရယ်ကလေးနှစ်ယောက်ပဲပါတယ်။ အမြန်လမ်းမှာ ယာဉ်မှောက်တာအမျိုးသားတွေပဲများတယ်။ အမျိုးသမီးမောင်းလို့ ယာဉ်တိမ်းမှောက်တာသိပ်မရှိဘူး”” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ရှေ့ခေါင်းပိုင်းကြေသွားခဲ့ပြီး ကိုယ်ထည်များတွင်လည်းပွန်းပဲ့သွားခဲ့ရာ ငွေကျပ်တန်ဖိုးသိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ၎င်းအား အမှတ် (၃)အမြန်လမ်းမရဲစခန်း မှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7day Daily
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောကားမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့ ၍ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အနည်းဆုံး လုပ်ခလစာအတွက် လုပ်သားများ၏ တစ်လအသုံးစရိတ် ကို ပြည်သူ့လွှတ်တော်သို့ တင်မည်

Photo: အနည်းဆုံး လုပ်ခလစာအတွက် လုပ်သားများ၏ တစ်လအသုံးစရိတ် ကို ပြည်သူ့လွှတ်တော်သို့ တင်မည် 
Monday, December 23, 2013

အနိမ့်ဆုံး လုပ်ခလစာ ဥပဒေပြဋ္ဌာန်းရာတွင် အကျိုးတစ်စုံတစ်ရာ ရှိစေရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) က သုံးလကြာ ကောက်ယူထားသော လုပ်သားများ၏ တစ်လအသုံးစရိတ် စစ်တမ်းကို နဝမအကြိမ်မြောက် ကျင်းပမည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

အဆိုပါ စစ်တမ်းတွင် လုပ်သားများ၏ တစ်လတာ အသုံးစရိတ်တွင် ပါဝင်သည့် အသား၊ ငါး၊ ဆန်၊ ဆီ စသည့် စားသောက် ကုန်ပစ္စည်းများ၊ တံမြက်စည်းစသည့် အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် ကလေး၏ ကျောင်းစရိတ်ကို ထည့်သွင်းထားခြင်း ဖြစ်ပြီး အိမ်ရှိ မိသားစုသုံးဦးအပေါ် မူတည် တွက်ချက်ထားချက်အရ တစ်လအတွင်း အသုံးစရိတ်မှာ ၁၈၂ç၉၁၀ ကျပ် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယခုကဲ့သို့ တွက်ချက်မှုအတိုင်း လုပ်သားများ အပြည့်အဝ မရပါက လုပ်သားများ အနေနှင့် အလုပ်တွင် အားသွန်ခွန်စိုက် လုပ်ကိုင်လိုစိတ် နည်းပါးလာပြီး ခိုးဝှက်ခြင်းကဲ့သို့ ကိုယ်ကျင့်တရားများ ပျက်ပြားလာနိုင်ကာ ကလေးငယ်များ အနေနှင့်လည်း ကျောင်းမတက်နိုင်ဘဲ ကလေးလုပ်သား ဖြစ်သွားနိုင်ကြောင်း ဦးအောင်လင်းက ပြောကြားသည်။

စစ်တမ်း ကောက်ယူထားသည့်အတိုင်း လုပ်သားများကို အဆိုပါ နှုန်းထားအတိုင်း လစာငွေ ပေးအပ်နိုင်ပါက အလုပ်သမားများ အတွက် ကောင်းမွန်ကြောင်း၊ သို့သော် ယခုကဲ့သို့ ပေးအပ်ရန်အတွက် အလုပ်သမားများ၏ အလုပ် လုပ်နိုင်စွမ်းအပေါ် ကြည့်သင့်ကြောင်း၊ အဆိုပါ စစ်တမ်းအရ အလုပ်သမားများတွင် တစ်လလျှင် လစာကျပ်တစ်သိန်း ရှစ်သောင်း ပေးသင့်သူ ရှိသကဲ့သို့ တစ်သိန်းတစ်သောင်း ပေးသင့်သူလည်း ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ စိုက်မျိုးစပါး တင်သွင်းဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်သော ASIA DANSITY INTERNA TION SERVICE ကုမ္ပဏီ၏ ဒါရိုက်တာ ဦးထိန်လင်းက ပြောကြားသည်။

လစာနှုန်းထားများအပေါ် ယခုကဲ့သို့ စစ်တမ်း ကောက်ယူပေးသည့် အတွက် ကောင်းမွန်သော်လည်း လုပ်သားများကို ယခုကဲ့သို့ လစာပမာဏ ပေးရန်မှာ အလုပ်ရှင်နှင့် အဆင်မပြေနိုင်ကြောင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။

ယင်းစစ်တမ်းကို အောက်တိုဘာလမှ စတင်ကာ သုံးလကြာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုမှ မြို့နယ်ပေါင်း ၄၆ မြို့နယ် အတွင်းရှိ လုပ်သား အဖွဲ့အစည်းများမှ တစ်ဆင့် ကုန်ဈေးနှုန်းများ ကောက်ယူခြင်းနှင့် လုပ်သားများထံ မေးမြန်းထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly
အနိမ့်ဆုံး လုပ်ခလစာ ဥပဒေပြဋ္ဌာန်းရာတွင် အကျိုးတစ်စုံတစ်ရာ ရှိစေရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) က သုံးလကြာ ကောက်ယူထားသော လုပ်သားများ၏ တစ်လ အသုံးစရိတ်စစ်တမ်းကို နဝမအကြိမ်မြောက် ကျင်းပမည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြသွား မည် ဖြစ်ေ ကြာ င်း အဆို ပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အသိပေး ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်မည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်း အသိပေး ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်မည်
Monday, December 23, 2013

ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် မော်တော်ယာဉ်နှင့် အခြားထိခိုက်မှု တစ်စုံတစ်ရာ ကြုံတွေ့က တိုင်ကြား အသိပေး၊ အကူအညီ တောင်းခံနိုင်ရန် စိုက်ထူထားသော အသိပေး ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မည်
ဖြစ်ကြောင်း အမြန်လမ်း ဒုတိယ အင်ဂျင်နီယာမှူးကြီးက ပြောကြားသည်။

အဆိုပါ အမြန်လမ်းတစ်လျှောက် စိုက်ထူထားသည့် အသိပေး ဆိုင်းဘုတ်ပါ အင်ဂျင်နီယာမှူးကြီး၏ ဖုန်းနံပါတ်မှာ ခေါ်ဆိုတိုင်း မရခြင်း၊ ပြည်သူအချို့မှာ ဆက်သွယ်ရ ခက်ခဲခြင်းများ ကြုံတွေ့နေရလျက် ရှိရာ ယင်းနှင့် ပတ်သက်၍ The Voice က သီးခြား ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း
ဖြေကြားခြင်း ဖြစ်သည်။

“အင်ဂျင်နီယာမှူးကြီးက မွန်ပြည်နယ်ဘက် တာဝန် ရွှေ့ပြောင်း သွားပါပြီ။ နောက်အသစ် ရောက်ရှိလာတဲ့ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်ရဲ့ဖုန်းနံပါတ်ကို မကြာခင် အသိပေး ထုတ်ပြန်ပေးပါမယ်။
နောက်ထပ် ၁၅ ရက်လောက် နေရင်ပေါ့” ဟု ဒုတိယ အင်ဂျင်နီယာ
မှူးကြီးက ဆိုသည်။

၂၀၀၉ ခုနှစ် မတ်လက စတင်ဖွင့် လှစ်ခဲ့သော မိုင်ပေါင်း ၃၆၅ ကျော်ရှိ အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အရေးပေါ် အကူအညီ တောင်းခံနိုင်သည့် အသိပေးဆိုင်းဘုတ် ၂၅ ခုခန့် စိုက်ထူထားပြီး ယင်းဆိုင်းဘုတ်အားလုံး ပြန်လည် ပြောင်းလဲ တပ်ဆင်ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် ယာဉ်နှင့် ပတ်သက်သည့် မတော်တဆမှုနှင့် အခြားအကူအညီများ စောင့်ရှောက်မှုပေးမည့် အမြန်လမ်း ရဲစခန်းပေါင်း ၁၅ ခုနှင့် ရဲဝန်ထမ်းပေါင်း ၇၀၀ ကျော်တို့က ၂၄ နာရီ အချိန်ပြည့် တာဝန်ယူထား ပေးကြောင်း ယင်းအမြန်လမ်း ရဲစခန်းများ တာဝန်ခံ ဒုတိယရဲမှူးကြီး နေဝင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် တွင်ေ မ်ာတော်ယာဉ်နှင့် အခြားထိခိုက်မှု တစ်စုံတစ်ရာ ကြုံတွေ့က တိုင်ကြား အသိပေး၊ အကူအညီ တောင်းခံနိုင် ရန် စိုက်ထူထားသော အသိပေး ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မည် ဖြစ်ကြောင်း အမြန်လမ်း ဒုတိယ အင်ဂျင်နီယာမှူးကြီးက ပြောကြားသည်။

မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ

Photo: မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ
Monday, December 23, 2013

လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ဖယောင်းစက် အောက်လမ်း နေ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိ တစ်ဦးတို့သည်
ည(၉)နာရီဝန်းကျင်တွင် သောက်စားမူးယစ်ကာ နယ်မြေအတွင်းရှိ သံပန်းသံတံခါးများကို ဘီယာပုလင်းများနှင့် လိုက်လံရိုက်နှက် ဆူပူသောင်းကျန်းနေသည်ကို (၁၀)အိမ်စုမှူးဖြစ်သူမှ မဆူညံရန် ပြောကြားရာမှ ၎င်းတို့(၃)ဦးကိုင်ဆောင်လာသော ဘီယာပုလင်းများနှင့် ပစ်ပေါက်ခဲ့ရာ (၁၀)အိမ်စုမှူးခေါင်းပေါက်ပြဲကာ လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

“ကျွန်တော်က (၁၀)အိမ်စုမှူးလည်းဖြစ်တော့ ကိုယ့်ရပ်ကွက်သားတွေပဲ ဆိုပြီးတော့ မင်းတို့တွေကွာ ညဥ့်နက်နေပြီ မဆူကြပါနဲ့တော့
ပြန်ကြပါတော့ကွာလို့ပြောတာကို ဒီကောင်တွေက ခင်ဗျားက ဘာကောင်မို့လို့ပြောရ တာလဲ ဆိုပြီးတော့ဆက်သောင်းကျန်းနေပါတယ်၊
ဒါနဲ့ ကျွန်တော်လည်း (၉း၁၅)နာရီ အချိန်မှာ ရဲစခန်းကို ဖုန်းဆက် တိုင်လိုက်တာ၊ ဒါကို ဒီကောင်တွေကသိသွားပြီး ခင်ဗျားကဘာမို့လို့ ဖုန်းဆက်ရတာလဲ၊ သတ္တိရှိရင် ခြံတံခါးဖွင့်ပြီးထွက်ခဲ့ဆိုပြီး ခဲတွေ ဘီယာပုလင်းတွေနဲ့ ပစ်ပေါက်တော့တာပဲ၊ အဲဒါတွေခြံထဲမှာရှိသေးတယ်၊ ကျွန်တော် မရှင်းခိုင်းသေးပါဘူး၊ ကျွန်တော်ကတော့ သူတို့ပစ်ပေါက်တဲ့ ဘီယာပုလင်းထိပြီး ဘယ်ချိုစောင်းကွဲသွားတယ်၊ ချုပ်ထားရပါတယ်” ဟု (၁၀)အိမ်စုမှူး ဦးရန်နိုင် က ပြောသည်။

အဆိုပါမူးယစ်ရမ်းကားနေသူ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိသူ ၎င်းတို့(၃)ဦးအား မြို့မရဲစခန်းမှ(ပ)၅၃၂/၁၃ ပုဒ်မ ၂၉၄ ၊ ၃၂၅၊ ၁၁၄ အရ အမှုဖွင့် အရေးယူဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

စိုးမင်းနိုင်
The Myanma Age
လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာ ပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့ သည်။

ခရီးသွားအ၀င် မြင့်တက်လာသော်လည်း အင်းလေးဒေသသို့ ယခုလပိုင်းအတွင်း သွားရောက်လည်ပတ်မှု ယခင်နှစ်များကထက် လျော့ကျနေ

ယခုနှစ် ခရီးသွားအ၀င်မှာ တစ်သန်းကျော် ၀င်ရောက်လာသော်လည်း အင်းလေးဒေသသို့ သွားရောက် လည်ပတ်သော ပြည်ပခရီးသွားများမှာ ယခုလပိုင်းအတွင်း လျော့ကျနေကြောင်း အင်းလေးဒေသမှ သိရ သည်။