Tuesday 18 August 2015

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ် ၁၇ ရက် နံနက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးခန်းတွင် တစ်နာရီနီးပါးကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ယင်းသို့တွေ့ဆုံမှုသည် သူရဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခဲ့ပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး သြဂုတ် ၁၇ရက်သည် လွှတ်တော် အစည်းအဝေး ပြန်လည်ခေါ်ယူ ခြင်းမပြုမီ တစ်ရက်အလိုလည်း ဖြစ်သည်။သီးသန့်တွေ့ဆုံမှုကို 7 Day Daily သတင်းစာက အတည်ပြု နိုင်ခဲ့သော်လည်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုမူသိရှိရ ခြင်းမရှိသေးပေ။

၂၀၁၂  ကြားဖြတ်  ရွေး ကောက်ပွဲအပြီးတွင် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွှတ်တော်ထဲသို့ ရောက်ရှိခဲ့ သည့်အချိန်မှစတင်ပြီး သူရဦးရွှေ မန်းသည်ဒေါ်အောင်ဆန်းစုကြည် နှင့် ရင်းနှီးသော ဆက်ဆံရေးရှိ ကြောင်း သတင်းများထွက်ပေါ်ခဲ့ သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်နှင့် သူရဦးရွှေမန်းတို့သည် ပူးတွဲသတင်းစာ ရှင်းလင်းပွဲများ ကိုလည်း သတင်းမီဒီယာများအ တွက် ပြုလုပ်ခဲ့သည်များရှိသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခဲ့သော သူရဦးရွှေ မန်းသည် သြဂုတ် ၁၂ ရက်တွင် ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။
7 day

1 comment:

  1. သစ္စာဖောက်၂ယောက်လိုးကြပါလား။ဂျယ်တော့ လိမ်းထားကြနော်။

    ReplyDelete