Saturday 21 June 2014

ဆွစ်ဇာလန်ကို ဂိုးပြတ်အနိုင်ယူပြီး ခြေစွမ်းပြခဲ့တဲ့ ပြင်သစ်

ကမ္ဘာ့ဖလားချန်ပီယံဟောင်းပြင်သစ်အသင်း ဆွစ်ဇာလန်အသင်းကို (၅-၂)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး အုပ်စုအဆင့်မှတက်ရန် သေချာသလောက်ရှိသွားခဲ့ပြီဖြစ်သည်။
ယခုပွဲတွင် ဆွစ်ဇာလန်အသင်းမှာ ခံစစ်ပိုင်းနှင့်ဂိုးသမား၏ အမှားတချို့ကြောင့် ပြင်သစ်အသင်းကို(၅)ဂိုးအထိပေးခဲ့ရသော်လည်း ခြေစစ်ပွဲ ပိုင်းတွင်မူ အပြန်အလှန်ထိုးဖောက်ကစားနိုင်ခဲ့သည်။ ပြင်သစ်အသင်းအတွက်အဖွင့်ဂိုးကို ပထမပိုင်း(၁၇)မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဗယ်လ်ဘူနာ ကန်တင်ပေးခဲ့သည့် ဘောလုံးအား တိုက်စစ်မှူးဂျီရော့က ခေါင်းတိုက်သွင်းယူခဲ့ပြီး တစ်မိနစ်အကြာမှာပင် ဆွစ်ဇာလန် ကွင်းလယ်လူဘဟာမီ၏ လူပေးမှားမှုမှတစ်ဆင့် ကွင်းလယ်လူ မာတွီဒီက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ (၂)ဂိုးဆက် ပေးခဲ့ရသဖြင့် ဆွစ်ဇာလန် ကစားကွက်ပျက်သွားခဲ့သလို လူစားဝင်လာသည့် နောက်ခံလူဆန်းဒရို့စ်မှာလည်း အမှားများခဲ့သဖြင့် ပြင်သစ်အသင်းကို ဂိုးများထပ်မံပေးခဲ့ရသည်။ ပြင်သစ်အသင်းအတွက် တတိယဂိုးအား ခြေစွမ်းပြနေသည့်တိုက်စစ်မှူးဂျီရော့ ဘယ်ဘက်ခြမ်းမှ ဖြတ်တင်ပေးလိုက်သည့်ဘောလုံးအား ဗယ်လ်ဘူနာက ပိတ်သွင်းယူခဲ့သည်။ ပြင်သစ်အသင်းအတွက် စတုတ္ထမြောက်ဂိုးအား လူစားဝင် လာသည့် ကွင်းလယ်လူပေါ့ဘာ၏ ဖန်တီးပေးမှုမှတစ်ဆင့်ဘန်ဇီမာကသွင်းယူခဲ့ ပြီး ယင်းဂိုးမှာ ဘန်ဇီမာအတွက် (၃)ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ခဲ့သည်။ ဘန်ဇီမာအနေဖြင့် ပထမပိုင်းတွင်ရရှိခဲ့သည့် ပယ်နယ်တီပြစ်ဒဏ်ဘောကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသော်လည်း အသင်းအတွက်အနိုင်ဂိုးတစ်ဂိုးသွင်း ယူပေးခဲ့သလို၊ ပဉ္စမမြောက်ဂိုးအား ဆစ်ဆိုကိုသွင်းယူနိုင်စေရန် ဖန်တီးပေးခဲ့သည်။ ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုးများကို ဒီဇီမယ်လီနှင့် ဇာခါတို့က ပွဲချိန်(၈၁)နှင့် (၈၇)မိနစ်တွင် အသီးသီးသွင်းယူပေးခဲ့သည်။ ပွဲပြီးချိန်တွင် ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာ တစ်ဂိုးသွင်းယူခဲ့သော်လည်း ဒိုင်လူကြီး ပွဲသိမ်းခရာမှုတ်ထားပြီးဖြစ်ရာ (၅-၂)ဂိုးဖြင့်သာ ပွဲပြီးခဲ့ရ ခြင်းဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment