စိတ်ဖိစီးမှုကို
အမြန်လျှော့ ချနိုင်သော နည်းလမ်းများစိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့
လူတိုင်းလိုလို ကြုံတွေ့နေ ရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင်တာ အ
ကောင်းဆုံး ဆိုပေမယ့်လည်း ဖြစ်လာပါ က အမြန်ဆုံးပြေပျောက် သွားအောင် လုပ်
ဆောင်နိုင်တဲ့ နည်းလမ်းတွေ ကို ရေးသား လိုက်ပါတယ်။
Tuesday, 24 December 2013
အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်
လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခု လိုပါပဲ။ ဦးနှောက်က ဘယ်လိုအလုပ်လုပ် သလဲဆိုတာကို သိပ္ပံ ပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာကို တဖြည်းဖြည်း တွေ့လာရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်ဥာဏ်ထက်သန်စေဖို့ရာအတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေရှိပါ တယ်။
မိုင်းကိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်စဉ် အက်စ် အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ နှောင့်ယှက် ပစ်ခတ်မှု ဖြစ်ပွား

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် အတွင်း နယ်မြေခံ သတင်း ပေးချက်အရ ဘိန်းခင်းများ ဖျက်ဆီးရန် အတွက် မိုင်းကိုင်မြို့ နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ များ၊ မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်မတော် စစ်ကြောင်းမှ လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းက ဆုံလော ကျေးရွာမှ စတင် ထွက်ခွာ၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။
ကိုယ်ချင်းစာစိတ်ဖြင့် ဆက်သွယ်မေးမြန်းကြသော ပြည်တွင်းပြည်ပ ကရုဏာရှင်များအား ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ မြစ်ကြီးနားမြို့မှ ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာထုတ်ပြန်
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း KIAအဖွဲ့မှ အဓမ္မတပ်သားသစ်
ဖမ်းဆီးနေမှုများဖြစ်ခဲ့ပြီး၊ ဖမ်းဆီးထား သူများအား ပြန်လည်လွှတ်ပေးရေး၊
အဓမ္မဆက်ကြေးကောက်ခံနေမှုရပ်တန့်ရေး၊ လူ့အခွင့်အရေး ချိုးဖော က်နေ မှု
ရပ်တန့်ရေးတို့အတွက် ပြည်နယ်တွင်းနေ ရှမ်းတိုင်းရင်းသားများနှင့် KIA
မဟုတ်သော အခြား တိုင်းရင်းသားများပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး
(၂၀-၁၂-၂၀၁၃)နေ့တွင် ဆန္ဒထုတ်ဖော်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်ရဲမှူးထံသို့
တရားဝင်ခွင့်ပြုမိန့်ရရန် (၁၅-၁၂-၂၀၁၃)နေ့၌ တောင်းခံ တင်ပြခဲ့သည်။
(၁၉-၁၂-၂၀၁၃)နေ့ ည(၇း၁၅)နာရီအချိန်တွင် ခွင့်မပြုကြောင်း တရားဝင်စာဖြင့်
တားဆီးခဲ့သည်။ ငြိမ်းချမ်း စွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြသခွင့် မရခဲ့ပေ။
သို့အတွက် ငြိမ်းချမ်းစွာ စုစည်း၍ အစည်းအဝေး ကျင်းပ ကာ ဆန္ဒထုတ်ဖော်ပြသပွဲကို
ဖော်ဆောင်ခဲ့ပါသည်။
ထိုင်းရောက် တရားမ၀င် မြန်မာ အလုပ်သမားတွေ မဖမ်းဖို့ အဆိုပြု

ထိုင်းနိုင်ငံက တရားဝင်အလုပ်သမားလက်မှတ် သက်တမ်းထပ်တိုးလို့မရသေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေအတွက် အထူးအခွင့်အရေးပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးက ထိုင်း အစိုးရကို တင်ပြထားတယ်လို့ မြန်မာသံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်က ဒုက္ခသည်များ အခြေအနေ ဗြိတိသျှ သံ စိုးရိမ်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဆီကို သွားရောက် လေ့လာခဲ့ပြီး အခြေအနေ ဆိုးဝါးနေတဲ့ ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက်အောင် မပို.ပေးနိုင်တာဟာ တော်တော်လေး စိတ်ပူစရာကိစ္စ ဖြစ်နေ တယ်လို. ပြောခဲ့ ပါတယ်။
INGO တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့ခံတွေ တောင်းဆို

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ခံတွေရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို မြို့ခံတွေက အစည်း အဝေးခေါ်ယူပြီး တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
၂၀၁၃ မကုန်ခင် နိုင်/ကျဉ်းအားလုံးနီးပါး လွတ်နိုင်

သမ္မတဦးသိန်းစိန်က ၂၀၁၃အကုန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူ မရှိစေရဆိုပြီး ကတိပေးထား တဲ့ အတိုင်း ဒီနှစ်ကုန်မှာ အကျဉ်းသား အားလုံးနီးပါး လွှတ်နိုင်ခြေရှိပါတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။
Monday, 23 December 2013
ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ
လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သားလွှတ်တော်အမတ်များ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော်သား အမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော် အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။
တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့

တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲက ဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။
ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။
ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြ သူ ထောင်နဲ့ ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး

အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့ အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘရာ ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည် သမ္မတဖြစ်သင့်ဟု ဥပဒေပညာရှင်တို့ အကြံပြု
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥပဒေပညာရှင်များက အကြံပြုစာတမ်းပေးပို့ရာတွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲသည် နိုင်ငံတော်သမ္မတ သာ ဖြစ်သင့်ဟူသော အကြံပြုချက်လည်း ပါဝင်ကြောင်း Myanmar Aid Network ၏ Case official တရားလွှတ်တော် ချုပ် ရှေ့နေဦးမြင့်သွင်က မဇ္ဈိမသို့ ပြော သည်။
2016 AFF Suzuki Cup နောက်ဆုံးအဆင့် ပွဲစဉ်များ မြန်မာနှင့် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေး တစ်ရပ်အား ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသမီးမောင်းနှင်လာသောကား အမြန်လမ်းတွင် တိမ်းမှောက် ကလေးနှစ်ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောကားမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့ ၍ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အနည်းဆုံး လုပ်ခလစာအတွက် လုပ်သားများ၏ တစ်လအသုံးစရိတ် ကို ပြည်သူ့လွှတ်တော်သို့ တင်မည်

အနိမ့်ဆုံး လုပ်ခလစာ ဥပဒေပြဋ္ဌာန်းရာတွင် အကျိုးတစ်စုံတစ်ရာ ရှိစေရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) က သုံးလကြာ ကောက်ယူထားသော လုပ်သားများ၏ တစ်လ အသုံးစရိတ်စစ်တမ်းကို နဝမအကြိမ်မြောက် ကျင်းပမည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြသွား မည် ဖြစ်ေ ကြာ င်း အဆို ပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း အသိပေး ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်မည်

ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် တွင်ေ မ်ာတော်ယာဉ်နှင့် အခြားထိခိုက်မှု တစ်စုံတစ်ရာ ကြုံတွေ့က တိုင်ကြား အသိပေး၊ အကူအညီ တောင်းခံနိုင် ရန် စိုက်ထူထားသော အသိပေး ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မည် ဖြစ်ကြောင်း အမြန်လမ်း ဒုတိယ အင်ဂျင်နီယာမှူးကြီးက ပြောကြားသည်။
မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ

လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာ ပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့ သည်။
ခရီးသွားအ၀င် မြင့်တက်လာသော်လည်း အင်းလေးဒေသသို့ ယခုလပိုင်းအတွင်း သွားရောက်လည်ပတ်မှု ယခင်နှစ်များကထက် လျော့ကျနေ
ယခုနှစ် ခရီးသွားအ၀င်မှာ တစ်သန်းကျော် ၀င်ရောက်လာသော်လည်း အင်းလေးဒေသသို့ သွားရောက် လည်ပတ်သော ပြည်ပခရီးသွားများမှာ ယခုလပိုင်းအတွင်း လျော့ကျနေကြောင်း အင်းလေးဒေသမှ သိရ သည်။
Subscribe to:
Posts (Atom)