Friday 11 July 2014

အကယ်ဒမီဒွေး ကွယ်လွန်ခြင်း ၇နှစ်ပြည့် ကျန်ရစ်သူ မိသားစုက ဆွမ်းကပ်လှူဒါန်း

၆ လသားအရွယ်ကတည်းက ဒွေးနဲ့ မမိုးမိုးတို့ ဇနီးမောင်နှံနဲ့ အတူနေထိုင်ခဲ့တဲ့ ဝေယံမိုးက အကယ်ဒမီ ဒွေး ကွယ်လွန်ခြင်း ၇နှစ်ပြည့် အလှူကို ဇူလိုင် ၁ဝရက်နေ့က မှော်ဘီက အင်းလျက်သာသနာ့ဝန်ဆောင် ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်သူဒွေးကို သူတို့အမှတ်တရရှိနေကြဆဲပါ။

သူငယ်ငယ်တုန်းက ဒွေးနဲ့အတူ ရုပ်ရှင်အတူတူ ကြည့်ခဲ့တာတွေ၊ ရိုက်ကွင်းကို လိုက်ခဲ့တာတွေကို ဝေယံမိုးက အမှတ်ရနေပြီး Mr. Guiter မှာ မိသားစုပုံလေးဆွဲခဲ့ပြီး အဲဒီပုံလေးကို အိမ်မှာချိတ်ပြီး ဓာတ်ပုံပြန်ရိုက်ခဲ့တာ သူ့အတွက် အမှတ်အရဆုံးပါလို့ ဆိုပါတယ်။ အခု သူအလုပ်လုပ်ရင်းရတဲ့ ပိုက်ဆံတွေနဲ့ သူချစ်တဲ့ဘဘအတွက် လှူတာလို့ ပြောပါတယ်။

ဇူလိုင် ၁၁ရက်နေ့မှာ ကွယ်လွန်တာ ၇နှစ်ပြည့်မယ့် ဒွေးအတွက် သံဃာတော် ၁၇၅ပါးကို နေ့ဆွမ်းဆပ်ကပ် ခဲ့ပြီး ဆေး၊ ဝတ္တုနဲ့ သင်္ကန်းကိုလည်း ကျန်ရစ်သူမိသားစုက ကပ်လှူခဲ့ကြပါတယ်။ သားရဲ့ကိုယ်ပိုင်ငွေနဲ့ ကိုသားကြီး အတွက် အခုလို လှူဒါန်းတာကို ဝမ်းသာပီတဖြစ်ရသူက မမိုးမိုးပါ။ ကျေးဇူးရှင်ကို ကျေးဇူးဆပ်ခွင့် ရတာကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ကိုသားကြီးဟာ သူ့အတွက် ဘုရားပါလို့ ပြောလာသူက သရုပ်ဆောင် ဇွဲနိုင်ဝင်းပါ။ လူတိုင်းကို သူဟာ မင်းသားပဲ ဆိုတဲ့ မာန်မရှိဘဲ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းတတ်သူ ဒွေးရဲ့ ဇာတ်ကားတွေကို ဘယ်အျခိန်ကြည့်ကြည့် သူ့ကိုမမေ့နိုင်ကြဘူးလို့ ပြောပါတယ်။

ကွယ်လွန်ခဲ့တာ ၇နှစ်ပြည့်ခဲ့ပေမယ့် သူ့အတွက်တော့ မနေ့တစ်နေ့ကလိုပါပဲလို့ သားညီက ပြောပါတယ်။ ၁၁ရက်နေ့ မှာ အဖြစ်ဆိုးကြုံရမယ်ဆိုတာ မသိခဲ့ဘူး၊ ပျော်စရာနဲ့ ဝမ်းနည်းစရာက တစ်ရက်ပဲခြားခဲ့တာကို ဘယ်လိုမှ မယုံနိုင်သေးဘူးလို့ ပြောပါတယ်။

Kamatyut Media 

http://www.youtube.com/watch?v=Ad2YlEW7ZNg

No comments:

Post a Comment