Tuesday 7 October 2014

မက္ကဆီကိုကျောင်းသား ၄၀ ကျော်ပျောက်ဆုံးမှု တာဝန်ရှိသူအားလုံးကို ဖမ်းဆီးမည်

Photo: မက္ကဆီကိုကျောင်းသား ၄၀ ကျော်ပျောက်ဆုံးမှု တာဝန်ရှိသူအားလုံးကို ဖမ်းဆီးမည်
Tuesday, October 7, 2014

မက္ကဆီကိုသမ္မတ အန်းရီကွက်အ် ပီနာ နစ်အ်တို (Enrique Pena Nieto)က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအားလုံးကို ဖမ်းဆီးအရေးယူမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က အခိုင်အမာပြောဆိုပါတယ်။

သမ္မတရဲ့ မိန့်ခွန်းအပြီးမှာပဲ အခင်းဖြစ်ပွားခဲ့တဲ့ မြို့ခံရဲတပ်ဖွဲ့တွေကို လက်နက်တွေ ဖြုတ်သိမ်းခဲ့ပြီး မြို့ကိုလည်း အထူးရဲတပ်ဖွဲ့က ပိတ်ဆို့ လိုက်ပါတယ်။

ဒေသခံ လူမျိုးစုဆရာတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုကို မကျေနပ်လို့ ဆရာဖြစ်တက္ကသိုလ် ကျောင်းသားတွေက ဆန္ဒပြခဲ့တာမှာ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ကျောင်းသား ၄၃ ဦးလည်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ရဲတွေက ပစ်ခတ်လို့ ကျောင်းသား ၆ ယောက် သေဆုံးပြီး ရဲ ၂၂ ယောက်လည်း ဖမ်းဆီးခံထားရပါတယ်။

သမ္မတ အန်းရီကွက်အ် ပီနာ နစ်အ်တိုက ဖြစ်ရပ်အပေါ် တုန်လှုပ်ချောက်ချားခဲ့ပြီး ပါဝင်ပတ်သက်သူတွေ ဘယ်သူမှ မလွတ်စေရဘူးလို့ ပြောဆိုပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုတခုမှာ မီးလောင်ခံထားရတဲ့ ရုပ်အလောင်း ၂၈ လောင်း ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ကျောင်းသားတွေရဲ့ ရုပ်အလောင်းဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

မှုခင်းစုံစမ်းရေးအာဏာပိုင်တွေက ဒီရုပ်အလောင်းတွေ ပျောက်ဆုံးနေတဲ့ကျောင်းသားတွေ ဟုတ် မဟုတ် စစ်ဆေးမှုတွေ လုပ်နေပြီး ၂ ပတ်အကြာမှာ အဖြေထုတ်နိုင်မယ်လို့ သိရပါတယ်။

ထွက်ပြေးနေတဲ့ မြို့တော်ဝန် အီးလ်ဂွေ့လာ (Iguala၊)နဲ့ လုံခြုံရေးအကြီးအကဲကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဒီဖြစ်ရပ်ဟာ မက္ကဆီကိုနိုင်ငံမှာ အစိုးရအာဏာပိုင်တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေ ထဲထဲဝင်ဝင် ပတ်သက်ဆက်ယှက်မှုတွေ ရှိနေတာကို ပြသနေတယ်လို့လည်း မက္ကဆီကို သတင်းမီဒီယာတွေက ဖော်ပြကြတယ်။

DVB
မက္ကဆီကိုသမ္မတ အန်းရီကွက်အ် ပီနာ နစ်အ်တို (Enrique Pena Nieto)က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအားလုံးကို ဖမ်းဆီးအရေးယူမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က အခိုင်အမာပြောဆိုပါတယ်။

သမ္မတရဲ့ မိန့်ခွန်းအပြီးမှာပဲ အခင်းဖြစ်ပွားခဲ့တဲ့ မြို့ခံရဲတပ်ဖွဲ့တွေကို လက်နက်တွေ ဖြုတ်သိမ်းခဲ့ပြီး မြို့ကို လည်း အထူးရဲတပ်ဖွဲ့က ပိတ်ဆို့ လိုက်ပါတယ်။

ဒေသခံ လူမျိုးစုဆရာတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုကို မကျေနပ်လို့ ဆရာဖြစ်တက္ကသိုလ် ကျောင်းသား တွေ က ဆန္ဒပြခဲ့တာမှာ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ကျောင်းသား ၄၃ ဦးလည်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ရဲတွေက ပစ်ခတ်လို့ ကျောင်းသား ၆ ယောက် သေဆုံးပြီး ရဲ ၂၂ ယောက်လည်း ဖမ်းဆီးခံထားရပါတယ်။

သမ္မတ အန်းရီကွက်အ် ပီနာ နစ်အ်တိုက ဖြစ်ရပ်အပေါ် တုန်လှုပ်ချောက်ချားခဲ့ပြီး ပါဝင်ပတ်သက်သူတွေ ဘယ်သူမှ မလွတ်စေရဘူးလို့ ပြောဆိုပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုတခုမှာ မီးလောင်ခံထားရတဲ့ ရုပ်အလောင်း ၂၈ လောင်း ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ကျောင်းသားတွေရဲ့ ရုပ်အလောင်းဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

မှုခင်းစုံစမ်းရေးအာဏာပိုင်တွေက ဒီရုပ်အလောင်းတွေ ပျောက်ဆုံးနေတဲ့ကျောင်းသားတွေ ဟုတ် မဟုတ် စစ်ဆေးမှုတွေ လုပ်နေပြီး ၂ ပတ်အကြာမှာ အဖြေထုတ်နိုင်မယ်လို့ သိရပါတယ်။

ထွက်ပြေးနေတဲ့ မြို့တော်ဝန် အီးလ်ဂွေ့လာ (Iguala၊)နဲ့ လုံခြုံရေးအကြီးအကဲကို ဖမ်းဝရမ်း ထုတ်ထား ပါတယ်။

ဒီဖြစ်ရပ်ဟာ မက္ကဆီကိုနိုင်ငံမှာ အစိုးရအာဏာပိုင်တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေ ထဲထဲဝင်ဝင် ပတ်သက် ဆက်ယှက် မှုတွေ ရှိနေတာကို ပြသနေတယ်လို့လည်း မက္ကဆီကို သတင်းမီဒီယာတွေက ဖော်ပြကြတယ်။

DVB 

No comments:

Post a Comment