Thursday 13 August 2015

ရွှေလီဦးယာဉ်လိုင်း ပြေးဆွဲခွင့် ယာယီပိတ်သိမ်း

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူကိုးဦးသေဆုံးခဲ့သော ရွှေလီဦး အဝေးပြေးယာဉ်လိုင်းကို ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။
သြဂုတ် ၁၀ ရက် ညနေက အမြန်လမ်း မိုင်တိုင်အမှတ် (၁၀၅/၂)တွင်လူကိုးဦးသေဆုံးမှု ဖြစ်ပွားစေခဲ့သော ရွှေလီဦး အဝေးပြေးယာဉ်လိုင်းကို ယာယီ ပိတ်သိမ်းထားရန် ရန်ကုန်တိုင်း ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန က မထသအဝေးပြေးရုံးချုပ်သို့ သြဂုတ် ၁၁ရက်၌ အကြောင်းကြားထားကြောင်း အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ရွှေလီဦး ယာဉ်လိုင်းမထွက် ဖို့၊ ယာယီပိတ်သိမ်းထားဖို့ ညွှန် ကြားထားတာ ရှိတယ်။ ဒါပေမဲ့ တရားဝင်တော့ စာမထွက်သေး ဘူး။ ယာယီ ပိတ်သိမ်းထားဖို့ပဲ ပြောထားတာပါ’’ ဟု မထသအ ဝေးပြေးရုံးချုပ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ယာဉ်လိုင်း ယာယီပိတ် သိမ်းခံရခြင်းနှင့် ပတ်သက်၍ ရွှေ လီဦး အဝေးပြေးယာဉ်လိုင်း ရန်ကုန်ရုံးသို့ ဆက်သွယ်မေးမြန်းရာ ‘‘ယာဉ်မထွက်ဖို့တော့ လာပြောထားတယ်။ တရားဝင်စာနဲ့ လာပြောတာတော့ မဟုတ်ဘူး။ အခုလောလောဆယ်တော့ ယာဉ်မထွက်သေးပါဘူး’’ဟု ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိမ်းမှောက်ခဲ့သည့် ရွှေလီ ဦး ခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ လားရှိုးသို့ ထွက်ခွာစဉ် မိုင်တိုင်အမှတ် (၁၀၅/၂) အရောက်၌ အရှိန်လွန် တိမ်းမှောက်ခဲ့ပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီးလေးဦး နေရာတွင် သေဆုံးခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ဒဏ်ရာရရှိ သူ အမျိုးသားတစ်ဦးထပ်မံသေဆုံးသွားရာ စုစုပေါင်းကိုးဦးအထိ သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာ ရရှိထားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ကိုးဦးအား IKBZ အာ မခံကုမ္ပဏီက အထူးခရီးသွားအာ မခံကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီ နစ်နာကြေးပေး အပ်ထားကြောင်း အဆိုပါ ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးက ပြောသည်။

‘‘သေဆုံးခဲ့သူတွေကိုတော့ တစ်ဦးကို ကျပ်သိန်း ၃၀ စီပေး အပ်ထားပါတယ်။ ဒဏ်ရာရတဲ့ သူတွေအတွက်က သူ့ရဲ့ဒဏ်ရာ ပေါ် မူတည်ပြီး နစ်နာကြေးပေး အပ်သွားမှာပါ။ အခုလောလော ဆယ် သိရတာတော့ ဖြူးဆေးရုံ မှာ ၂၅ ဦး ဆေးကုသနေတယ်လို့ သိရပါတယ်။ အရေးကြီး လူနာ တွေက ရန်ကုန်တို့၊ နေပြည်တော် ဆေးရုံတွေမှာ ဆေးကုသနေပါ တယ်။ လိုက်လံစိစစ်ဆဲ ရှိပါသေး တယ်’’ဟု ဦးအောင်စိုးဦးက ပြော သည်။ ၂၀၁၄ မေလ ၁၂ ရက်ကလည်း ယာဉ်တိမ်းမှောက်မှု ကြောင့် ခရီးသည် ၁၄ ဦး သေဆုံးမှုဖြစ်ပွားသည့် ရာဇာမင်း အဝေးပြေးယာဉ်လိုင်းကို နေပြည်တော်ကုန်းလမ်းနှင့် ပြည်တွင်းရေ ကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့က ယာဉ်လိုင်းပိတ်သိမ်းခဲ့သည်။

မေလ ၃၁ ရက်က ရန်ကုန်- ပြင်ဦးလွင် ပြေးဆွဲနေသည့် Elite အဝေးပြေး ယာဉ်လိုင်း ယာဉ် တိုက်မှုတွင် ခရီးသည်ခြောက်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် အဆိုပါ လမ်းကြောင်းပြေးဆွဲခွင့် ကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဌာနက ဇွန်လ ၁ ရက်၌် ရာ သက်ပန်ပိတ်သိမ်းခဲ့သည်။

ယခုနှစ် ဇူလိုင် ၇ ရက်တွင် လည်း နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား သော Elite ခရီးသည်တင်ယာဉ် လိုင်း ရန်ကုန် - နေပြည်တော် ခရီးစဉ်ပြေးဆွဲခွင့်ကို ယာယီပိတ်သိမ်းခဲ့ပြီး ဇူလိုင် ၁၅ ရက်တွင် ပြန်လည်ပြေးဆွဲခွင့်ပြုထားသည်။
7 day

No comments:

Post a Comment