Tuesday 7 July 2015

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်နှင့် ဆိပ်ကမ်းမြို့နယ်တို့တွင် ကားများပေါ် ဘေလ်ဘုတ်ကြီးများလဲပြိုကျ

လေပြင်းတိုက်ခတ်မှုကြောင့် ဘေဘုတ်တစ်ခု ကားပေါ်ပြိုလဲကျနေစဉ်။ ဓာတ်ပုံ - မင်းမင်း
ဇူလိုင် ၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ် တထောင်မြို့နယ်နှင့် ဆိပ်ကမ်းမြို့ နယ်တို့တွင် ကြော်ငြာထားသည့် ဘေလ်ဘုတ်ကြီးသုံးခု ပြိုလဲကျခြင်း ကြောင့် မော်တော်ယာဉ်သုံးစီး ပျက် စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

''ကမ်းနားလမ်း တိုးဂိတ်နားမှာ ဘေလ်ဘုတ်နှစ်ခုလဲကျပြီးတော့ ဗိုလ်တထောင်ဘုရားလမ်းမှာရှိတဲ့ ဘေဘုတ်ကြီး တစ်ခုပါ လဲကျသွား တယ်။ ဗိုလ်တထောင်ဘုရားလမ်း မှာလဲကျသွားတဲ့ ဘေလ်ဘုတ်က ကျွန်တော့်ကားပေါ်ကို ကျလာတဲ့ အတွက် ကားလဲ တော်တော်ကို ပျက်စီးသွားပါတယ်။ ပြန်ပြင်မယ် ဆိုရင် အနည်းဆုံး သိန်း ၈၀ လောက် ကုန်မယ်။ ကျွန်တော့်ကား ကို သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးမှာစိုးလို့ အပင်ကြီးတွေအောက် မှာမရပ်ဘဲ လွတ်ရာနေရာမှာ လာ ရပ်ထားတာဖြစ်ပါ တယ် ။ ကားက ဂိတ်ထိုးထားတုန်းမို့လူမရှိတဲ့အတွက် ထိခိုက်ဒဏ် ရာရတာမရှိလို့ တော် ပါသေးတယ်။ ဒါပေမဲ့ ဒီလိုဆိုင်း ဘုတ်ကြီး ကို မြန်မာဖြစ်နပ်တွေနဲ့ တပ်ဆင်ထားတာ မဖြစ်သင့် ပါဘူး။ ကျွန်တော်တို့သာ ဝင်တိုက်ရင်လျော် ရမှာပါ။ အခု ကျွန်တော့် ကားအတွက် ဘာပြန်လုပ်ပေးမလဲ သိချင်ပါ တယ်။ စဖြစ်ပြီးကတည်းက စည် ပင်သာယာကို အကြောင်း ကြား ထားတာ။ အခု ၆ နာရီအထိ ဒီ အပျက်အစီးတွေကိုလဲ မရှင်းလင်း နိုင်သေးဘူး''ဟု ရွှေမြန်မာယာဉ် လိုင်းပိုင်ရှင် ဦးထင်ကျော် ကပြော သည်။

ကြော်ငြာဘေလ်ဘုတ်ကြီးများ ပြိုလဲကျမှုကြောင့် ကားသုံးစီးပျက် စီးမှုဖြစ်ပွားခဲ့ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၁၀ဝ ကျော်ခန့် ရှိကြောင်း စုံးစမ်းသိရသည်။ ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ မြင်လိုက် ရသည့် ပြည်သူတစ်ဦးက ''ကားသမားတစ်ဦးဆိုရင် ကား မောင်းနေရင်း လေလုံးကြီး ကပြေး ဝင်လာတာတွေ့လို့ ရပ်လိုက်တာ ကံကောင်းသွားတယ်။ ရှေ့သာ နည်းနည်း ထပ်တိုး မိလို့ ဘေလ်ဘုတ် တိုင်သာ ကားပေါ်ပိမိ ရင် ကားပေါ် မှာပါတဲ့သူတွေရဲ့ အသက်အန္တရာယ် ကိုပါဖြစ်သွားနိုင်တယ်။ ကံကောင်း လို့ ဘာမှမဖြစ်သွား တာပါ။ ရေထိန်း တံခါးပေါ်ကျသွားလို့ သူ့ကားပေါ် ပိတာသက် သာသွားတယ်'' ဟု ကမ်း နားလမ်းတိုးလ်ဂိတ်အနီးရှိ ဘေလ် ဘုတ်ပြိုကျမှုမြင်ကွင်းကို ဒီမိုကရေ စီတူဒေးသတင်းစာသို့ ပြောကြား သည်။ 

ယင်းကဲ့သို့ လေပြင်းတိုက်ခတ် မှုကြောင့် ဗိုလ်တထောင်ဘုရား လမ်းတွင်ရှိသည့် အလျားပေ ၅၀၊ အနံ ၁၅ ပေ၊ အမြင့်ပေ ၄၀ ခန့်ရှိ ဘေလ်ဘုတ်ကြီးတစ်ခုအပါအဝင် ဆိမ်ကမ်းမြို့နယ် ကမ်းနား လမ်းရှိ တိုးဂိတ်အနီးတွင် အလျားပေ ၅၀၊ အနံ ၁၅ ပေ၊ အမြင့်ပေ ၄၀ ခန့်ရှိ ဘေလ်ဘုတ်နှစ်ခုအပါအဝင် ယင်း ပတ်ဝန်းကျင်တွင်ရှိသော ဆိုင်အချို့ တွင် ခေါင်မိုးများ ပွင့်ထွက် ခြင်းနှင့် သစ်ပင်သစ် ကိုင်းများ ကျိုးကျပျက် စီးခဲ့ကြောင်း သိရသည်။ 

HHW
Democracytoday

No comments:

Post a Comment