Thursday 3 September 2015

ဈေးကွက်အတွင်းရောင်းချနေသည့် ပြည်တွင်းထုတ်သောက်ရေသန့် တံဆိပ် ၂၂မျိုးမှာ ဗက်တီးရီးယားပိုးများပါဝင်နေ


ဈေးကွက်အတွင်းရောင်းချ နေသည့် ပြည်တွင်းထုတ်သောက်ရေ သန့် တံဆိပ်၂၂ မျိုးမှာဗက်တီးရီးယား ပိုးများပါဝင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ပြည်တွင်းသောက် ရေသန့်လုပ်ငန်းထုတ်လုပ်ခွင့် လိုင်စင် လျှောက်ထားမှုများတွင်ပိုးတွေ့ရှိမှု ကြောင့် ထုတ်လုပ်ခွင့်မကျသည့် လုပ် ငန်းပေါင်း ၄ဝခန့်ရှိ၊ နေကြောင်းအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး(ဓာတ်ခွဲ)မှ ဒေါက် တာခင်ချစ်က ပြောသည်။
''ရေသန့်ဈေးကွက်မှာကြည့်ရင် Register လုပ်မထားတဲ့ သောက်ရေသန့်၊ မသန့်တဲ့သောက်ရေသန့် တွေအများ ကြီးပဲ။ FDA မှာလာပြီး အစစ်အဆေး ခံလိုက်တဲ့အခါမှာ သုံးခါကျတဲ့ရေသန့် မှတ်ပုံတင်တွေရှိတယ်။ Good Ma-nufacture Process လုပ်ပါဦးဆိုလဲ သေချာမလိုက်နာဘူး။ FDA က သုံး ခါစစ်ပြီး ပိုးတွေပါလို့ သုံးခါစလုံးကျ တဲ့ ပုဂ္ဂိုလ်တွေ ၄ဝလောက်အထိ ရှိ တယ်''ဟု ဆိုသည်။

ပုံမှန်အားဖြင့် သောက်ရေသန့်လုပ် ငန်း ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထား ရာ၌ ထုတ်လုပ်မည့် ပစ္စည်းနမူနာများကို FDA သို့ပေးပို့ စစ်ဆေးခံရပြီး ယင်း စစ်ဆေးမှုတွင် သုံးကြိမ်တိုင်တိုင်ပိုးတွေ့ ရှိထားသောလုပ်ငန်းများအား ထုတ် လုပ်ခွင့် ပေးမထားကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနအနေဖြင့် သတ်မှတ် ချက်၊ ညွှန်ကြားချက်များကို မလိုက်နာ သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိ အောင် ဆောင်ရွက်သွားမည်ဖြစ် သည်။
ထိုသို့လုပ်ဆောင်ရာတွင် သောက် ရေသန့်ဘူးများကိုယူ၍ချိပ်ပိတ်ပြီး ဓာတ် ခွဲခန်းတွင်စစ်ဆေးမည်ဖြစ်သည်။ ထို သို့စစ်ဆေးပြီးသည့်အခါ ၄င်းတို့ကိုယ် တိုင်ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထား သည်ဟု FDA မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
''လုပ်ငန်းရှင်တွေက ကျွန်တော် တို့က နားမလည်ဘူး၊ မကြည့်တတ်ဘူး ဆိုရင် Micro Biologic နဲ့ကြည့်ပေး မယ်။ သူ့ဆီကထွက်တဲ့ ရေဟာတကယ် သန့်တယ်ဆိုရင် ကျွန်တော်တို့ တစ်ခါ တည်း လက်မှတ်ထိုးပေးပြီး ဏျေ ပေး လိုက်မယ်။ စစ်ချက်ကျရင်တော့သူ့ကို Register မပေးတော့ဘူး။ လုပ်ငန်းဖျက် သိမ်းရမယ်။ ဒါမှသေချာလုပ်မှာ။ မဟုတ် ရင် သေချာလုပ်မှာမဟုတ်တော့ဘူး''ဟု ဒေါက်တာခင်ချစ်ကဆိုသည်။
လက်ရှိတွင်မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ခွင့်ပြုပေးထားသည့် သောက်ရေ သန့်လုပ်ငန်းပေါင်း ၈၁၆ ခုရှိထားကြောင်း သိရသည်။
ဖြူသစ်လွင် ၊ ရန်ကုန်၊
Yangon Media Group

No comments:

Post a Comment