Saturday 7 June 2014

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲ ရှိမည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်း ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲ ရှိမည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။

ဇွန် ၆ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များထဲမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဝေလင်းက ပြန်လည်ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦးက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောင်းလဲမည်၊ လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရာထူးမှ အနားယူမည် စသည်ဖြင့် သတင်းများ ထွက်ပေါ်နေကြောင်း၊ ၎င်းသတင်းများ မှန်ကန်မှုရှိ၊ မရှိဖြေကြားပေးပါရန် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုအခါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက “မရှိပါဘူး။ ခင်ဗျားတို့ ဘယ်ကသတင်းတွေ ကြားနေကြလဲ မသိဘူး။ မဟုတ်ဘူး။ အဲဒါတွေလုံးဝ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြား ပေးခဲ့သည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရာထူးအပြောင်းအလဲ ရှိနိုင်သည်ဆိုသည့် သတင်းကိုလည်း မသိရှိကြောင်းနှင့် တကယ်ဟုတ်မဟုတ် ဆိုသည်မှာ ကာယကံရှင်များသာ သိနိုင်မည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။

ထို့ပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကလည်း ဦးမင်းအောင်လှိုင်၏ အသက်သည် (၆၀)မပြည့်သေးသဖြင့် မဖြစ်နိုင်ကြောင်း၊ နောက်နှစ်မှ (၆၀) ပြည့်မည်ဟု ခန့်မှန်းရကြောင်း၊ သူ့အနေဖြင့် professional soldier type သာသွားမည်ဟု ထင်မြင်မိကြောင်း၊ အမည်စာရင်းပေးပြီး ဒုတိယသမ္မတ လမ်းကြောင်းဝင်လာမည်ဟု မထင်ကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment