Friday 6 November 2015

အားလပ်ရက်မှာ လည်ပတ်စရာ၊ ရုပ်သေးပွဲ သွားရအောင်

ဒီတစ်ပတ် အားလပ်ရက်မှာတော့ လည်ပတ်စရာ နေရာတွေ၊ စားသောက်စရာဆိုင်တွေ ထက် မြန်မာ့ရိုးရာ ရုပ်သေး ဇာတ်ရုပ်လေးတွေရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုခံစားနိုင်ဖို့ နေရာလေးတစ်ခုကို လမ်းညွှန်ပေးချင်ပါတယ်။နေရာကတော့ ရန်ကုန်မြို့ လယ်ကောင်၊ ဆူးလေမှာရှိတဲ့ Eassy Htwe Oo Myanmar ရုပ် သေးရုံပါပဲ။
ထွေးဦးမြန်မာရုပ်သေးရုံကို ဇွန်လကစပြီး ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ကြာမြင့်ပါပြီ။ Eassy Htwe Oo Myanmar ရုပ်သေးရုံမှာဆိုရင် မြန်မာ့ရိုးရာ အနုပညာ တစ်ခုဖြစ်တဲ့ ကြိုးဆွဲရုပ်သေးရုပ်မျိုးစုံရဲ့ အလှအပနဲ့ အကမျိုးစုံကို ရင်သပ်ဖွယ်ရှုစားရမှာ ဖြစ်ပါတယ်။
ရုပ်သေးကြည့်ရှုသူတွေကို ပွဲမစခင်မှာ မြန်မာ့ရုပ်သေးသမိုင်း ကြောင်းကို ရှင်းလင်းပြောကြားပါ တယ်။ ပြီးရင်တော့ ရုပ်သေးပွဲကို နတ်ကန်တော့နဲ့စဖွင့်ပါတယ်။


နတ်ကန်တော့ပြီးတော့ ‘‘အတူလေးရယ်တဲ့ ယှဉ်ကာပြိုင်’’ အစချီတဲ့ အပျိုတော်အက၊ အမြဲတစေ အရက်ပုလင်းကိုင်ဆွဲထားတဲ့ ဦး မင်းကျော်နတ်အကတို့ကို နတ်ဒိုး လေးနဲ့ ဆက်လက်ရှုစားရမှာ ဖြစ် ပါတယ်။

ကြိုးဆွဲနတ်ရုပ်လေးတွေက ပြပြီးမှာတော့ ကလေးများနှစ်ခြိုက်စေမယ့် ဂဠုန်-နဂါးတိုက်ပွဲ၊ ခုန်ပျံကျော်လွှားနေတဲ့ ဖေဇော်ဂျီကြိုး ဆွဲအက၊ မျောက်၊ ဘီလူး၊ ကိန္ဒရီ၊ ကိန္ဒရာ စတဲ့ ချစ်စရာကြိုးဆွဲ တိရစ္ဆာန်ရုပ်သေးရုပ်အကတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ သက်ရှိအလား ထင်မှတ်ရတဲ့ မင်းသား၊ မင်းသမီး၊ သူငယ်တော်၊ ဦးရွှေရိုး၊ ဒေါ်မိုးစတဲ့ ဇာတ်ကောင်ရုပ်လေးတွေကို နောက်ခံတီးလုံး မြူးမြူးကြွကြွ လေးနဲ့ အစဉ်အတိုင်း ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ရုပ်သေးရုပ်လေးတွေ ကပြ ဖျော်ဖြေအပြီးမှာတော့ ချစ်စရာ ရုပ်သေးရုပ်လေးတွေနဲ့ အမှတ် တရ ဓာတ်ပုံရိုက်နိုင်သလို စိတ် ၀င်စားတဲ့ သူတွေအတွက် ကြိုးဆွဲ နည်းတွေကို ပြသပေးမှာ ဖြစ်ပါ တယ်။ ရုပ်သေးကြည့်ရှုလိုသူတွေ အတွက် Eassy Htwe Oo Myan-mar ရုပ်သေးရုံကို ညနေ ၆ နာရီ တစ်ကြိမ်၊ ည ၈ နာရီမှာ တစ်ကြိမ် နဲ့ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ၀င်ကြေးကတော့ လူကြီး၁၀,၀၀၀ ကျပ်နဲ့ ကလေးတစ်ဦးကို ၅,၀၀၀ ကျပ် သတ်မှတ်ထားပါ တယ်။ သီးသန့်ကြည့်ရှုချင်တယ် ဆိုရင်တော့ လူဦးရေငါးယောက် ရှိရင် မနက် ၉ နာရီ ညနေ ၄ နာရီ အတွင်း နှစ်သက်တဲ့အချိန် ရွေး ချယ်ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ ကျောင်းတွေက လာရောက်ကြည့်ရှုမယ်ဆိုရင်လည်း အထူးနှုန်းနဲ့ စီစဉ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ရုပ် သေးကြိုးဆွဲနည်းတွေကို ၀ါသနာ ပါတဲ့သူတွေအတွက်လည်း ရုပ် သေးကြိုးဆွဲနည်းကို သီးသန့်သင် ကြားပေးတာလည်း ရှိပါသေး တယ်။

ရုပ်သေးကြိုးဆွဲနည်းကို သင်ကြားလိုသူတွေအတွက် တစ်နေ့ ၂ နာရီနဲ့ ၁၀ ရက်သင်ကြားပေးပြီး၊ သင်တန်းကြေးကတော့ နိုင်ငံ ခြားသားဆိုရင် ဒေါ်လာတစ်ရာ ကျသင့်မှာ ဖြစ်ပြီး ပြည်တွင်းကဆို ရင်တော့ ကျပ်တစ်သိန်းကျသင့်ပါတယ်။

ရုပ်သေးကြိုးဆွဲသင်ကြားတဲ့ အခါမှာ အခြေခံဖြစ်တဲ့ သူငယ် တော်ကြိုးဆွဲရုပ်ကို သင်ကြားပေး တာဖြစ်တဲ့အတွက် သူငယ်တော်ရုပ်လေးတစ်ရုပ်ပါ လက်ဆောင် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင် ကြားတဲ့အခါမှာလည်း ပိုထိရောက်စေဖို့ သင်တန်းဆရာနဲ့ တစ်ဦးချင်းသင်ကြားပေးမှာဖြစ်တယ်လို့ ဆို ပါတယ်။

Eassy Htwe Oo Myanmar ရုပ်သေးရုံက လူဦးရေ နှစ်ဆယ် သာ ဆံ့တဲ့အတွက် လာရောက် ကြည့်ရှုမယ်ဆိုရင်တော့ ကြိုတင် ဘွတ်ကင်လုပ်ထားဖို့ လိုပါတယ်။

Eassy Htwe Oo Myanmar ရုပ်သေးရုံက ရုပ်သေးရုပ်လေး တွေက ချစ်စရာကောင်းတဲ့ အပြင် မြူးမြူးကြွကြွနဲ့ အမြင်ပါဆန်းတဲ့ အတွက် မိသားစုလိုက်သွားရင် လည်း ကလေးတွေပါ နှစ်သက်သ ဘောကျစေမှာဖြစ်ပြီး သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ သွား ကြည့်မယ်ဆိုရင်လည်း မတူထူး ခြားတဲ့ အတွေ့အကြုံကို ရရှိမှာ ဖြစ်ပါတယ်။

ဒီတော့ အားလပ်ရက်မှာ ဘယ်သွားရင် ကောင်းမလဲ စဉ်း စားနေသူတွေအတွက် အမှတ် ၁၇၄/၁၇၆ (ပထမထပ်) ဆူးလေ ဘုရားလမ်း၊ ကျောက်တံတားမြို့ နယ်မှာရှိတဲ့ Eassy Htwe Oo Myanmar ရုပ်သေးရုံကို သွား ရောက်ဖို့ လမ်းညွှန်ချင်ပါတယ်။
7 day

No comments:

Post a Comment