Friday 2 October 2015

ရွေးကောက်ပွဲတွင် ဘက်မလိုက်ဘဲ ကြားနေမှုကို သက်သေပြရန် ရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်ပြော


လာမည့် ရွေး ကောက်ပွဲတွင် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဘက်မလိုက်ဘဲ ကြား နေသည်ကို ပြည်သူလူထုအား သက်သေပြရန် လိုအပ်သည်ဟု ရဲချုပ် ဇော်ဝင်းက တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင်များအား ပြောကြား လိုက်သည်။နေပြည်တော်တွင် ကျင်းပ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အ ခမ်းအနား၌ ယင်းကဲ့သို့ မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။ ထိုမိန့် ခွန်းကို နိုင်ငံအနှံ့ရှိ ရဲစခန်းတိုင်း တွင် သက်ဆိုင်ရာရဲအရာရှိများ က ရဲချုပ်ကိုယ်စား ပြန်လည်ဖတ် ကြားမည်ဖြစ်သည်။
‘‘ရွေးကောက်ပွဲဆိုင်ရာကိစ္စ တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ ဘက်မလိုက်ဘဲ ကြားနေတဲ့ စံနှုန်း အမြင့်ဆုံးဆောင်ရွက်နေတယ်ဆို တာ ပြည်သူအားလုံးသိအောင် ပြ ဖို့ လိုတယ်’’ဟု ရဲချုပ် ဇော်ဝင်းက ပြောသည်။ရဲချုပ် ဇော်ဝင်းက နှစ်ပတ် လည်မိန့်ခွန်းတွင် ယင်းအကြောင်း အရာကို အရေးကြီးအချက်တစ်ခု အဖြစ် ပြောကြားခဲ့ပြီး မီဒီယာများနှင့် သီးသန့်တွေ့ဆုံကာ ယင်းအကြောင်း ထပ်မံပြောကြားခဲ့သည်။ သို့သော်အချိန်အခက်အခဲရှိသည်ဟုဆိုကာ တန်ပြန်မေးခွန်းကို မေးမြန်းခွင့်မပြုခဲ့ပေ။

ရွေးကောက်ပွဲ ကာလတွင် အရပ်သားများအား သီးသန့်ခေါ် ယူခန့်ထားသည့် အထူးရဲများနှင့် ပတ်သက်၍လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို အစော ဆုံးအဆင့်၌ ညှိနှိုင်းဖြေရှင်းနိုင် ရန် ရည်ရွယ်သည်ဟု ၎င်းက ပြောသည်။ ပြည်ထဲရေးဝန်ကြီးက လည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ရဲတပ်ဖွဲ့က ရွေးကောက်ပွဲ လုံခြုံရေးအတွက် အခြေခံအကျဆုံး တာဝန်ယူထား ရပြီး ဘက်ပေါင်းစုံမှ ပြင်ဆင်ထား ရန် မိန့်ခွန်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် မြန်မာ တစ်နိုင်ငံလုံး၌ မဲရုံလေးသောင်း ကျော် ဖွင့်လှစ်မည်ဖြစ်ပြီး ရွေး ကောက်ပွဲ အထူးရဲလေးသောင်း ကျော် ခန့်ထားကာ မဲရုံတစ်ရုံလျှင် တစ်ဦး လုံခြုံရေးစောင့်ကြည့်ရ မည်ဖြစ်သည်။ မူလရှိနေသည့် ရဲ တပ်ဖွဲ့ဝင်များက အပြင်စည်း လုံခြုံရေးတာဝန်ယူရမည်ဟု သတင်းရရှိသည်။
ကျေးရွာဒေသများသို့ ဆင်း၍ ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးမှုများ လက်တွေ့သရုပ် ပြနေသည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း- ဘား အံမြို့ တာဝန်ခံ ဦးမြင့်အောင်က ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများကို နားလည်ရန် လိုအပ်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်သည် စောင့်ကြည့် ရမည့် အခြေအနေဖြစ်သည်ဟု သုံးသပ်ပြောကြားသည်။
7 day

No comments:

Post a Comment