Saturday 13 June 2015

လာအိုနှင့်ပွဲတွင် မြန်မာကစားသမားအချို့ ပြိုင်ဘက်ကို လေးစားမှုမရှိခဲ့ကြောင်း အေဗရာမိုဗစ်ပြော

လာအိုအသင်းကို သရေ ကျခဲ့သည့်ပွဲတွင် မြန်မာကစားသမားအချို့အနေဖြင့် ပြိုင်ဘက် ကစားသမားများအပေါ် မလေးစားမှု ကြောင့် ရလဒ်မကောင်းခဲ့ခြင်းဖြစ် ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ် ပွဲ ဒုတိယအဆင့်အဖွင့်ပွဲအဖြစ် ဇွန်လ ၁၁ ရက်က လာအိုအသင်း နှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက် ပေါ်ခဲ့သည်။
‘‘ပထမပိုင်းမှာ ကျွန်တော်တို့အခွင့်အရေးတွေ အများကြီးဖန် တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယပိုင်းအရောက်မှာ ကျွန်တော့်ကစား သမားတချို့ ပြိုင်ဘက်ကို မလေး မစားလုပ်ခဲ့တယ်။ လာအိုကစား သမားတွေကတော့ တာဝန်ကျေ ကျေနဲ့ လုပ်စရာရှိတာကို လုပ်ခဲ့ တယ်။ ဒီလိုမလေးစားမှုကြောင့်ပဲ ကျွန်တော်တို့ ပြစ်ဒဏ်ခတ်ခြင်း ခံခဲ့ရတာပါ။ ကျွန်တော့်အသင်း ပထမပိုင်းကစားပုံကြောင့် ကိုရီး ယားနဲ့ ပွဲအတွက် အကောင်းမြင် ခဲ့ပေမယ့် ဒုတိယပိုင်းကစားပုံက တော့ လက်မခံနိုင်စရာပါ။ ဒုတိ ယပိုင်းမှာ ပြိုင်ဘက်ကို အခွင့်အ ရေးသုံးကြိမ်လောက်ထိ ပေးခဲ့ တယ်။ သရေကျခဲ့တာ ကျွန်တော် တို့ ကံကောင်းပါတယ်’’ဟု ပွဲအပြီး ၌ မြန်မာနည်းပြချုပ်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ကမ္ဘာ့အဆင့် (၃၂) ဆင့်နိမ့် သည် လာအိုအသင်းနှင့် ယှဉ်ပြိုင် ခဲ့ရာတွင် ရုန်းကန်ခဲ့ရပြီး နိုင်ပွဲရရှိ ရန် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းသည် ပထမပိုင်း တွင် ဇော်မင်းထွန်း၏ အဖွင့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း၌ အိမ်ရှင်အသင်းက ချေပဂိုးနှင့် ဒုတိယဂိုးသွင်းယူကာ ပြန်လည်ဦးဆောင်ခဲ့သည်။ မြန်မာအ သင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် ကျော်ဇေယျာဝင်းက သွင်းယူခဲ့သဖြင့် ရှုံးပွဲမကြုံခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲကို အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ မှ စတင်ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး အုပ်စု(ဆ)၌ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
အုပ်စုတွင်း အခြားပွဲတွင် ကူဝိတ်အသင်းက လက်ဘနွန်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စု(ဆ) ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ကူဝိတ်အသင်းက ရမှတ်သုံးမှတ်ဖြင့် ပထမ၊ လာအိုနှင့် မြန်မာအသင်းတို့က ရမှတ်တစ်မှတ်စီဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နေ သည်။
တောင်ကိုရီးယားအသင်း မှာ ပွဲမကစားရသေးဘဲ ရှုံးပွဲတွေ့ထားသည့် လက်ဘနွန်အသင်းက ရမှတ်မရရှိသေးပေ။ မြန်မာ အသင်းသည် အုပ်စုဒုတိယပွဲစဉ် အဖြစ် ဇွန်လ ၁၆ ရက်တွင် တောင် ကိုရီးယားအသင်းနှင့် ထိုင်းနိုင်ငံ ၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

7 Day Daily

No comments:

Post a Comment