Saturday, 15 December 2012

ကျောက်ကြီး မြို့နယ် နတ်သံကွင်းဈေး မီးလောင် တန်ဖိုးငွေ ကျပ် ၁ဝ သိန်းဖိုးခန့် ဆုံးရှုံး

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဈေး ၌ ဒီဇင်ဘာ ၁ဝ ရက် ညနေ ၇ နာရီ မိနစ် ၅ဝ က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖုန်းရောင်းမည့်နေရာ ကြိုတင်အသိပေးမည်

ဖုန်းရောင်းမည့်နေရာ ကြိုတင်အသိပေးမည်


Saturday, 15 December 2012
(၈.၁၂.၂၀၁၂) ရက်ပြုလုပ် ခဲ့သော ဆက်သွယ်ရေးလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ မိုဘိုင်းတယ် လီဖုန်းများ ဈေးနှုန်းထပ်မံလျှော့ ချပြီး ရောင်းချရာတွင် ပြည်သူများ ၀ယ်ယူရာ၌ တစ်နေရာတည်း အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေး အတွက်လိုအပ်ကြောင်းကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး
သိန်းထွန်း က ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ ၎င်းက ‘SEA GAME ပြိုင်ပွဲ၌လိုအပ်လာ မည်ဖြစ်သော ဆက်သွယ်ရေးဝန် ဆောင်မှုကို ကြိုတင်မှန်းဆပြီး ဝေဇယန္တာလမ်းမကြီးတစ်လျှောက် ရှိစည်ပင်ရေပိုက်လမ်းကြောင်းတွင် ဖိုင်ဘာကေဘယ်များခင်းက သုဝဏ္ဏကွင်းနှင့် ရန်ကုန်မြို့ပတ် ၀န်းကျင်ဆက်သွယ်ရေးအရည် အသွေးမြှင့်တင်ကြိုတင်ဆောင် ရွက်ရန်လိုကြောင်း၊ မိုဘိုင်းဖုန်းဈေး နှုန်းလျှော့ချရေးအတွက်အခြေခံ အဆောက်အအုံနှင့် ဆက်သွယ် ရေးကွန်ရက်စရိတ်များကို အတတ် နိုင်ဆုံးလျှော့ချရန်လိုကြောင်း၊ ၀ယ်ယူသူများလိုလားချက်နှင့် သိရှိလိုသည်များဖြေရှင်းပေးနိုင် မည့်ဝန်ဆောင်မှုများပြင်ဆင်ထား ရန်လိုကြောင်း၊ ရောင်းချဖွင့်လှစ် မည့်နေရာများကို ကြိုတင်အသိ ပေးထားရန်လိုကြောင့်”တို့ကို လည်းဆက်လက်မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် (၂၀၁၀) ခုနှစ်က (၅) သိန်းတန် မိုဘိုင်းဖုန်း များရောင်းချပေးပြီးနောက် (၂၀၁၂) ခုနှစ်မှာလည်း (၂) သိန်း တန် GSM နှင့် (၂) သိန်းခွဲတန်WCDMAမိုဘိုင်းဖုန်းများကိုလည်း ရောင်းချပေးခဲ့သည်။ အဆိုပှြှါ ဖုန်းများရောင်းချစဉ်ဝယ်လို အားများခဲ့သောကြောင့် ပြည်ပ ဖုန်းဆိုင်များတွင် ဈေးကြီးပေးဝယ် ခဲ့ရသည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်း များရောင်းချပါက မူရင်းဈေး အတိုင်းလွတ်လပ်စွာဝယ်ယူနိုင်မည် ဆိုင်များ အများအပြားဖွင့်ပေးမည့် အစီအစဉ်ကိုပြည်သူအများစုလို လားလျက်ကြောင်း သိရသည်။

ရန်ကျော်
(၈.၁၂.၂၀၁၂) ရက်ပြုလုပ် ခဲ့သော ဆက်သွယ်ရေးလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ မိုဘိုင်းတယ် လီဖုန်းများ ဈေးနှုန်းထပ်မံလျှော့ ချပြီး ရောင်းချရာတွင် ပြည်သူများ

“ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း”

“ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း”

Saturday, 15 December 2012
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။
ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထား
တဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ် ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိ သာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန် သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်း စေတယ်လို့ သိရပါတယ်။
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။

Samsung ဗျူဟာ ဥက္ကဌက Apple ကို အိမ်တွင် အသုံးပြုကြောင်း ဝန်ခံ

Samsung ဗျူဟာ ဥက္ကဌက Apple ကို အိမ်တွင် အသုံးပြုကြောင်း ဝန်ခံ

Saturday, 15 December 2012
အင်တာဗျူး တစ်ခုမှာ ဝန်ခံသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့  ဝန်ခံချက်အတွက် Samsung မှ အလုပ်မဖြုတ်ပါစေနဲ့ လို့တောင် လောင်ပြောင်နေကြပါတယ်။

Samsung ရဲ့  ဗျူဟာ ဥက္ကဌ Young Sohn ဟာ ရုံးမှာ Samsung ကုန်ပစ္စည်းတွေ သုံးပေမယ့် အိမ်မှာကျတော့ Apple ပစ္စည်း ပိုများကြောင်း သိရပါတယ်။ Apple ရဲ့  iMac ကို အိမ်မှာသုံးပြီး ရုံးမှာကျတော့ Samsung PC တွေပဲ သုံးပါတယ်။
" Apple ပစ္စည်း ကောင်းတယ်ဆိုတာကို ကျွန်တော် မငြင်းရက်ပါဘူး။ iCloud ကတော့ ကျွန်တော့အတွက် အကျိုးအရှိဆုံးပဲ အိမ်က အမျိုးသမီးနဲ့ သားသမီးတွေကို ဓာတ်ပုံ သို့မဟုတ် အချက်အလက် တစ်ခုခု မျှဝေဖို့ ၊ပေးပို့ဖို့အတွက် iCloud ကိုပဲ သုံးပါတယ်။ ဒါက ဘယ်နေရာ ရောက်ရော အဆင်ပြေပါတယ်။" လို့ ဖြေကြားထားပါတယ်။

"ဖုန်းကတော့ Samsung nexus ကိုသုံးပါတယ်။ သူက ပိုလည်းမြန်တယ်၊ လုပ်ဆောင်ချက်လည်း ကောင်းတယ်။ အခြားအားသာချက်များလည်း ရှိနေတဲ့အတွက် Nexus ကိုတော့ စမတ်ဖုန်းအနေနဲ့ အသုံးပြုပါတယ်" လို့ ဆိုပါတယ်။

Samsung ရဲ့  ရာထူးကြီး ဝန်ထမ်းတစ်ဦး အနေနဲ့ Apple ကုန်ပစ္စည်း ကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခြင်းအပေါ် အံ့အားသင့်နေကြပါတယ်။ ရန်သူ ပစ္စည်းကိုမှ အသုံးပြုနေခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ရုံးမှာ မဟုတ်ပဲ သူ့ရဲ့  ကိုယ်ပိုင်အချိန်မှာ ဖြစ်ပါတယ်။ ဒါကြောင်မို့လည်း Young Sohn က ပြောရဲခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် Samsung က သဘောထား ကြီးမကြီးတော့ ဘယ်သူမှ မသိပါဘူး။

အင်တာဗျူးမှာ အမှန်အတိုင်း ဖြေသွားတဲ့ Young Shhn ရဲ့ အနာဂတ်ကတော့ ရှေ့ ဆက် ဘယ်လိုဖြစ်မယ် ဆိုတာ မသေချာတော့ဘူးလို့ မီဒီယာများမှ ဝေဖန်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: pocektlint.
Aung Kham (TSJ team)

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journalအင်တာဗျူး တစ်ခုမှာ ဝန်ခံသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့  ဝန်ခံချက် အတွက် Samsung မှ အလုပ်မဖြုတ်ပါစေနဲ့ လို့တောင်   လောင်ပြောင်နေကြပါတယ်။

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင် 
http://www.myawady.net.mm/health/preventing/item/1879-2012-12-15-10-15-33
ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ...ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲ ဆရာတော်ကြီးနှစ်ပါးက ရဟန်းသံဃာတော်တွေ လမ်းပေါ်ထွက်ဆန္ဒပြ မှုကို မကြိုက်ကြောင်း ၊ လက်မခံကြောင်း ၊အားမပေးကြောင်း ယနေ့ပြောကြားလိုက်ပြီ။

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲ ဆရာတော်ကြီးနှစ်ပါးက ရဟန်းသံဃာတော်တွေ လမ်းပေါ်ထွက်ဆန္ဒပြ မှုကို မကြိုက်ကြောင်း ၊ လက်မခံကြောင်း ၊အားမပေးကြောင်း ယနေ့ပြောကြားလိုက်ပြီ။

Saturday, 15 December 2012
သီတဂူဆရာတော်ကြီး နှင့် မစိုးရိမ်ဆရာတော် ဦးဝီရသူ တို့တွေဆုံပွဲတွင်ပြောကြားလိုက်ပြီ။
သီတဂူဆရာတော်ကြီးက ကိုယ်တော်တို့လမ်းပေါ်ထွက်တာတွေလျော့ကြ။
ထစ်ခနဲဆို လမ်းပေါ်ထွက်မဲ့အစား သံဃာတော် ထောင်ချီပါဝင်တဲ့ သံဃအစည်းအဝေးပွဲကြီး ဖြစ်အောင်လုပ်ကြ။ ပြီးတော့ အ
စည်းအဝေးပွဲဆုံးဖြတ်ချက် တွေကို သံဃာထောင်ချီ လက်မှတ်ထိုးပြီး သမ္မတဆီတင်ကြလို့ မိန့်ကြားလိုက်ပါတယ်။
မစိုးရိမ်ဆရာတော်ဦးဝီရသူ ကလည်း မိမိအနေဖြင့်လည်းလမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို မကြိုက်ပါကြောင်း သီတဂူဆရာတော်ဘုရားကြီး ဦးညာဏိဿရ ကိုပြန်လည်လျောက်ထားခဲ့ပါတယ်။
ဆက်လက်ပြီးမစိုးရိမ်ဆရာတော်က လမ်းပေါ်ထွက်ဆန္ဒပြတာဟာ တိုင်းပြည်ရဲ့ အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေပြီး ဆူပူအကြမ်းဖက်မှုများအထိဖြစ်လာနိုင်ကြောင်း။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီကို ကူညီကြပါ။ ဝန်းရံကြပါ။ ယုံကြည်ကြပါ ။ အဖြေတစ်ခုထွက်သည်အထိ သည်းခံစိတ်ရှည်စောင့်ဆိုင်းပေးကြပါလို့ ပြည်သူလူထုတရပ်လုံးကို မိန့်ကြားလိုက်ပါတယ်။

ကဲ..မြန်မာနိုင်ငံရဲ့ အထင်ကရ ညဏ်ပညာကြီးမားတော်မှုကြသည့် ဆရာတော်ကြီးတွေကိုယ်တိုင်တောင် အခုလိုမိန့်လာပြီဆိုတော့.... ဆရာတော်၊သံဃာတော်အရှင်သူမြတ်အပေါင်းတို့ သေချာစဉ်းစားတော်မှုကြပါဘုရား။
ပြည်သူလူထုနဲ့တိုင်းပြည် အကျိုးကို တကယ်လိုလားတယ်ဆိုရင် ဆရာတော်ကြီတွေရဲ့ စကားကို လိုက်နာကြပြီး လမ်းပေါ်ထွက်ဆန္ဒပြတဲ့အလုပ်တွေကို ရပ်လိုက်ကြပါတော့ဘုရား။

အထက်ပါ သီတင်းနဲ့ အမေးအဖြေတွေကို DVB သီတင်းမှာ ယနေ့ညနှင့် မနက်ဖြန်တစ်ရက်လုံးကြည့်ရှုနိုင်ပါကြောင်း ...........။
Min Thant Aung
သီတဂူဆရာတော်ကြီး နှင့် မစိုးရိမ်ဆရာတော် ဦးဝီရသူ တို့တွေဆုံပွဲတွင်ပြောကြားလိုက်ပြီ။

အိုဘား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများ

အိုဘား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများ

အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာတွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့ အိုဘားမားက ပြည်တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။ 

ဒီတော့ နိုင်ငံခြားဖြစ်တွေ တော်ရုံမသုံးပါဘူ။ သို့ပေမယ့် ရှားရှားပါးပါး သူကြည့်တဲ့ တီဗီကတော့ LG ရဲ့  ၃၂ လက်မ LED တီဗီ ဖြစ်ပါတယ်။ တောင်ကိုရီးယား ဖြစ် တီဗီလေးတော့ အသုံးပြု ပါတယ်။ 

iPad
 
အိုဘားမားက iPad ကြိုက်သူ ဖြစ်ပါတယ်။ လက်ရှိ သူသုံးနေတဲ့ iPad က နောက်ဆုံးထွက် တတိယမျိုးဆက်ဖြစ်ပြီး သွားလေရာ ဆောင်တယ်လို့ သိရပါတယ်။ Retina display ကို ကြိုက်တယ်လို့ ဆိုပါတယ်။ 

Macbook Pro

Apple ရဲ့   Macbook Pro ကိုလည်း သုံးပါတယ်။ iPad နဲ့ တွဲသုံးတာ ဖြစ် ပါတယ်။ သို့ပေမယ့် အပြင်သွားတဲ့အခါ ယူသွားလေ့ မရှိ ပါဘူး။ ရုံးမှာပဲ အသုံးများတယ်လို့ ဆိုပါတယ်။ ၂၀၁၁ နောက်ပိုင်းကထုတ်တဲ့ ၁၅ လက်မ Pro ဖြစ်ပါတယ်။ 

Dell Latitude E6420 

၁၄ လက်မ Core i7 notebook ဖြစ်ပါတယ်။ ဒီ Notebook ကတော့ သွားလေရာ ဆောင်ပါတယ်။ Air Force One နဲ့ ခရီးသွားတိုင်း အမြဲ ပါတယ် ဆိုတဲ့အတွက် မြန်မာပြည်လာတုန်းကလည်း ကြိမ်းသေပါလာမယ့် သူ့ အချစ်တော် Notebook ဖြစ်ပါတယ်။ 

BlackBerry Curve 8300

ဖုန်းထဲမှာတော့ Blackberry ပရိတ်သတ် ဖြစ်ပါတယ်။ Blackberry ကို အိုဘားမား ကြိုက်တယ်ဆိုတာ အမေရိကန်က လူတိုင်း သိပြီး ဖြစ်ပါတယ်။ သို့ပေမယ့် 8300 ကီးဘုတ်ဖုန်းက ၂၀၀၇ နောင်းပိုင်းကတည်းက ထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ မော်ဒယ်အသစ်တောင် ပြောင်းမကိုင်ပါဘူး။ အလုပ်ပဲရှုပ်လို့လား၊ အဟောင်းပဲ ကြိုက်တာလားတော့ မသိပေမယ့် BlackBerry Curve 8300 ကတော့ သူသွားလေရာ ပါပါတယ်။

BlackBerry Curve 8900

နောက်တစ်လုံးကတော့ 8900 ဖြစ်ပါတယ်။ သမ္မတ တစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးနဲ့ မလုံလောက်ဘူးဆိုတာတော့ လူတိုင်း သိပါတယ်။ 8900 ကတော့ ၂၀၀၉ လောက်ကထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ 8300 ရော၊ 8900 က GSM ဖုန်းများ ဖြစ်ပါတယ်။ 

HP Elitebook 6930p notebook

နောက်ထပ် လပ်ပ်တော့ တစ်လုံးကတော့ HP ဖြစ်ပါတယ်။ Elitebook 6930p  ဖြစ်ပြီး အစည်းအဝေးခန်းထဲမှာ အသုံးပြု ပါတယ်။ 

ရုံးခန်းစားပွဲပေါ်တင်ထားတဲ့ လျှို့ ဝှက်စကားပြော Telecore IST-2 secure phone, အစည်းဝေးအခန်းမှာ ပုံသေထားရှိတဲ့ Polycom SoundStation 2 conference phone, နံရံကပ် AMX Modero (7-inch) Tabletop Touch Panel, Digital Display Systems Multi-Region Wall Clock,Cisco Unified IP Phone 7965G အစရှိသဖြင့် အခြားသော ပစ္စည်းများလည်း ရှိပါသေးတယ်။ 

အထက်ဖော်ပြပါ ပစ္စည်းတွေကတောင် သူ Officially ဖော်ပြထားလို့ သိရတာ ဖြစ်ပါတယ်။ အမှန်တကယ် သူသုံးနေတဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများလည်းရှိနေအုံးမှာ ဖြစ်ပါတယ်။ 

ဥပမာ - The Beast ဇိမ်ခံကား ကို အမြဲမစီးနိုင်ပါဘူ။ အခမ်းအနားတွေမှာသာ အစီးများပြီး ကျန်တဲ့အချိန်ဆို Genera Motors ကထုတ်တဲ့လျှပ်စစ်ကား Chevrolet Volt ကို အသုံးပြုပါတယ်။ ဈေးနှုန်းသက်သာ ပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ကားပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သမ္မတ စီးဖြစ်တဲ့အတွက် လုံခြုံရေးကတော့ ကြိမ်းသေ အဆင့်မြင့်ထားမှာ ဖြစ်ပါတယ်။ 

အထက်ဖော်ပြပါ ပစ္စည်းများဟာ လက်ရှိအချိန်ထိ အမေရိကန် သမ္မတ အိုဘားမားမှ အသုံးပြုဆဲ အီလက်ထရောနစ် ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: Zdnet
အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2012/12/blog-post_15.html

--- အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာတွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့ အိုဘားမား က ပြည်တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။

အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏   ကော့သောင်း-မြိတ်-ကျွန်းစု- ကံမော် ခရီးစဉ်မတိုင်မီ ကံမော်   ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်

လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ

လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ

http://www.myawady.com.mm/tech/localtechnews/item/1871

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည်
ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။ ၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည်ပေးထားပါတယ်။

အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက ကျေနပ်လက်ခံ

နိုင်ငံတော်အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ (အတုမရှိ)ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည့် ၀န်ချတောင်းပန်သော အခမ်းအနားမှာ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက  ကျေနပ်လက်ခံခဲ့ကြသည်။

တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်း

တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်း
 
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့် ကြော်ငြာစာ
အမှတ်၊ ၉၉/ ၂ဝ၁၂
၁၃၇၄ ခုနှစ်၊ နတ်တော် လဆန်း ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)

တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်းခြင်း
 

၁။      နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှု အခြေခံ မူဘောင်များ အရ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ စီမံကွပ်ကဲမှု ပိုမို ကောင်းမွန် စေရန် လည်းကောင်း၊ ရင်းနှီး မြှုပ်နှံမှု ဝန်းကျင် အားကောင်းစေရန် လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံသူများနှင့် ပြည်သူလူထု အကြား ပွင့်လင်း မြင်သာမှု ရှိ၍ အပြန်အလှန် ဆွေးနွေး ရှင်းလင်းမှု ရှိလာစေရန် လည်းကောင်း၊ ပုဂ္ဂလိက ကဏ္ဍ လူထု အခြေပြု အဖွဲ့အစည်းများနှင့် အတူ လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ပြည်သူလူထု အား အသိပေးရန် လည်းကောင်း၊ တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ခြင်း ကိစ္စရပ်ကို နိုင်ငံတော် ကိုယ်စား ဦးစီး ဆောင်ရွက်နိုင်ရန် အတွက် ''တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ (Extractive Industry Transparency  Initiative Leading Authority)” ကို အောက်ပါ အတိုင်း ဖွဲ့စည်း လိုက်ပါသည်-

Read More => http://www.myawady.net.mm/allnews/localnews/item/1902-2012-12-15-11-43-47 ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့် ကြော်ငြာစာ
အမှတ်၊ ၉၉/ ၂ဝ၁၂
၁၃၇၄ ခုနှစ်၊ နတ်တော် လဆန်း ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)

United Bank of India ရုံးခွဲ မြန်မာနိုင်ငံတွင်ဖွင့်လှစ်

အိန္ဒိယနိုင်ငံမှ Bank of India ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးကို လပြည့်ဝန်းပလာဇာ၌ ဖွင့်လှစ်၍ လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်သည်။ ယင်းဘဏ်မှာ မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက်ဖွင့်လှစ်သော ပထမဆုံးအိန္ဒိယဘဏ်ဖြစ်ပြီး ရုံးခွဲဖွင့်လှစ်ခြင်းဖြင့် အိန္ဒိယနှင့်မြန်မာနိုင်ငံကြား ကုန်သွယ်ရေး ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။

လက်ပံတောင်းတောင်ဒဏ်ရာရသံယာတော်များကို့တောင်းပန်

မုံရွာ လက်ပံတောင်းတောင် အရေးအခင်းမှာ ဒဏ်ရာရသွားခဲ့ကြတဲ့ သံဃာတော်တွေကို နိုင်ငံ တော် အစိုးရက မန္တလေးတောင်ခြေမှာရှိတဲ့ မဟာအတုလဝေယာန် (အတုမရှိကျောင်းတော်ကြီး) မှာ စနေနေ့ မွန်းလွဲပိုင်းက တရားဝင်အခမ်းအနားနဲ့  ၀န်ချ   တောင်းပန်လိုက်ပါတယ်။ 

ကယ်လီဖိုးနီးယားမှ ကျောက်ကမ်းခြေ

ကယ်လီဖိုးနီးယားမှ ကျောက်ကမ်းခြေ

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပင်လယ်ကျောက် (ပင်လယ်ဖန်) များ တည်ရှိနေတဲ့ ကမ်းခြေဟာ တော်တော်ရှားပါတယ်။ အမေရိကန်မှာဆိုရင် ကယ်လီဖိုးနီးယားပြည်နယ်မှ နှစ်ခုရှိပြီး ဟာဝိုင်အီ ကျွန်းမှာ တစ်ခု ဖြစ်ပါ တယ်။ 

ပုံမှာ မြင်တွေ့ရတာကတော့ ကယ်လီဖိုးနီးယားပြည်နယ် Fort Bragg ကမ်းခြေ မြို့ အနီးက ဖြစ်ပါတယ်။ ယခု နောက်ပိုင်း လည်ပတ် ခွင့် ပေးပေ မယ့် ပင်လယ်ကျောက်များ ကောက်ယူခွင့်တော့ လုံးဝ မပေးတော့ပါဘူး။ ပင်လယ်ဆားနဲ့ ရေနဲ့ ရောလို့ သဘာဝအလျောက် ဖြစ်ပေါ်လာ တဲ့ ကျောက် များ ဖြစ်ပါတယ်။ ဈေးကြီး ကျောက်များတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဖန်စီ လက်ဝတ်ရတနာ ဖန်တီးဖို့တော့ အဆင်ပြေတဲ့ ကျောက်များ ဖြစ်ပါ တယ်။ 

ကမ္ဘာလည့်ခရီးသွားများရော၊ ဒေသခံများရော လာရောက်လည်ပတ် ပါ တယ်။ ယင်းနေရာကတော့ Glass Beach လို့လည်း ခေါ်ဝေါ်ကြောင်း သိရပါတယ်။ 
---
Ref: wiki

www.innewsmyanmar.com/2012/12/blog-post_4932.html

---- ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပင်လယ်ကျောက် (ပင်လယ်ဖန်) များ တည်ရှိနေတဲ့ ကမ်းခြေဟာ တော်တော်ရှားပါတယ်။ အမေရိကန်မှာ ဆိုရင် ကယ်လီဖိုးနီးယား   ပြည်နယ်မှ နှစ်ခုရှိပြီး ဟာဝိုင်အီ ကျွန်းမှာ တစ်ခု ဖြစ်ပါ တယ်။

ရခိုင်အညတရသူရဲကောင်းဆုရှင်ကိုနိုင်စိုး ကျန်းမာရေးအခြေအနေဆိုးဝါး

ပခုက္ကုထောင်တွင် အကျဉ်းကျ ခံနေရဆဲဖြစ်သော ရခိုင်အညတရ သူရဲကောင်း ကိုနိုင်စိုး၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရကြောင်း သတင်းရရှိသည်။

ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ

Photo: ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ
(International Seminor on Buddhist Cultural Heritage ) ဖွင့်ပွဲကို နံနက် ၈ နာရီ ၃၀ က သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ဗုဒ္ဓအမွေအနှစ်စာတမ်းဖတ်ပွဲဖွင့်ပွဲသို့ နိုင်ငံတော်ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း၊ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေ သည့် အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီးဆယ်လ်မန်ခါရှစ်တို့လည်း တက်ရောက်ခဲ့သည်။ 

ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဗြိတိန်၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံတို့မှ ပညာရှင်များနှင့်မြန်မာနိုင်ငံမှပညာရှင်များက ဗုဒ္ဓဘာသာဆိုင်ရာစာတမ်းများဖတ်ကြားကြမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။

ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)
7Day News Journal(International Seminor on Buddhist Cultural Heritage ) ဖွင့်ပွဲကို နံနက် ၈ နာရီ ၃၀ က သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ တက္ကသိုလ် တွင် ကျင်းပခဲ့သည်။ 

မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ ဆက်သွယ်ရေးပြန်သိမ်း

Photo: မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ ဆက်သွယ်ရေးပြန်သိမ်း
Saturday, 15 December 2012

ဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့်
နှစ်သိန်းငါးသောင်းတန် လက်ကျန် မိုဘိုင်းလ်ဖုန်း လိုင်းကတ်များကို
ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။ 

“ဟုတ်တယ်။ လိုင်းကတ်တွေ ပြန်အပ် ခိုင်းထားတယ်။ နောက်ထပ်
ထွက်မယ့် တန်ဖိုးနည်းဖုန်းတွေက ဇန်နဝါရီလလောက် ဖြစ်မယ် 
ထင်တယ်။ အဲဒီထက် နောက်ကျရင်လည်း နောက်ကျနိုင်တယ်” ဟု ၄င်းကပြောကြားသည်။ 

ပုသိမ်ရှိ Elite ဖုန်းဆိုင်များတွင် ယနေ့စတင်၍ လိုင်းကတ်များ မရောင်းတော့ကြောင်း၊ MPT သို့ လိုင်းကတ်များ အပ်နှံရန်အတွက် 
ရုံးချုပ်မှ အကြောင်းကြားထားကြောင်း၊ အရေအတွက် မည်မျှရှိသည်ကိုမူ
ပြောခွင့်မရှိကြောင်း ပုသိမ်မြို့ရှိ Elite ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ “ကျွန်တော်တို့က ဒီကတ်တွေကို တာဝန်ယူ ဖြန့်တာဆိုတော့ ကျွန်တော်တို့ Elite ဆိုင်တွေကနေပဲ သိမ်းတာပါ။ MPT ကို ဒီနေ့စအပ်ရတယ်။ ဘယ်နေ့ နောက်ဆုံးလို့တော့ သတ်မှတ်ထားတာမျိုး မရှိဘူး။
မြန်မြန်လေးတော့ အပ်ခိုင်းတယ်” ဟု Elite Tech ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

သို့သော် အခြားဆိုင်များတွင် ရှိနေသော လိုင်းကတ်များကိုမူ တာဝန်ယူ
သိမ်းဆည်းမည် မဟုတ်ဘဲ Elite ဖုန်းဆိုင်များတွင် ကျန်ရှိနေသော လိုင်းကတ်များကိုသာ ပြန်လည် သိမ်းခြင်းဖြစ်ကြောင်း ၄င်းက
ရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျပ်နှစ်သိန်းနှင့်
နှစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်းများကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ဖြန့်ချိခဲ့ပြီး ဧပြီလတွင် တရားဝင် စတင်ရောင်းချခဲ့သည်။

ပြည်တွင်း ဖုန်းဈေး ကွက်တွင်မူ ကျပ်တစ်သိန်း သုံးသောင်းတန် လိုင်းကတ်များ ရောင်းချတော့ မည်ဖြစ်၍ ပြန်သိမ်းခြင်းဖြစ်ကြောင်း၊
ဇန်နဝါရီ လဆန်းပိုင်းတွင် ရောင်းချပေးဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

အာဆီယံဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းလ်ဖုန်း SIM ကတ်များကို ထိုင်းနိုင်ငံတွင် ၃.၅၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်တွင် ၁.၅၀ ဒေါ်လာ၊ ဖိလစ်ပိုင်တွင် ၁၁ ဒေါ်လာ၊ စင်ကာပူတွင် ၁၉.၆၄ ဒေါ်လာ၊ ဗီယက်နမ်တွင် ၂.၃၉ ဒေါ်လာ၊ မလေးရှားတွင် ၁.၄၇ ဒေါ်လာနှုန်း တို့ဖြင့် ရောင်းချကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge
ဓာတ်ပုံ - Myanmar Timesဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့် နှစ်သိန်း ငါးသောင်းတန် လက်ကျန် မိုဘိုင်းလ်ဖုန်း လိုင်းကတ်များကို ဈေးကွက် အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။

ကျောက်ဖြူ မဒေးကျွန်း CNPC စီမံကိန်းရုံးရှေ့ ဒေသခံ ၃၀၀ ခန့် ဆန္ဒပြမည်

Gas-pipelineသဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများ ဆောင်ရွက်နေသော ရခိုင်ပြည်
 ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ China National Petroleum Corporation CNPC Project ရုံးရှေ့တွင် ဒေသခံပည်သူ  ၃၀၀  ခန့်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

မြန်မာအမျိုးသမီးများအားတရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုအများဆုံးဖြစ်

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုအားလုံး၏ ၇၀ ရာ ခိုင်နှုန်းသည် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုများပြီး

ဧရာဝတီတိုင်းကန်ကြီးထောင့်မြို့နယ်ဒါးကမြို့ရွှေပါရမီ ဖောင်ဒေးရှင်းမှမျက်စိဝေဒနာရှင်များအတွက်အခမဲ့ကူသ ပေးလျှက်ရှိပြီး၊စာရင်းပေးသွားနှိုင်

ဧရာဝတီတိုင်းဒေသကြီး ၊ကန်ကြီးထောင့်မြို့နယ် ၊ဒါးကမြို့ ကိုးန၀င်းကျောင်း တိုက်တွင် ပထမအကြိမ်မြောက် ကျန်းမာရေး အလှူတော် အဖြစ် ရွှေပါရမီဖောင်ဒေးရှင်းမှ မျက်စိဝေဒနာရှင် များအတွက် 15.12.2012 နေ့တွင် အခမဲ့စတင် လာရောက် စမ်းသပ်ကုသပေးနေကြောင်း ရွှေမြန်မာမီဒီယာဂရုမှသတင်းရရှိပါသည်