Sunday 2 November 2014

ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ

Photo: ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ
Sunday, November 2, 2014

၂၀၁၅ ကမ္ဘာ့ဖလားယူ- ၂၀ ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ယူ-၁၉ဘောလုံးအ သင်းအားဂုဏ်ပြုပွဲအခမ်းအနား တွင် အလှူရှင်များက ကျပ်သိန်း လေးထောင်ကျော် ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက်ညက ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်း အနားတွင် အလှူရှင်များက မြန်မာ ယူ - ၁၉ အသင်းအား ဆုကြေး ငွေများချီးမြှင့်ခဲ့ရာ စုစုပေါင်း ကျပ် ၄,၀၈၈ သိန်းရရှိခဲ့သည်။

မြန်မာယူ - ၁၉ အသင်းသည် အိမ်ရှင်ပြုလုပ်ခဲ့သည့် အာရှယူ- ၁၉ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအ ဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၅ကမ္ဘာ့ ယူ-၂၀ပြိုင်ပွဲသို့လည်း ၀င်ရောက် ခွင့်ရရှိခဲ့သည်။ မြန်မာ့ဘောလုံးသ မိုင်းတစ်လျှောက် ပထမဆုံးအ ကြိမ် ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ၀င် ရောက်ခွင့်ရရှိသည့် မှတ်တမ်းရေး ထိုးနိုင်ခဲ့သည်။

မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ သည့် မြန်မာယူ-၁၉အသင်းသည် နိုဝင်ဘာ ၁ရက်က ရန်ကုန်မြို့ တွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် အောင်ပွဲခံခဲ့ကြရာ ထောင်ချီသည့် ပရိသတ်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုဝင်ဘာ ၂ရက် ညပိုင်းတွင် အဆိုတော်များနှင့်အနုပညာရှင် များတင်ဆက်မည့် မြန်မာယူ-၁၉ အသင်းအားဂုဏ်ပြုဖျော်ဖြေပွဲအ ခမ်းအနားကိုလည်း အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး အလှူရှင်များ အနေဖြင့် လှူဒါန်းမှုများပြုလုပ် နိုင်ကြောင်း သတင်းရရှိသည်။

မြန်မာယူ-၁၉အသင်းသည် ပြီးခဲ့သည့် ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့စဉ်ကလည်းအ လှူရှင်များက ငွေကျပ်သိန်းနှစ် ထောင့်ခြောက်ရာကျော် ချီးမြှင့်ခဲ့ သည်

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယူ−၁၉ ဘောလုံးအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily
၂၀၁၅ ကမ္ဘာ့ဖလားယူ- ၂၀ ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ယူ-၁၉ဘောလုံးအ သင်းအား ဂုဏ်ပြုပွဲအခမ်းအနား တွင် အလှူရှင်များက ကျပ်သိန်း လေးထောင်ကျော် ချီးမြှင့်ခဲ့ ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၁ ရက်ညက ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်း အနားတွင် အလှူရှင်များက မြန်မာ ယူ - ၁၉ အသင်းအား ဆုကြေး ငွေများချီးမြှင့်ခဲ့ရာ စုစုပေါင်း ကျပ် ၄,၀၈၈ သိန်းရရှိခဲ့သည်။
မြန်မာယူ - ၁၉ အသင်းသည် အိမ်ရှင်ပြုလုပ်ခဲ့သည့် အာရှယူ- ၁၉ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအ ဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၅ကမ္ဘာ့ ယူ-၂၀ပြိုင်ပွဲသို့လည်း ၀င်ရောက် ခွင့်ရရှိခဲ့သည်။ မြန်မာ့ဘောလုံးသ မိုင်းတစ်လျှောက် ပထမဆုံးအ ကြိမ် ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ၀င် ရောက်ခွင့်ရရှိသည့် မှတ်တမ်းရေး ထိုးနိုင်ခဲ့သည်။

မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ သည့် မြန်မာယူ-၁၉အသင်းသည် နိုဝင်ဘာ ၁ရက်က ရန်ကုန်မြို့ တွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် အောင်ပွဲခံခဲ့ကြရာ ထောင်ချီသည့် ပရိသတ်များက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

နိုဝင်ဘာ ၂ရက် ညပိုင်းတွင် အဆိုတော်များနှင့်အနုပညာရှင် များတင်ဆက်မည့် မြန်မာယူ-၁၉ အသင်းအားဂုဏ်ပြုဖျော်ဖြေပွဲအ ခမ်းအနားကိုလည်း အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး အလှူရှင်များ အနေဖြင့် လှူဒါန်းမှုများပြုလုပ် နိုင်ကြောင်း သတင်းရရှိသည်။

မြန်မာယူ-၁၉အသင်းသည် ပြီးခဲ့သည့် ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့စဉ်ကလည်းအ လှူရှင်များက ငွေကျပ်သိန်းနှစ် ထောင့်ခြောက်ရာကျော် ချီးမြှင့်ခဲ့ သည်

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယူ−၁၉ ဘောလုံးအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily

No comments:

Post a Comment