Saturday 22 February 2014

ဆိုမာလီ သမ္မတကို လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၁၁ ဦး သေဆုံး


ဆိုမာလီနိုင်ငံက စစ်သွေးကြွတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သမ္မတအိမ်တော်ကို ချိုးဖျက်ဝင်ရောက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးစားမှုမှာ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

လုံခြုံရေး အဆီးအတားတွေ အထပ်ထပ်ချထားတဲ့ သမ္မတအိမ်တော်ကို ကားဗုံးခွဲဝင်ရောက်ခဲ့ပြီး သမ္မတ ၀တ်ပြုတဲ့ ဗလီနားအထိ ရောက်ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ သမတကထိခိုက်မှုမရှိပဲ လွတ်မြောက်ခဲ့ ပါတယ်။

ဆိုမာလီလုံခြုံရေးဝန်ကြီးရဲ့ အဆိုအရ စစ်သွေးကြွ ၉ ဦးလုံးကို နေရာမှာတင် အာဖရိကလုံခြုံရေး တပ် ဖွဲ့တွေ က ပစ်သတ်ခဲ့တယ်လို့ ဆိုပေမယ့် အမည်မဖော်လိုတဲ့ အာဏာပိုင်တဦးကတော့ ၀န်ကြီးချုပ်ရုံး ၀န်ကြီး နဲ့ ယခင်ထောက်လှမ်းရေးမှူးချုပ်လည်း စစ်သွေးကြွ ၆ ယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ ဆို ပါတယ်။

၂၀၁၁ ခုနှစ်မှာ မိုကာဒီရှု မြို့ကနေ အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့ မောင်းထုတ်ခံခဲ့ရတဲ့ စစ်သွေးကြွတွေဟာ ဒီရက်သတ္တပတ်တွေအတွင်း မြို့တော်ကို အသေခံတိုက်ခိုက်မှုတွေ ပြုလုပ်လာတာလည်း ဖြစ်ပြီး ဆိုမာလီ အစိုးရ ဟာ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတည်ငြိမ်ရေး ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိဘူးဆိုတာ ကို ပြသ ရာရောက်နေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment