Monday 14 September 2015

တစ်သီးပုဂ္ဂလအမတ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အပေါ် တစ်သီးပုဂ္ဂလအမတ်အချို့တုံ့ပြန်


တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်သည် ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် မပြောသင့်သည့် စကားကို ပြောကြားခဲ့သဖြင့် စိတ် မကောင်းဖြစ်ရကြောင်း တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအ ချို့က ပြောကြားသည်။
‘‘အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြ ပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရပါဘူး။ တစ်သီး ပုဂ္ဂလတွေဟာ အစိုးရဖွဲ့လို့မရ တာကြောင့်မို့ တစ်သီးပုဂ္ဂလတွေ အတွက် မဲပေးမယ့်အစား အစိုးရ ဖွဲ့လို့ရမယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ မဲတွေက တန်ဖိုးရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင် လုပ်ကြပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရှားတောမြို့တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးရေးဟောပြောပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်က ကယားပြည်နယ် ရှားတောမြို့ နယ်၌ ပြုလုပ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်း ရုံးမှု ဟောပြောပွဲတွင် ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းအပေါ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အချို့က ဝေဖန်နေကြသည်။

ရှားတောမြို့နယ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်သီးပုဂ္ဂလကိုယ်စား လှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်၍ ဦးအောင်မင်းကို ရည်ညွှန်းပြော ဆိုသော စကားဟု နိုင်ငံရေးလေ့ လာသူများက သုံးသပ်သည်။

‘‘သူတစ်စုံတစ်ဦးကို ရည် ရွယ်ပြီးပြောတဲ့သဘောဖြစ်ပါ လိမ့်မယ်။ ပါတီကထွက်ပြီး တစ် သီးပုဂ္ဂလ၀င်ပြိုင်တဲ့ သူတွေကို အမြင်မကြည်ဘဲ ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုတစ်သီးပုဂ္ဂ လအားလုံးကို ၀ါးလုံးရှည်နဲ့ သိမ်း ပြောတာတော့ မကောင်းဘူးပေါ့ ဗျာ။ တစ်သီးပုဂ္ဂလမှာ သူလုပ်နိုင် တဲ့ စွမ်းအားနဲ့ သူရှိပါတယ်။ ပါတီ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဒီလို မပြောသင့်ဘူး’’ဟု အမျိုးသား လွှတ်တော် ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ် (၃) တွင် ၀င် ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

မဲဆွယ်စည်းရုံးရေးကာလ တွင် ထိုကဲ့သို့ ပြောဆိုမှုများပြုလုပ်၍ရသော်လည်း  မခံချင်စရာ ကောင်းသော ပြောကြားချက်ဖြစ် ကာ ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ဦးအပေါ် ရည်ရွယ်ပြောကြားလိုပါက ၎င်းပုဂ္ဂိုလ်အပေါ် အမည်တပ်၍ ပြောကြားရန်သာ ဖြစ်ပြီး ထိုကဲ့သို့ အားလုံးကို သိမ်း ကျုံးမပြောဆိုသင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘ဒီလိုပြောတဲ့အတွက် စိတ် မကောင်းဘူး။ လူထုအားထားတဲ့ လူထုခေါင်းဆောင်တစ်ယောက် အနေနဲ့ ဒီလိုတော့ မပြောသင့်ဘူး ထင်ပါတယ်’’ဟု ပြည်သူ့လွှတ် တော် ဗဟန်းမဲဆန္ဒနယ်မှ တစ်သီး ပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက  ပြောကြား သည်။

အပြောင်းအလဲတစ်ရပ်ကို အလံတစ်ခုတည်းအောက်တွင် စုစည်းထားသည့်  အင်အားစုက သာ ပြောင်းလဲနိုင်မည်ဟူသည့် အယူအဆကို လက်မခံဘဲ အ ပြောင်းအလဲကို လိုလားသည့်အ ရည်အချင်းရှိသူများကပါ လိုက်ပါပြောင်းလဲပါက အပြောင်းအလဲ ကို ဖန်တီးနိုင်မည်ဟု လက်ခံထားကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတွက် စစ်တွေမဲဆန္ဒနယ် အမှတ်(၂) မှ တစ်သီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ဇောဦးကလည်း ပြောသည်။

‘‘တစ်သီးပုဂ္ဂလတွေက အစိုးရမဖွဲ့နိုင်ပေမယ့် လွှတ်တော်တည်း ရောက်သွားရင် အပြောင်းအလဲပြု လုပ်နိုင်တဲ့ ပါတီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ပါတယ်။ တစ်သီး ပုဂ္ဂလတွေက တစ်ယောက်ထဲ တော့ ရပ်တည်ပြီးမနေပါဘူး။ အဓိကကတော့ လူမှန်၊ နေရာမှန်ဖြစ်ဖို့လိုပါတယ်’’ဟု ဦးကျော်ဇောဦးက ဆိုသည်။

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီး၌ တစ်သီးပုဂ္ဂလ၀င် ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင် ထားသော အမတ်လောင်း ၃၂၃ ဦးရှိသည်။
7 day

No comments:

Post a Comment