Monday 14 September 2015

အိန္ဒိယစစ်တပ်က ခေါ်ဆောင်သွားသော ပန်ဆောင်မြို့ခံနှစ်ဦး သီတင်းတစ်ပတ်ကျော်အထိ ပြန်မလွတ်သေး


 အိန္ဒိယစစ်တပ်က ခေါ်ဆောင်သွားသည့် ပန်ဆောင် မြို့ ဒေသခံနှစ်ဦးကို တစ်ပတ် ကျော်ကြာလာသော်လည်း ပြန် မလွှတ်ပေးသေးကြောင်း သတင်း ရရှိသည်။ပန်ဆောင်မြို့မှ ဒေသခံနှစ် ဦးသည် နယ်စပ်အနီး တောထဲ တွင် သစ်ခုတ်သွားစဉ် အိန္ဒိယ နိုင်ငံ နယ်စပ်လုံခြုံရေးတပ် အ မှတ် (၄၂) အာသံရိုင်ဖယ်တပ်က စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
‘‘အခုချိန်ထိတော့ ပြန် မလွှတ်သေးဘူး။ မနေ့က တပ်က အရာရှိတစ်ယောက်၊ ရုံးကတစ် ယောက်နှင့် ဘာသာပြန်သွားပြီး တွေ့တယ်။ ရဲစခန်းမှာထား တယ်။ အချုပ်ခန်းထဲထားတာ တော့ မဟုတ်ဘူး။ တနင်္လာနေ့ မှာ ပြန်ပို့ပေးမယ်လို့တော့ပြော တယ်’’ ဟု ပန်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘားမန်းက ပြော သည်။

ဒေသခံနှစ်ဦးကို အိန္ဒိယနယ် စပ်လုံခြုံရေးတပ်က နယ်စပ်ဖြတ် ကျော်သည်ဟုဆိုကာ ခေါ်ဆောင် သွားခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ နန်ပေါင်မြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
‘‘မနေ့က ဈေးနေ့ဖြစ်တဲ့ အတွက် နန်ပေါင်မြို့ကိုသွားပြီး သူတို့နဲ့သွားတွေ့တယ်။ သူတို့နှစ် ယောက်ကပြောတာကတော့ သူ တို့နှစ်ယောက်က နယ်စပ်ကျော် သွားတာမဟုတ်ဘူး။ နယ်စပ် လည်းမကျော်ဘူး။ တောင်ယာ ခင်းဘေးနားက မျှစ်ချိုးနေတဲ့ အချိန်လာခေါ်သွားတယ်လို့ပြော တယ်။ ရိုက်နှက်တာတွေတော့ ဘာတစ်ခုမှမရှိဘူး။ အေးအေး ဆေးဆေးပဲ စခန်းမှာထားတယ် လို့ပြောတယ်’’ဟု သွားရောက် တွေ့ဆုံခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံနှစ်ဦးကို စက်တင် ဘာ ၁၄ ရက် (တနင်္လာနေ့)တွင် ပြန်လွှတ်ပေးမည်ဟု နန်ပေါင် ရဲစခန်းမှူးက နှုတ်ကတိပေးခဲ့ သည်ဟု သိရသည်။

‘‘သူတို့ကဖမ်းပြီး ရဲလက်ထဲ အပ်လိုက်တဲ့အခါကျတော့ သူတို့ ဥပဒေအရ ဆောင်ရွက်ရတာဖြစ် တဲ့အတွက် ကြန့်ကြာတာပေါ့။ သူတို့ကနေပြီးတော့ ဒီလိုဖမ်းမိ တယ်။ မင်းတို့လူတွေဟုတ်ရဲ့ လားဆိုပြီး ဒီဘက်တပ်က လုံခြုံ ရေးကို အကြောင်းကြားစုံစမ်းပြီး ရဲလက်ထဲမအပ်ဘဲနဲ့ လွှဲပေးခဲ့ရင် ရတယ်။ အခုက ရဲကိုအပ်လိုက် တော့ ကြန့်ကြာသွားတာပေါ့’’ဟု ဦးဘားမန်းက ပြောသည်။
 ဒေသခံနှစ်ဦးဖမ်းဆီးခေါ် ဆောင်မှုနှင့်ပတ်သက်၍ အမှန် တကယ် နယ်စပ်ကျော်ဖြတ်သွား ၍ ဖမ်းဆီးခေါ်ဆောင်ခြင်းဟုတ်၊ မဟုတ်ကို ဒေသခံနှစ်ဦး ပြန် ရောက်လာမှသာ ၎င်းတို့ကို ဖမ်း ဆီးသွားသည့် မြေပြင်အနေအ ထားကို သွားရောက်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်မည်ဟု မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

‘‘အမှန်တကယ်ပဲနယ်ကျွံလို့ ရောက်သွားတာမဟုတ်ဘဲ ဒီ ဘက်က လာဖမ်းတာဆိုရင်တော့ ကျွန်တော်တို့ကလည်း အထက် ကိုတော့ စာတင်သွားမယ်။ ဒါမှ မဟုတ် အိန္ဒိယနယ်စပ်ဘက်ကို ကျော်လာလို့ လှည့်ကင်းအဖွဲ့တွေ နဲ့ကြုံလို့ ဖမ်းသွားတယ်ဆိုရင် တော့ ဒါကတော့ ကိုယ့်ဘက်က မှားတာပေါ့’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။
နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တပ်အချင်းချင်းကြားတွင်လည်း နယ်စပ်အတွင်း လုံခြုံရေးလှည့် ကင်းသွားမည်ဆိုပါက သုံးရက် ကြိုတင်အကြောင်းကြားရန် နှစ် ဖက်တပ်ချင်းသဘောတူညီထား ကြောင်း သိရသည်။
ပန်ဆောင်မြို့သည် မြန်မာ- အိန္ဒိယနယ်စပ် တစ်လျှောက်ရှိ အ ခွန်လွတ်ဈေးများ တည်ဆောက်ရေး စီမံကိန်းတစ်ခုတွင် ပါဝင် သည့်မြို့နယ်ဖြစ်သည်။
ပန်ဆောင်မြို့နယ်ရှိ ဒေသခံ များကို အိန္ဒိယနိုင်ငံရှိ နန်ပေါင်မြို့ သို့ နေ့ချင်းပြန်ခရီးဖြင့် နယ်စပ် ဖြတ်ကျော်ဈေးဝယ်ခြင်း၊ မိသားစု တွေ့ဆုံခြင်းနှင့် ဆေးကုသခြင်း တို့အတွက် အပတ်စဉ်တနင်္လာ နှင့် သောကြာနေ့များတွင် နှစ် နိုင်ငံအစိုးရနားလည်မှုဖြင့် သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး၏ ခွင့်ပြုချက်လက်မှတ်ဖြင့် သွား ရောက်ခွင့်ပြုထားသည်။

No comments:

Post a Comment